Asia
ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် ထိုင်းနိုင်ငံက “Sawasdee Nihao” စီမံကိန်းစတင်

ဘန်ကောက်၊ မေ ၃၁ ရက် (ဆင်ဟွာ)
တရုတ်-ထိုင်း သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ်အနေဖြင့် ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့က မေ ၂၉ ရက်တွင် ဘန်ကောက်မြို့၌ “Sawasdee Nihao” မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုံတန်က ထိုစီမံကိန်းသည် ထိုင်း-တရုတ် စဉ်ဆက်မပြတ် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု၏ စမှတ်အသစ် ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပေထုံတန်က အစီအစဉ်စတင်ခြင်းအခမ်းအနား၌ အမှာစကားပြောကြားရာတွင် ခရီးသွားလုပ်ငန်းသည် ထိုင်း-တရုတ် နှစ်နိုင်ငံအကြား နက်ရှိုင်းသောဆက်သွယ်ရေး တည်ဆောက်ရန်အတွက် အရေးပါ ပေါင်းကူးတံတားများအနက် တစ်ခုဖြစ်ကြောင်း၊ ယင်းသည် နှစ်နိုင်ငံအစိုးရက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအပေါ် ပံ့ပိုးအားပေးသည့် မူဝါဒ၏ အကျိုးဖြစ်ထွန်းမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။
“Sawasdee Nihao” စီမံကိန်းစတင်ခြင်းသည် ထိုင်း-တရုတ် နှစ်ဖက်၏ စဉ်ဆက်မပြတ် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု၏ စမှတ်အသစ်ဖြစ်ပြီး တရုတ်ခရီးသွားဧည့်သည်များအပါအဝင် တစ်ကမ္ဘာလုံးမှ ခရီးသွားဧည့်သည်များအတွက် ပျော်ရွှင်ဖွယ်ကောင်းသော၊ သက်သောင့်သက်သာရှိသော၊ ဘေးကင်းလုံခြုံသော ခရီးသွားလာမှု ခံစားချက် ပေးစွမ်းနိုင်မှုအား အာမခံပေးရန် ရည်ရွယ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါစီမံကိန်းတွင် ခရီးသွားလာရေး အခြေခံအဆောက်အဦ အဆင့်မြှင့်တင်မှု၊ ပြည်ဝင်မှု အဆင်ပြေလွယ်ကူရေး၊ ခရီးသွားလာရေး အမှတ်တံဆိပ် မိတ်ဆက်ပေးမှု စသည့် အကြောင်းအရာများ ပါဝင်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးအား တစ်ဆင့်တိုးခိုင်မြဲစေရန်၊ တရုတ်-ထိုင်း နှစ်ဖက်ခရီးသွားလာရေးအတွက် ရေရှည် ပူးပေါင်းဆောင်ရွက်မှုယန္တရား တည်ဆောက်ရန်၊ နှစ်နိုင်ငံခရီးသွားလာရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုအရည်အသွေးမြင့်စွာ တိုးတက်ရေးဆီသို့ တက်လှမ်းနိုင်မှုကို တွန်းအားပေးရန် ရည်ရွယ်ကြောင်း မိတ်ဆက်မှုများအရ သိရသည်။
မေ ၂၉ ရက်တွင် ကျင်းပသည့် စေ့စပ်ဆွေးနွေးပွဲသို့ တရုတ်ခရီးသွားကုမ္ပဏီ ၃၀၀ နှင့် ထိုင်းခရီးသွားကုမ္ပဏီ ၅၀၀ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံကိုယ်စားလှယ်များက ခရီးသွားလာရေး ပူးပေါင်းဆောင်ရွက်မှုကို မည်ကဲ့သို့ တစ်ဆင့်တိုး နက်ရှိုင်းစေရေး၊ ခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအား တွန်းအားပေးရေး တို့အား အတူတကွ ဆွေးနွေးခဲ့ကြသည်။
၂၀၂၅ ခုနှစ် မေ ၂၇ ရက်အထိ ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့၏ အချက်အလက်များအရ ယခုနှစ်တွင် တရုတ်ခရီးသွားဧည့်သည် အရေအတွက် ၁.၉ သန်းကျော် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ပြီးဖြစ်ကာ ထိုင်းနိုင်ငံသို့ ပြည်ဝင်လာရောက်သည့် ခရီးသွားဧည့်သည်များအနက် ထိပ်တန်းနေရာ၌ ရပ်တည်လျက်ရှိကြောင်း သိရသည်။ (Xinhua)
—————-
(Chinese Version)
泰国启动“萨瓦滴·你好”项目深化旅游合作
新华社曼谷5月30日电(记者高博)为庆祝中泰建交50周年,泰国国家旅游局29日在曼谷启动“萨瓦滴·你好”推广活动。泰国总理佩通坦表示,该项目将成为泰中可持续旅游合作的新起点。
佩通坦在启动仪式上致辞时表示,旅游业一直是泰中两国之间建立深厚联系的重要桥梁之一,这得益于两国政府对旅游业发展的支持政策。“萨瓦滴·你好”项目的启动,是泰中双方可持续旅游合作的新起点,旨在确保为包括中国游客在内的全球旅客带来充满欢乐、舒适与安全的旅行体验。
据介绍,项目涵盖旅游基础设施升级、入境便利化、旅游品牌推广等内容,旨在进一步巩固两国友好关系,构建中泰双向旅游的长远合作机制,推动两国旅游合作迈向高质量发展。
共有300家中国旅行社与500家泰国旅游企业参与了29日举行的洽谈会,两国代表共同探讨如何进一步深化旅游合作,推动旅游业可持续发展。
泰国国家旅游局的数据显示,截至2025年5月27日,今年已有190多万中国游客访问泰国,位列泰国入境游客来源地首位。(完)
图说:5月29日,在泰国首都曼谷,泰国总理佩通坦在“萨瓦滴·你好”推广活动的启动仪式上致辞。新华社记者 孙玮彤 摄