Connect with us

International Organizations

ရုရှား-ယူကရိန်း ပဋိပက္ခ ဖြစ်ပွားသည့် ကာယကံရှင်များက ငြိမ်းချမ်းရေးဆွေးနွေးမှု အလားအလာကို ထိန်းသိမ်းထားရန် တရုတ်နိုင်ငံ ကိုယ်စားလှယ် တိုက်တွန်း

ပြန်လွတ်လာသော ယူကရိန်းဘက်မှ လူပုဂ္ဂိုလ်များက ဘတ်စ်ကားဖြင့် ယူကရိန်းနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာသည်ကို ၂၀၂၅ ခုနှစ် မေ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ မေ ၃၀ ရက် (ဆင်ဟွာ)
ရုရှား-ယူကရိန်း ပဋိပက္ခ ဖြစ်ပွားသည့် ကာယကံရှင်များက ငြိမ်းချမ်းရေးဆွေးနွေးမှု အလားအလာကို ထိန်းသိမ်းထားရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ကိန်းစွမ်က မေ ၂၉ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ယူကရိန်းအရေးစိစစ်ဆွေးနွေးပွဲတွင် အမှာစကားပြောကြားရာ၌ တိုက်တွန်းခဲ့သည်။

လတ်တလောကာလအတွင်း ရုရှား-ယူကရိန်း နှစ်ဖက်သည် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ တိုက်ရိုက်ဆွေးနွေးမှု လုပ်ဆောင်ခဲ့ရာ စစ်သုံ့ပန်းများ လဲလှယ်မှုအရေးနှင့်စပ်လျဉ်း၍ သဘောတူညီချက် ရရှိခဲ့သည်ဟု ကိန်းစွမ်က ပြောကြားခဲ့သည်။

လက်ရှိတွင် ရုရှား-ယူကရိန်းသည် ဒုတိယအကြိမ် တိုက်ရိုက်ဆွေးနွေးမှု လုပ်ဆောင်တော့မည်ဖြစ်ကြောင်း၊ အဆိုပါ အပြုသဘောဆောင်သော တိုးတက်မှုများအပေါ် တရုတ်နိုင်ငံက ကြိုဆိုပါကြောင်း၊ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုအားလုံးကို ထောက်ခံအားပေးကြောင်း၊ တစ်ချိန်တည်းတွင် စစ်ပွဲသည် ရပ်တန့်သွားမည့် အရိပ်အယောင်မရှိကြောင်း၊ အရပ်သားပြည်သူများ သေဆုံးဒဏ်ရာရမှု လူဦးရေသည် အဆက်မပြတ် တိုးပွားလာနေကြောင်း၊ ယင်းမှာ ယူကရိန်းအကျပ်အတည်းတွင် ပါဝင်သည့် ပဋိပက္ခမှာ ရှုပ်ထွေးလှပြီး အလွယ်တကူ လျင်မြန်စွာ ဖြေရှင်းနိုင်မည်မဟုတ်သည်ကို အပြည့်အဝဖော်ပြနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပဋိပက္ခဖြစ်ပွားသည့် ကာယကံရှင်များသည် နိုင်ငံရေးဆန္ဒဖော်ပြပြီး ငြိမ်းချမ်းရေးဆွေးနွေးမှု အလားအလာကို ထိန်းသိမ်းထားသင့်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုဖြင့် အကျပ်အတည်း၏ အရင်းခံပြဿနာအား ဖြေရှင်းပြီး တရားမျှတသော၊ ရေရှည်ဖြစ်သော၊ ထိန်းချုပ်နိုင်မှုစွမ်းအားရှိသည့်အပြင် ကာယကံရှင်အသီးသီးက လက်ခံနိုင်သည့် ငြိမ်းချမ်းရေးသဘောတူညီချက် တစ်ခုရရှိကာ နောက်ဆုံး နိုင်ငံရေးအရဖြေရှင်းမှု ဖော်ဆောင်ရမည်ဖြစ်ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။

