Connect with us

Asia

“တရုတ်နိုင်ငံက ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေပါ” – မလေးရှားနိုင်ငံ စိုက်ပျိုးရေးနှင့် ကုန်စည်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး Chan Foong Hin နှင့် တွေ့ဆုံမေးမြန်းမှု

မလေးရှားနိုင်ငံ စိုက်ပျိုးရေးနှင့် ကုန်စည်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး Chan Foong Hin က မလေးရှားနိုင်ငံ ပူဒရာဂျာရာမြို့၌ ဆင်ဟွာသတင်းထောက် သီးသန့်တွေ့ဆုံမေးမြန်းမှုအား ဖြေကြားနေသည်ကို ၂၀၂၅ ခုနှစ် မတ် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချုံချင့်၊ မေ ၂၉ ရက် (ဆင်ဟွာ)
လက်ရှိ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒက စိန်ခေါ်မှုနှင့် ရင်ဆိုင်ရသည့် နိုင်ငံတကာ ပတ်ဝန်းကျင်တွင် တရုတ်နိုင်ငံသည် ယုံကြည်စိတ်ချရသည့် မိတ်ဆွေ၊ မလေးရှားနိုင်ငံ၏ အရေးကြီးဆုံး စီးပွားရေးနှင့် မဟာဗျူဟာမြောက် မိတ်ဖက်များအနက် တစ်နိုင်ငံဖြစ်ကြောင်း မလေးရှားနိုင်ငံ စိုက်ပျိုးရေးနှင့် ကုန်စည်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး Chan Foong Hin သည် မကြာသေးမီက တရုတ်နိုင်ငံ ချုံချင့်မြို့၌ ဆင်ဟွာသတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက တံခါးဖွင့် ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွား ဖော်ဆောင်မှုကို လက်ကိုင်ထားပြီး အာဆီယံနိုင်ငံများအတွက် တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းနှင့် ကျယ်ပြောသော ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်း‌ ပံ့ပိုးပေးလိုက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သတ္တမအကြိမ်မြောက် တရုတ်နိုင်ငံ အနောက်ပိုင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးပြပွဲကို မေ ၂၂ ရက်မှ ၂၅ ရက်အထိ တရုတ်နိုင်ငံ ချုံချင့်မြို့၌ ကျင်းပခဲ့သည်။ တရုတ်နိုင်ငံသည် မလေးရှားနိုင်ငံ စားအုန်းဆီထုတ်ကုန်များ၏ ဒုတိယအကြီးဆုံး ပို့ကုန်ဈေးကွက်ဖြစ်ပြီး မလေးရှား ဆီထုတ်ကုန်များကို တရုတ်နိုင်ငံ အနောက်ပိုင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးပြပွဲ၌ နှစ်ပေါင်းများစွာဆက်တိုက် ပါဝင်ပြသခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“မလေးရှား-တရုတ် ဆက်ဆံရေးက ‘ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ’ ရှိကြတယ်၊ ပူးပေါင်းဆောင်ရွက်မှုကြာလေ ပိုပြီးရင်းနှီးလာလေ ပါပဲ” ၊ ၁၉၇၄ ခုနှစ်တွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့်အချိန်မှစ၍ မလေးရှား-တရုတ်ဆက်ဆံရေးသည် စဉ်ဆက်မပြတ် နက်ရှိုင်းလာကြောင်း၊ တရုတ်နိုင်ငံသည် မလေးရှားနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်အဖြစ် ၁၆ နှစ်ဆက်တိုက် ရပ်တည်ခဲ့ကြောင်း Chan Foong Hin က ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်တွင် နှစ်ဖက်ကုန်သွယ်ရေးပမာဏသည် ကန်ဒေါ်လာ ၂၁၂ ဘီလီယံ ရှိပြီး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်စဉ်ကထက် အဆတစ်ထောင်နီးပါး တိုးတက်လာကြောင်း၊ ၎င်းအနက် စားအုန်းဆီနှင့် သက်ဆိုင်ရာကုန်ပစ္စည်းများ တင်ပို့မှုသည် မလေးရှားမှ တရုတ်နိုင်ငံသို့ ပို့ကုန်ပမာဏ၏ တစ်ဝက်နှင့်အထက် ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

