China
စတုတ္ထအကြိမ်မြောက် ယဉ်ကျေးမှုဖလှယ်ရေးနှင့် အပြန်အလှန် လေ့လာသင်ယူရေး ဆွေးနွေးပွဲကို တရုတ်နိုင်ငံ သွန်းဟွမ်မြို့၌ ဖွင့်လှစ်

သွန်းဟွမ် (ကန်းစု)၊ မေ ၃၁ ရက် (ဆင်ဟွာ)
စတုတ္ထအကြိမ်မြောက် လူမှုယဉ်ကျေးမှု ဖလှယ်ရေးနှင့် အပြန်အလှန် လေ့လာသင်ယူရေး ဆွေးနွေးပွဲကို မေ ၃၀ ရက်တွင် တရုတ်နိုင်ငံ ကန်းစုပြည်နယ် သွန်းဟွမ်မြို့၌ ဖွင့်လှစ်ကျင်းပခဲ့သည်။ ယခုအကြိမ် ဆွေးနွေးပွဲကို တရုတ်နိုင်ငံ နိုင်ငံတကာ ကူးလူးဖလှယ်ရေးအသင်းနှင့် တရုတ်နိုင်ငံ ကန်းစုပြည်နယ် ပြည်သူ့အစိုးရတို့ အတူတကွ ကြီးမှူးကျင်းပခြင်းဖြစ်သည်။ ဆွေးနွေးပွဲသို့ နိုင်ငံအများအပြားမှ နိုင်ငံရေးပါတီ ပုဂ္ဂိုလ်များ၊ ကျွမ်းကျင်ပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တရုတ်နိုင်ငံ သက်ဆိုင်ရာဌာနမှ ကိုယ်စားလှယ်များ လူ ၄၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

စတုတ္ထအကြိမ်မြောက် လူမှုယဉ်ကျေးမှု ဖလှယ်ရေးနှင့် အပြန်အလှန် လေ့လာသင်ယူရေး ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားပြီးနောက် သွန်းဟွမ်အကြောင်းအရာ ပြခန်းပစ္စည်းများ စီနေသော ရှေးဟောင်းဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးကို မေ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
————————–
(Chinese Version)
第四届文明交流互鉴对话会在敦煌开幕
新华社照片,敦煌(甘肃),2025年5月30日
当日,第四届文明交流互鉴对话会在甘肃省敦煌市开幕。本次对话会由中国国际交流协会和甘肃省人民政府共同主办。来自多国的政党政要、专家学者、国际组织和非政府组织负责人以及中方相关部门代表约400人与会。
图说1:5月30日,在第四届文明交流互鉴对话会的开幕式上,演员进行敦煌石窟文化艺术主题表演。 新华社记者 张领 摄
图说2:5月30日,一名古装女子在第四届文明交流互鉴对话会的开幕式后整理敦煌文化主题展品。新华社记者 张领 摄