China
ရှန်ဂရီလာဆွေးနွေးပွဲကာလ၌ တရုတ်နိုင်ငံနှင့်စပ်လျဉ်း၍ အမေရိကန်၏ အနုတ်လက္ခဏာ ပြောဆိုမှုများအပေါ် တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြား

ပေကျင်း၊ ဇွန် ၂ ရက် (ဆင်ဟွာ)
ရှန်ဂရီလာဆွေးနွေးပွဲကာလ၌ တရုတ်နိုင်ငံနှင့်စပ်လျဉ်း၍ အမေရိကန်၏ အနုတ်လက္ခဏာ ပြောဆိုမှုများအပေါ် တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်းရှောင်ကန်းက ဇွန် ၁ ရက်တွင် သတင်းထောက်များ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားခဲ့သည်။
၂၂ ကြိမ်မြောက် ရှန်ဂရီလာဆွေးနွေးပွဲတွင် တရုတ်နိုင်ငံနှင့်စပ်လျဉ်း၍ အမေရိကန်ကာကွယ်ရေးဝန်ကြီးက “တရုတ်စစ်ရေးခြိမ်းခြောက်မှု” ဟု ပုံဖော်ကာ အနုတ်လက္ခဏာ ပြောဆိုခဲ့သည်ဟု သတင်းများအရ သိရကြောင်း၊ ယင်းအပေါ် မည်သို့ သုံးသပ်ပြောကြားလိုပါသနည်းဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ထို့အပေါ် ကျန်းရှောင်ကန်းက “အမေရိကန်ဘက်က ရှန်ဂရီလာဆွေးနွေးပွဲကို အသုံးချပြီး အငြင်းပွားမှုကို ဖန်တီးခြင်း၊ ထိပ်တိုက်ရင်ဆိုင်မှုများကို လှုံ့ဆော်ခြင်း၊ ကိုယ်ကျိုးစီးပွားရှာဖွေရန် ကြံစည်ခြင်းတို့ လုပ်လေ့ရှိတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးရဲ့ ပြောဆိုချက်တွေက အမြစ်တွယ်နေတဲ့ ဗိုလ်ကျစိုးမိုးမှု ယုတ္တိဗေဒ၊ အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ်၊ စစ်အေးအတွေးအခေါ်တွေနဲ့ ပြည့်နှက်နေတယ်။ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ အခွင့်အရေးနဲ့အကျိုးစီးပွားကို ဆိုးရွားစွာ ရန်စခြင်း၊ တရုတ်နိုင်ငံရဲ့ မူဝါဒယူဆချက်ကို ပုံဖျက်ခြင်း၊ ဒေသတွင်းနိုင်ငံများအတူလက်တွဲပြီး သာယာဝပြောမှု၊ တည်ငြိမ်မှုကို ကာကွယ်ထိန်းသိမ်းတဲ့ ကြိုးပမ်းချက်ကို ဆိုးရွားစွာ လျစ်လျူရှုခြင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ငြိမ်းချမ်းရေးကို လိုလားမှု၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းမှုဆိုတဲ့ ဘုံဆန္ဒကို ဆိုးရွားစွာ ဆန့်ကျင်ခြင်း ဖြစ်တယ်။ ဒီ့အပေါ် ကျွန်တော်တို့အနေနဲ့ ပြင်းပြင်းထန်ထန် မကျေနပ်သလို အခိုင်အမာ ဆန့်ကျင်ကန့်ကွက်တယ်” ဟု ပြောကြားခဲ့သည်။
အမေရိကန်၏လုပ်ရပ်ကို တစ်ကမ္ဘာလုံးက ရှင်းရှင်းလင်းလင်း သိမြင်ကြကြောင်း၊ ၎င်းသည် ကိုယ်ကျိုးစီပွားအတွက် စည်းကြပ်ခွန်စစ်ပွဲ၊ ကုန်သွယ်ရေးစစ်ပွဲများကို စတင်ကာ နေရာအနှံ့တွင် စည်းကြပ်ခွန် အလွဲသုံး ရမ်းကား ကောက်ခံလျက်ရှိသလို “အသိုက်အဝန်းငယ်” ဖွဲ့ခြင်း၊ အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှုများ ဖန်တီးခြင်းက နိုင်ငံအသီးသီးကို အထူးစိုးရိမ်စေကြောင်း၊ အာရှ-ပစိဖိတ် စစ်ရေးအင်အားဖြန့်ကြက်မှုကို အားဖြည့်ခြင်း၊ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း စွက်ဖက်ခြင်း ဆောင်ရွက်သလို အခြေအနေတင်းမာမှုများကို ဖြစ်ပွားအောင်လှုံ့ဆော်ခဲ့ကြောင်း၊ အမေရိကန်၏ ခေတ်ရေစီးကြောင်း ပြောင်းပြန်သွား၍ ခေါင်းမာစွာ လုပ်ဆောင်ချက်ကြောင့် ကိုယ်ပြုသည့်ကံ ကိုယ့်ထံမုချမသွေ ပြန်လာမည်ကို ဖြစ်ရပ်မှန်များ အကြိမ်ကြိမ် အခါခါ သက်သေပြခဲ့ကြောင်း ကျန်းရှောင်ကန်းက ပြောကြားခဲ့သည်။
