Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရုတ်နိုင်ငံသို့ ပထမဆုံးအသုတ် သရက်သီးများ စတင်တင်ပို့

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရုတ်နိုင်ငံသို့ ပထမဆုံးအသုတ် သရက်သီးများ စတင်တင်ပို့ခြင်းအခမ်းအနား တက်ရောက်နေသော ဧည့်သည်တော်များကို ၂၀၂၅ ခုနှစ် မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ မေ ၂၉ ရက် (ဆင်ဟွာ)
မေ ၂၈ ရက် ညနေပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာမှ တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်ရှားမြို့သို့ လေယာဉ်ပျံတစ်စင်း ပျံသန်းခြင်းနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရုတ်နိုင်ငံသို့ ပထမဆုံးအသုတ် သရက်သီးများ စတင်တင်ပို့လိုက်ပြီဖြစ်ရာ တရုတ်-ဘင်္ဂလားဒေ့ရှ် စိုက်ပျိုးထွက်ကုန်များ ကုန်သွယ်ရေးသည်လည်း စာမျက်နှာသစ် ဖွင့်လှစ်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရုတ်နိုင်ငံသို့ ပထမဆုံးအသုတ် သရက်သီးများ စတင်တင်ပို့ခြင်းအခမ်းအနားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရောင်ဝန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စီးပွားရေးအကြံပေး Bashir Uddin ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Dr. Mohammad Emdad Ullah Mian၊ ပို့ကုန်မြှင့်တင်ရေးဦးစီးဌာန ဒုတိယဥက္ကဋ္ဌ၊ အမှုဆောင်အရာရှိချုပ် Md. Anwar Hossain နှင့် တရုတ်-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံမှ ပို့ကုန်သွင်းကုန် လုပ်ငန်းကုမ္ပဏီများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ တရုတ်လုပ်ငန်းကုမ္ပဏီ ကိုယ်စားလှယ်များ စသည်တို့ တက်ရောက်ခဲ့ကြသည်။

ရောင်ဝန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရုတ်နိုင်ငံသို့ ပထမဆုံးအသုတ် သရက်သီး တင်ပို့ခြင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီအစိုးရ ထိပ်တန်းအကြံပေး Muhammad Yunus တရုတ်နိုင်ငံ ခရီးစဉ်ရလဒ်များကို ဖော်ဆောင်ခြင်း၏ အသေးစိတ်အစီအမံဖြစ်ကာ တရုတ်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှု၏ အပြန်အလှန်အကျိုးဖြစ်ထွန်းကာ ဘုံအကျိုးစီးပွား ဖော်ဆောင်မှု အနှစ်သာရကို ပေါ်လွင်စေကြောင်း၊ အနာဂတ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပိုမိုများပြားသော အရည်အသွေးမြင့် စိုက်ပျိုးရေးထုတ်ကုန်များ တရုတ်နိုင်ငံ စူပါမားကတ် ကုန်ပစ္စည်းစင်များတွင် ပေါ်ထွက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Bashir Uddin စသည့် အခမ်းအနား တက်ရောက်လာသော ဘင်္ဂလားဒေ့ရှ်ဘက်မှ ဧည့်သည်တော်များက တရုတ်နိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သရက်သီးများ တရုတ်နိုင်ငံသို့ တင်ပို့ရန် ခွင့်ပြုမှုကို ကျေးဇူးတင်ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်-တရုတ် သွင်းကုန်၊ ပို့ကုန် ကုန်သည်များအပေါ် ဂုဏ်ပြုကြောင်း၊ ယခုအကြိမ် ဘင်္ဂလားဒေ့ရှ် သရက်သီးများအား တရုတ်နိုင်ငံသို့ အောင်မြင်စွာ တင်ပို့မှုသည် အနာဂတ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပိုမိုများပြားသော အရည်အသွေးမြင့် စိုက်ပျိုးရေးထုတ်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့မှုအတွက် အတွေ့အကြုံများ စုဆောင်းပေးခြင်းပင်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နှစ်ဖက် ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု လွတ်လပ်ရေး၊ အဆင်ပြေချောမွေ့ရေး အသွင်ပြောင်းမှု အဆင့်ကို အဆက်မပြတ်မြှင့်တင်ကာ နှစ်နိုင်ငံ ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှု ရလဒ်များဖြင့် နှစ်ဖက်ပြည်သူများကို ပိုမိုအကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မျှော်မှန်းသရက်သီးအထွက်နှုန်းမှာ တန်ချိန် ၂.၇ သန်းခန့်ဖြစ်ပြီး တန်ချိန် ၅,၀၀၀ ခန့် တင်ပို့ရန် စီစဉ်ထားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရအချက်အလက်များအရ သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်မြောက်ပိုင်းဒေသသည် အရည်အသွေးမြင့်၊ ဓာတုပစ္စည်း ထည့်သွင်းထားခြင်း မရှိသော သရက်များ အထွက်များသည်။ လတ်တလောနှစ်ပိုင်းတွင် တရုတ်နိုင်ငံ၏ အိတ်စွပ်နည်းပညာဖြင့် ဓာတုစိုက်ပျိုးရေးပိုးသတ်ဆေးများကို အစားထိုးသည့် ထိရောက်မှုရှိသော နည်းလမ်းသည် ဒေသတွင်း သရက်သီးစိုက်ပျိုးသူများကြားတွင် လူကြိုက်များလျက်ရှိသည်။ (Xinhua)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သော ပထမဆုံးအသုတ် သရက်သီးများကို ၂၀၂၅ ခုနှစ် မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သော ပထမဆုံးအသုတ် သရက်သီးများကို ၂၀၂၅ ခုနှစ် မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သော ပထမဆုံးအသုတ် သရက်သီးများကို ၂၀၂၅ ခုနှစ် မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————–
(Chinese Version)
首批孟加拉国输华芒果启程
新华社达卡5月28日电(记者孙楠 张玉洁)随着一架航班28日下午从孟加拉国首都达卡飞往中国湖南长沙,首批孟加拉国输华芒果正式启程,中孟农产品贸易开启新篇章。
中国驻孟加拉国大使姚文、孟商务顾问巴希尔、农业部常秘米安、出口促进局副主席兼首席执行官安瓦尔,以及中孟两国进出口企业、在孟中资企业代表等参加首批孟加拉国输华芒果启程仪式。
姚文表示,首批孟芒果对华出口是落实孟加拉国临时政府首席顾问尤努斯访华成果的具体举措,体现了中孟经贸合作互利共赢的本质。未来将有越来越多的孟优质农产品登上中国超市的货架。
巴希尔等出席仪式的孟方嘉宾感谢中方批准孟鲜食芒果输华,对孟中进出口商表示祝贺,表示此次孟芒果成功输华将为今后更多孟优质农产品对华出口积累经验。孟方愿与中方一道,不断提升双边贸易投资自由化便利化水平,使两国经贸合作成果更多惠及双方人民。
孟加拉国官方数据显示,2025年孟加拉国芒果产量预计约270万吨,计划出口约5000吨。孟加拉国西北部地区盛产高质量、无化学添加的芒果。近年来,中国套袋技术作为替代化学农药的有效方式,在当地芒果种植者中受到欢迎。(完)
1. 5月28日,在孟加拉国首都达卡,嘉宾出席首批孟加拉国输华芒果启程仪式。新华社发(哈比卜·拉赫曼摄)
2-4. 这是5月28日在孟加拉国首都达卡拍摄的首批孟加拉国出口中国鲜食芒果。华社发(哈比卜·拉赫曼摄)