ပဋိပက္ခဖြစ်ပွားသည့် ကာယကံရှင်များသည် နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေကို လက်တွေ့ကျကျ လိုက်နာသင့်ပြီး မည်သည့်အခြေအနေတွင်မဆို အရပ်သားပြည်သူနှင့် အရပ်ဘက်သုံး အခြေခံအဆောက်အဦများကို တိုက်ခိုက်ခြင်းအား ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် အပြုသဘောဆောင် အစီအမံများကို ကြိုးပမ်းလုပ်ဆောင်ခြင်းဖြင့် စစ်မြေပြင်အခြေအနေ ဆောလျင်စွာ အရှိန်လျော့လာရေးအား တွန်းအားပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်း အထူးသဖြင့် အကျိုးစီးပွားအရ ပတ်သက်သူများက ပိုမိုများပြားသည့် အပစ်အခတ်ရပ်စဲရေးနှင့် စစ်ပွဲရပ်တန့်ခြင်း၊ ငြိမ်းချမ်းရေးဆွေးနွေးရန် တွန်းအားပေးခြင်း အသံများ ထုတ်ဖော်ပြောကြားခြင်းဖြင့် အကျပ်အတည်းအား နိုင်ငံရေးအရ ဖြေရှင်းမှုအတွက် အကျိုးပြုသော အခြေအနေ ဖန်တီးရန် တွန်းအားပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက ယူကရိန်းအရေးကိစ္စတွင် ရပ်တည်ချက်သည် တစ်သတမတ်တည်းဖြစ်ကာ သေချာကြောင်း၊ အကျပ်အတည်း‌ ဖြစ်ပွားလာကတည်းက တရုတ်နိုင်ငံဘက်က တွေ့ဆုံဆွေးနွေးညှိနှိုင်းရန်၊ နိုင်ငံရေးအရ ဖြေရှင်းရန်အဆိုပြုခဲ့ကြောင်း၊ တရုတ်နိုင်ငံက ရုရှား၊ ယူကရိန်း နှစ်ဖက်လုံးနှင့်ညှိနှိုင်းဆွေးနွေးမှုကို ထိန်းသိမ်းထားပြီး ငြိမ်းချမ်းရေးဆွေးနွေးရန် အမြဲတစေ ကြိုးပမ်းလျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ စစ်မှန်သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်သွားလိုကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။ (Xinhua)

———————-
(Chinese Version)
中国代表呼吁俄乌冲突当事方保持和谈势头
新华社联合国5月29日电 中国常驻联合国副代表耿爽29日在安理会审议乌克兰问题时发言,呼吁俄乌冲突当事方保持和谈势头。
耿爽说,近期俄乌双方在土耳其伊斯坦布尔举行直接谈判,在换俘问题上达成共识。目前俄乌即将举行第二轮直接谈判。中方对这些积极进展表示欢迎,支持一切通向和平的努力。与此同时,战事没有停歇迹象,平民伤亡人数持续增加。这充分说明,乌克兰危机涉及的矛盾错综复杂,解决起来不可能一蹴而就。
耿爽表示,冲突当事方应该展现政治意愿,保持和谈势头,通过对话协商解决危机的根源性问题,达成一个公平、持久、有约束力并被各当事方所接受的和平协议,最终实现政治解决。冲突当事方应该切实遵守国际人道法,在任何情况下都避免袭击平民和民用基础设施。双方应共同努力采取积极举措,推动战场局势早日降温。国际社会特别是重要利益攸关方,应发出更多停火止战、劝和促谈的理性声音,为推动危机政治解决创造有利条件。
耿爽说,中方在乌克兰问题上的立场是一贯的、明确的。自危机爆发后,中方就主张对话谈判、政治解决。中国同俄乌双方均保持着沟通,一直致力于劝和促谈。中方愿继续同全球南方国家和国际社会一道,为实现真正的和平发挥建设性作用。(完)
图说:5月23日,被释放的乌方人员乘坐大巴返回乌克兰境内。新华社发(彼得·德鲁克摄)