လတ်လောနှစ်ပိုင်းတွင် တရုတ်-မလေးရှား နှစ်နိုင်ငံက ကဏ္ဍများစွာတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ရာ Chan Foong Hin က နှစ်ဖက်အနေဖြင့် ခေတ်မီစိုက်ပျိုးရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှု အနာဂတ်အလားအလာကို အထူးဂရုပြုပေသည်။

“တရုတ်နိုင်ငံ စိုက်ပျိုးရေးရဲ့ စမတ်အသွင်ပြောင်း စိုက်ပျိုးမှု၊ တိကျစွာ စီမံခန့်ခွဲမှု၊ ထောက်ပံ့ရေးကွင်းဆက် ချိတ်ဆက်မှု ကဏ္ဍများမှာ လုပ်ဆောင်ချက်တွေက မလေးရှားနိုင်ငံ ဆီအုန်း စတဲ့ စိုက်ပျိုးသီးနှံထွက်ကုန် လုပ်ငန်းများအတွက် အဖိုးတန်တဲ့ မှီငြမ်းဖွယ်ရာတွေ ပံ့ပိုးပေးခဲ့ပါတယ်” ၊ မလေးရှားနိုင်ငံအနေဖြင့် နည်းပညာတင်သွင်းမှု၊ ဈေးကွက်တိုးချဲ့မှုနှင့် အမှတ်တံဆိပ် တည်ဆောက်မှု အပိုင်းများတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ စိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်းကွင်းဆက် ပိုမိုထိရောက်မှု၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန် မျှော်လင့်ကြောင်း Chan Foong Hin က ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံ အနောက်ပိုင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးပြပွဲကနေတစ်ဆင့် ကျွန်တော်က တရုတ်နိုင်ငံ အနောက်ပိုင်းဒေသရဲ့ လုပ်ငန်းခွန်အားနဲ့ ပြည်ပနဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် တက်ကြွမှုတွေ လျင်မြန်စွာ တိုးတက်နေတာကို ခံစားရတယ်” ဟု Chan Foong Hin က ပြောကြားခဲ့သည်။

ယခုအကြိမ် တရုတ်နိုင်ငံ ခရီးစဉ်အတွင်း Chan Foong Hin က ချုံချင့်၊ ချိန်တူး စသည့်မြို့များသို့ သွားရောက်ခဲ့ပြီး ပြည့်ဝသောရလဒ်များ ရရှိခဲ့သည်။ “တရုတ်နိုင်ငံကိုလာတိုင်းမှာ တရုတ်နိုင်ငံ အဆက်မပြတ် တိုးတက်နေတဲ့ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို တွေ့မြင်နိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

လတ်တလောနှစ်များတွင် ကုန်းရေနှစ်သွယ်လမ်းကြောင်းသစ်၏ ဖွံ့ဖြိုးတိုးတက်မှုသည် တရုတ်-မလေးရှားကြား ကုန်စည်စီးဆင်းမှုနှင့် ကုန်သွယ်ရေးအတွက် ပိုမိုထိရောက်မှုမြင့်မားသော၊ အဆင်ပြေသော လမ်းကြောင်းတစ်ခု တည်ဆောက်ပေးလိုက်ကြောင်း၊ ကုန်းရေနှစ်သွယ်လမ်းကြောင်းသစ်ကို အားထား၍ မလေးရှား စားအုန်းဆီများသည် တရုတ်နိုင်ငံ ကုန်းတွင်းပိုင်းဒေသသို့ ပိုမိုမြန်ဆန်စွာ ဝင်ရောက်သွားနိုင်ပြီး တရုတ်-မလေးရှား နှစ်ဖက်က ထောက်ပံ့ရေးကွင်းဆက်နှင့် ကုန်ချောထုတ်လုပ်ရေး လုပ်ငန်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို တစ်ဆင့်တိုး လှုံ့ဆော်ပေးခဲ့ကြောင်း Chan Foong Hin က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ စီးပွားရေး အနာဂတ်အလားအလာနှင့် စပ်လျဉ်း၍ Chan Foong Hin က ယုံကြည်မှု အပြည့်အဝပင်ဖြစ်ကာ “တရုတ်စီးပွားရေးက ဖော်ပြနေတဲ့ ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်နဲ့ ဆန်းသစ်တီထွင်မှုစွမ်းအားတွေ အထူးသဖြင့် ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင် အသွင်ကူးပြောင်းမှုနဲ့ ခေတ်မီစိုက်ပျိုးရေးကဏ္ဍမှာ ဖွံ့ဖြိုးတိုးတက်မှုက အများအာရုံစိုက်လောက်ပါတယ်” ဟု ပြောကြားခဲ့သည်။

