China
ဝမ်ရိနှင့် တာ့ခ်မင်နစ္စတန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Rashid Meredov ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

ပေကျင်း၊ မေ ၂၇ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တာ့ခ်မင်နစ္စတန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Rashid Meredov တို့သည် မေ ၂၆ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြသည်။
ထိုသို့ဆက်သွယ်ရာတွင် ဝမ်ရိက တရုတ်-တာ့ခ်မင်နစ္စတန်တို့သည် အဆင့်မြင့်အလွှာ သွားလာဆက်ဆံမှုကို ထိန်းသိမ်းထားပြီး နှစ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာ လမ်းညွှန်မှု ပေးခဲ့ကြောင်း၊ တာဝန်သိမှုရှိသည့် နိုင်ငံကြီးအနေဖြင့် တရုတ်နိုင်ငံသည် နိုင်ငံကြီးငယ်မရွေး တန်းတူညီမျှ ဖြစ်သည်ဟူသော အခြေခံမူကို အမြဲတစေအရင်းခံကာ နိုင်ငံအသီးသီးနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် တာ့ခ်မင်နစ္စတန်အပေါ်မူဝါဒ စဉ်ဆက်မပြတ်ရှိမှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားကြောင်း၊ မိမိတို့အနေဖြင့် တရုတ်-တာ့ခ်မင်နစ္စတန် အစဉ်အလာချစ်ကြည်ရေးကို တန်ဖိုးထားကာ မဟာဗျူဟာအမြင့်နှင့် ရေရှည်ရှုထောင့်မှ တရုတ်-တာ့ခ်မင်နစ္စတန် ဆက်ဆံရေးကို အမြဲတစေ ရှုမြင်လျက်ရှိကြောင်း၊ ဆက်လက်ပြီး တာ့ခ်မင်နစ္စတန်နှင့်အတူ အဓိကအကျိုးစီးပွားနှင့် စပ်လျဉ်းသည့် အရေးကိစ္စများတွင် ခိုင်မာစွာ အပြန်အလှန် ထောက်ခံအားပေးသွားကာ သဘာဝဓာတ်ငွေ့အပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို တက်တက်ကြွကြွ တွန်းအားပေး၍ အပြန်အလှန်၏ ကျိုးကြောင်းဆီလျော်သော တောင်းဆိုချက်များကို ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း၊ ပိုမိုများပြားသည့် အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု နမူနာများကို ဖန်တီးကာ တာ့ခ်မင်နစ္စတန်က စီးပွားရေး အမျိုးအစားစုံလင်မှုကို ဆောလျင်စွာ ဖော်ဆောင်ရေးအတွက် ကူညီပေး၍ ကိုယ်စီ၏ ခေတ်မီအသွင်ပြောင်းမှု လုပ်ငန်းစဉ် တွန်းအားပေးရေးအတွက် ကူညီပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် တာ့ခ်မင်နစ္စတန်က နိုင်ငံတကာနှင့် ဒေသတွင်းအရေးကိစ္စများတွင် ပိုမိုကြီးမားသည့် အခန်းကဏ္ဍမှပါဝင်မှုအား တွေ့မြင်လိုကြောင်း၊ တာ့ခ်မင်နစ္စတန်က အဆိုပြုသည့် နိုင်ငံတကာအဆိုပြုချက်ကို ထောက်ခံအားပေးကြောင်း၊ တာ့ခ်မင်နစ္စတန်နှင့်အတူ ချိတ်ဆက်ညှိနှိုင်းမှုများ တိုးမြှင့်ကာ ဒုတိယအကြိမ်မြောက် တရုတ်-ဗဟိုအာရှ ထိပ်သီးအစည်းအဝေးတွင် အပြုသဘောဆောင်သောရလဒ်များ ရရှိရေးအတွက် အတူလက်တွဲတွန်းအားပေးကာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက် စည်ပင်ဝပြောမှုအတွက် ပိုမိုကြီးမားသော အကျိုးထမ်းဆောင်သွားလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
Rashid Meredov က တာ့ခ်မင်နစ္စတန်-တရုတ် ချစ်ကြည်ရင်းနှီးမှုသည် သမိုင်းကြောင်း ကြာရှည်လှကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာလမ်းညွှန်မှု အကျိုးကြောင့် တာ့ခ်မင်နစ္စတန်-တရုတ်သည် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်ခဲ့ပြီး ဘက်စုံပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
တာ့ခ်မင်နစ္စတန်အနေဖြင့် တရုတ်နိုင်ငံကို ယုံကြည်အားထားထိုက်သော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်အဖြစ် ရှုမြင်ကာ တရုတ်နိုင်ငံအပေါ် ချစ်ကြည်ရေးအား ခိုင်မြဲစွာ ကြိုးပမ်းဖော်ဆောင်လျက်ရှိကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသဘောတူညီချက်အား အတူတကွ ဖော်ဆောင်လိုပြီး အဆင့်မြင့်အလွှာ ကူးလူးဆက်ဆံမှုကို နီးကပ်စွာ လုပ်ဆောင်သွားလိုကြောင်း၊ ကုန်သွယ်စီးပွား ရင်းနှီးမြှုပ်နှံမှု စသည့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့သွားလိုပြီး သဘာဝဓာတ်ငွေ့ ကုန်သွယ်ရေး Flagship စီမံကိန်း တွန်းအားပေးဖော်ဆောင်ရန် ဆွေးနွေးသွားလိုကြောင်း၊ တရုတ်နိုင်ငံက အဆိုပြုသည့် အရေးကြီးသည့် ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်များကို တာ့ခ်မင်နစ္စတန်က ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နိုင်ငံစုံရေးရာကဏ္ဍများတွင် ဆွေးနွေးညှိနှိုင်းမှုကို ဆက်လက်လုပ်ဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————–
(Chinese Version)
王毅同土库曼斯坦副总理兼外长梅列多夫通电话
新华社北京5月26日电 5月26日,中共中央政治局委员、外交部长王毅同土库曼斯坦副总理兼外长梅列多夫通电话。
王毅说,中土保持高层交往,为双边关系发展提供了战略指引。作为负责任大国,中国一贯本着大小国家一律平等原则,同各国发展友好关系。中方对土政策保持着连续性和稳定性,我们珍视中土传统友谊,始终从战略高度和长远角度看待中土关系,愿继续同土方在涉及核心利益问题上坚定相互支持,积极推进包括天然气在内的各领域合作,照顾彼此合理需求,打造更多互利合作的样板,帮助土方加快实现经济多元化,为推进各自现代化进程提供助力。
王毅表示,中方乐见土方在国际和地区事务中发挥更大作用,支持土方提出的国际倡议,愿同土方加强沟通协调,携手推动第二届中国-中亚峰会取得积极成果,为地区和平稳定和发展繁荣作出更大贡献。
梅列多夫表示,土中友好历史悠久。得益于两国元首的战略指引,土中建立了全面战略伙伴关系,开展了全方位合作。土方视中方为可靠的合作伙伴,坚定致力于对华友好,愿共同落实好两国元首重要共识,密切高层往来,拓展经贸投资等各领域合作,商谈推进天然气贸易旗舰项目。土方支持中方提出的系列重要全球倡议,愿继续同中方保持多边事务协调。(完)