China
တရုတ်နိုင်ငံ အနောက်ပိုင်း နိုင်ငံတကာ ကုန်စည်ပြပွဲသည် တရုတ်နိုင်ငံ အနောက်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုကိုပြသသော “ရွှေရောင်အမည်ကတ်” ဖြစ်လာဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ)
၂၀ ကြိမ်မြောက် တရုတ်နိုင်ငံ အနောက်ပိုင်း နိုင်ငံတကာ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ချိန်တူးမြို့၌ ကျင်းပလျက်ရှိပြီး သမ္မတ ရှီကျင့်ဖိန်သည် ရှေ့ရက်ပိုင်းက အဆိုပါပြပွဲသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။ တရုတ်နိုင်ငံ အနောက်ပိုင်း နိုင်ငံတကာ ကုန်စည်ပြပွဲသည် တရုတ်နိုင်ငံ အနောက်ပိုင်းဒေသ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပြည်ပသို့ တံခါးဖွင့်မှုအား မြှင့်တင်ရေးအတွက် အရေးပါသော ပြတင်းပေါက်အဖြစ် ထမ်းဆောင်ခဲ့ကာ တရုတ်နိုင်ငံ အနောက်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုအား ပြသသော “ရွှေရောင်အမည်ကတ်” ဖြစ်လာကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က မေ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ယခုအကြိမ် တရုတ်နိုင်ငံ အနောက်ပိုင်း နိုင်ငံတကာ ကုန်စည်ပြပွဲသည် “ပြုပြင်ပြောင်းလဲမှုကို နက်ရှိုင်းစွာလုပ်ဆောင်၍ စွမ်းအားမြှင့်တင်ကာ တံခါးဖွင့်မှု တိုးချဲ့ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ခြင်း” ခေါင်းစဉ်ဖြင့် တစ်ကမ္ဘာလုံး နိုင်ငံနှင့်ဒေသပေါင်း ၆၀ ကျော်မှ လုပ်ငန်းကုမ္ပဏီပေါင်း ၃,၀၀၀ ကျော် ပါဝင်ပြသရန် ဆွဲဆောင်နိုင်ခဲ့ကြောင်း၊ ပြပွဲတက်ရောက်လာသည့် နိုင်ငံခြား ဧည့်သည်တော်များက တရုတ်နိုင်ငံ အနောက်ပိုင်း နိုင်ငံတကာ ကုန်စည်ပြပွဲမှတစ်ဆင့် တရုတ်နိုင်ငံ အပါအဝင် နိုင်ငံ၊ ဒေသအသီးသီးနှင့် ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ကာ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ဘုံအကျိုးစီးပွား ဖော်ဆောင်မှုကို အကောင်အထည်ဖော်ရန် မျှော်လင့်သည်ဟု ပြောကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံ အနောက်ပိုင်း နိုင်ငံတကာ ကုန်စည်ပြပွဲတွင် တရုတ်နိုင်ငံ၏ ပြည်ပသို့ တံခါးဖွင့်လှစ်မှု အခန်းကဏ္ဍကို တရုတ်ဘက်က မည်ကဲ့သို့ ရှုမြင်ပါသနည်းဟု သတင်းထောက်က ထိုနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့သည်။