အနာဂတ်ကိုမျှော်မှန်းရာတွင် Chan Foong Hin က မလေးရှားနိုင်ငံက ၂၀၂၅ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံအဖြစ် ထမ်းဆောင်စဉ်အတွင်း “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် အားလုံးပါဝင်လက်ခံနိုင်သော တိုးတက်မှု” ကို အဓိကထားကာ အာဆီယံနှင့် တရုတ်နိုင်ငံက အစိမ်းရောင်စိုက်ပျိုးရေး၊ စားအုန်းဆီ အသိအမှတ်ပြုမှု၊ ကာဗွန်လျှော့ချသည့် အမှတ်တံဆိပ် (Carbon Labelling) စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံက လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို တွန်းအားပေးပါတယ်။ မလေးရှားနိုင်ငံကလည်း စားအုန်းဆီ ပူးပေါင်းဆောင်ရွက်မှုကို ပေါင်းကူးတံတားအဖြစ် လုပ်ဆောင်ကာ ဒေသတွင်း အစိမ်းရောင်စီးပွားရေးကို အတူတကွ တွန်းအားပေးပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ကို ဖော်ဆောင်သွားမှာဖြစ်ပါတယ်” ဟု Chan Foong Hin က ပြောကြားခဲ့သည်။ (Xinhua)

————————
(Chinese Version)
专访:“中国是可靠的朋友”——访马来西亚种植及原产业部副部长陈泓缣
新华社重庆5月27日电 新华社记者李晓婷 雷明宇
马来西亚种植及原产业部副部长陈泓缣日前在重庆接受新华社记者专访时说,在当前多边主义面临挑战的国际环境下,中国是可靠的朋友,是马来西亚最重要的经济与战略伙伴之一。中国坚持开放合作、互利共赢,为东盟国家提供了稳定的发展路径与广阔的合作平台。
第七届中国西部国际投资贸易洽谈会(西洽会)22日至25日在重庆举行。中国是马来西亚棕榈油产品的第二大出口市场,马来西亚油脂产品已连续多年亮相西洽会。
“马中关系可以说是‘唇齿相依’,合作愈久愈密。”陈泓缣说,自1974年建交以来,马中关系持续深化,中国已连续16年成为马来西亚最大贸易伙伴。2024年双边贸易额达2120亿美元,比两国建交时增长近千倍,其中棕榈油及相关产品占马来西亚对华出口额的一半以上。
近年来,中马两国在多个领域展开深入合作,陈泓缣特别关注双方在现代农业领域的合作前景。“中国农业在智能化种植、精准管理、供应链整合方面的做法,为马来西亚油棕等农作物产业提供了宝贵参考。”陈泓缣说,马来西亚希望在技术引进、市场拓展和品牌建设方面加强与中国的合作,推动农业产业链更高效、绿色发展。
“通过西洽会,我感受到中国西部地区的产业活力与对外合作热情正快速上升。”此次访华,陈泓缣访问了重庆、成都等城市,收获颇丰。“每一次来都能见证中国不断进步的发展轨迹。”
陈泓缣说,近年来,陆海新通道的发展为中马之间的物流与贸易搭建了一条更加高效、便捷的通道。借助陆海新通道,马来西亚棕榈油可以更快进入中国内陆腹地,进一步激发了中马双方在供应链和加工业领域的合作潜力。
谈及中国经济前景,陈泓缣充满信心。“中国经济展现出持续韧性与创新活力,尤其在数字经济、绿色转型和现代农业领域的发展令人瞩目。”
展望未来,陈泓缣说,马来西亚在担任2025年东盟轮值主席国期间,将以“可持续与包容性增长”为主线,推动东盟与中国在绿色农业、棕榈油认证、碳标签等方面的合作。
“中国推动构建人类命运共同体,马来西亚也愿以棕榈油合作为桥梁,共同推动区域绿色经济,实现可持续发展目标。”陈泓缣说。(完)
图说:3月6日,马来西亚种植及原产业部副部长陈泓缣在普特拉贾亚接受新华社记者专访。新华社记者 程一恒 摄