ထိုမေးမြန်းချက်အပေါ် မော်နင်က ယခုနှစ်သည် တရုတ်နိုင်ငံ အနောက်ပိုင်း နိုင်ငံတကာ ကုန်စည်ပြပွဲ ထူထောင်သည့် ၂၅ နှစ်ပြည့်ဖြစ်သလို တရုတ်နိုင်ငံက အနောက်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ ဖော်ဆောင်သည့် ၂၅ နှစ်ပြည့်လည်းဖြစ်ကြောင်း၊ ၂၅ နှစ်တာ ကာလအတွင်း အထူးသဖြင့် ခေတ်သစ်ကာလမှစ၍ တရုတ်နိုင်ငံက ပြည်ပသို့ တံခါးဖွင့်လှစ်မှု ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ အနောက်ပိုင်းဒေသသည်လည်း တံခါးဖွင့်လှစ်မှု၏ “နောက်တန်း” မှ “ရှေ့တန်း” အဖြစ် ပြောင်းလဲလာကြောင်း၊ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု အားအင်သစ်များလည်း အဆက်မပြတ် ပေါ်ထွက်လာပြီး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု အသွင်သစ်များကို ဘက်စုံ ပေါ်ထွက်လာကြောင်း၊ ထိုဖြစ်စဉ်အတွင်း တရုတ်နိုင်ငံ အနောက်ပိုင်း နိုင်ငံတကာ ကုန်စည်ပြပွဲသည် တရုတ်နိုင်ငံ အနောက်ပိုင်းဒေသ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပြည်ပသို့ တံခါးဖွင့်မှုအား မြှင့်တင်ရေးအတွက် အရေးပါသော ပြတင်းပေါက်အဖြစ် ထမ်းဆောင်ခဲ့ကာ တရုတ်နိုင်ငံ အနောက်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုအား ပြသသော “ရွှေရောင်အမည်ကတ်” ဖြစ်လာကြောင်း ပြောကြားခဲ့သည်။
“သမ္မတ ရှီကျင့်ဖိန်က ဂုဏ်ပြုသဝဏ်လွှာထဲမှာ ထောက်ပြထားသလိုပါပဲ၊ စည်းလုံးညီညွတ်မှသာ ဘုံအကျိုး ဖြစ်ထွန်းနိုင်ပြီး အတူလက်တွဲမှသာ အတူတကွတိုးတက်နိုင်မှာဖြစ်ပါတယ်” ၊ “ကျွန်မတို့က ယခုအကြိမ်ပြပွဲ အခွင့်အခါကြုံခိုက် နိုင်ငံအသီးသီးမှ မိတ်ဆွေများနဲ့အတူ နားလည်သိရှိမှု တိုးမြှင့်ရေး၊ ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေး၊ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးတို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ နိုင်ငံစုံ ကုန်သွယ်ရေးစနစ်နဲ့ ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းကွင်းဆက်နဲ့ ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ် အဆင်ပြေချောမွေ့မှုကို အတူတကွ ကာကွယ်ထိန်းသိမ်းကာ ကမ္ဘာ့စီးပွားရေး စည်ပင်ဝပြော ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးအတွက် အားအင်သစ် ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။ (Xinhua)
————————————————————————————–
(Chinese Version)
外交部:西博会成为展示中国西部发展的“金色名片”
新华社北京5月27日电(记者邵艺博、马卓言)第二十届中国西部国际博览会正在四川省成都市举行,习近平主席日前致贺信。外交部发言人毛宁27日表示,西博会为促进西部地区贸易投资、对外开放发挥了重要窗口作用,成为展示中国西部发展的“金色名片”。
当日例行记者会上,有记者问:本届西博会以“深化改革增动能 扩大开放促发展”为主题,吸引全球超60个国家和地区3000余家企业参展。与会外国嘉宾表示,希望通过西博会同包括中国在内的各个国家和地区加强交流合作,实现互利共赢。中方如何看待西博会在中国对外开放中的作用?
毛宁表示,今年是西博会创立25周年,也是中国实施西部大开发战略25周年。25年来,特别是新时代以来,随着中国对外开放的大门越开越大,西部地区从开放的“后卫”变成“前锋”,科技创新新活力不断迸发,绿色发展新气象全面展现。在这一过程中,西博会为促进西部地区贸易投资、对外开放发挥了重要窗口作用,成为展示中国西部发展的“金色名片”。
“正如习近平主席在贺信中指出,团结才能共赢,携手方可共进。”毛宁说,“我们愿以这次博览会为契机,同各国朋友进一步加深了解、增进友谊、深化合作,共同维护多边贸易体制和全球产业链供应链稳定畅通,为促进世界经济繁荣发展注入新动力。”(完)