“ထိုင်ဝမ်အရေးက လုံးဝဥဿုံ တရုတ်နိုင်ငံ ပြည်တွင်းရေးဖြစ်တယ်၊ အမေရိကန်အနေနဲ့ ဟိုဟိုဒီဒီ ပြောပိုင်ခွင့်မရှိသလို ဒါကို တရုတ်နိုင်ငံကို တားဆီးဖို့အတွက် လောင်းကြေးထပ်တဲ့အရာအဖြစ်သုံးဖို့ ပိုပြီး စိတ်ကူးမယဉ်လို့မရဘူး။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်နက်ပြည့်စုံမှုကို အခိုင်အမာ ကာကွယ်သွားမှာ ဖြစ်သလို ‘ထိုင်ဝမ်ခွဲထွက်ရေး’ အကြံအစည်မှန်သမျှနဲ့ ပြည်ပအင်အားစုရဲ့ စွက်ဖက်မှုမှန်သမျှကို ပြတ်ပြတ်သားသား ချေမှုန်းသွားမှာ ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ သန္နိဋ္ဌာန်က ကျောက်သားသဖွယ်ခိုင်မာသလို စွမ်းရည်နဲ့ နည်းလမ်းကလည်း တောင့်တင်းခိုင်မာတယ် ” ဟု ၎င်းက ပြောကြားခဲ့သည်။
တောင်တရုတ်ပင်လယ်သည် နိုင်ငံတကာ အများကအသိအမှတ်ပြုသည့် လုပ်ငန်းဆောင်တာအများဆုံး၊ အလုံခြုံဆုံး ရေကြောင်းလမ်းများအနက်တစ်ခု ဖြစ်ကြောင်း ကျန်းရှောင်ကန်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာနိုင်ငံများနှင့်အတူ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုဖြင့် ကွဲလွဲမှုများကို သင့်လျော်စွာ ဖြေရှင်းခြင်းအား ဆက်လက် အခိုင်အမာ ဆောင်ရွက်သွားမည်ဖြစ်သလို ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ နယ်မြေပိုင်နက် အချုပ်အခြာအာဏာ၊ ပင်လယ်သမုဒ္ဒရာအခွင့်အရေးနှင့် အကျိုးစီးပွားအား အခိုင်အမာ ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း၊ ဒေသတွင်းနိုင်ငံများနှင့်အတူလက်တွဲ၍ ငြိမ်းချမ်းသော၊ ချစ်ကြည်ရင်းနှီးသော၊ ပူးပေါင်းဆောင်ရွက်သော ပင်လယ် တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ အမေရိကန်က တောင်တရုတ်ပင်လယ် မရှုပ်ထွေးမည်ကို စိုးရိမ်ကာ ဂိုဏ်းဂဏဖွဲ့၍ ပဋိပက္ခ လှုံ့ဆော်နေခြင်းသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှု ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံက အာရှ-ပစိဖိတ်ဒေသ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်အမြဲ ထိန်းသိမ်းစောင့်ရှောက်သူ၊ တည်ဆောက်သူ ဖြစ်တယ်။ တရုတ်တပ်မတော်က ဒေသတွင်းနိုင်ငံတွေနဲ့အတူ ဗိုလ်ကျစိုးမိုးရေးဝါဒကြောင့် အာရှ-ပစိဖိတ်ဒေသအပေါ် ထိခိုက်မှုကို ဆန့်ကျင်သလို ပထဝီနိုင်ငံရေးပဋိပက္ခများ အာရှ-ပစိဖိတ်ဒေသသို့ သယ်ဆောင်လာမည်ကို ဆန့်ကျင်ပြီး ဘယ်နိုင်ငံ၊ ဘယ်အင်အားစုကိုမဆို ဒီမှာ စစ်ဖြစ်ပွားအောင် ရှုပ်ထွေးအောင် လုပ်ဆောင်ခြင်းကို ဆန့်ကျင်တယ်။ ကျွန်တော်တို့အနေနဲ့ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း အယူအဆနဲ့ ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်ကြီး သုံးရပ်ကို တက်ကြွစွာ ဖော်ဆောင်ကာ အာရှ-ပစိဖိတ်ဒေသ ရေရှည်တည်ငြိမ်အေးချမ်ရေးနဲ့ သာယာဝပြောရေးကို လက်တွဲအတူ ကာကွယ်ထိန်းသိမ်းသွားမှာ ဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
国防部新闻发言人就香格里拉对话会期间美方涉华消极言论答记者问
新华社北京6月1日电(记者王春涛)国防部新闻发言人张晓刚1日就香格里拉对话会期间美方涉华消极言论答记者问。
有记者问,据报道,美防长在第22届香格里拉对话会上发表涉华消极言论,渲染“中国军事威胁”。请问对此有何评论?
张晓刚表示:“美方惯于借香格里拉对话会制造纷争、挑拨对抗、谋求私利。美防长所言充斥着根深蒂固的霸权逻辑、霸凌做派、冷战思维,严重挑衅中方主权权益、歪曲中方政策主张,严重无视地区国家携手维护繁荣稳定的共同努力,严重背离世界各国求和平、谋发展的共同意愿。我们对此强烈不满、坚决反对。”
他说,美方所作所为全世界都看得清清楚楚。其为一己私利,发动关税战、贸易战,到处横征暴敛;拉“小圈子”、搞阵营对抗,引发各国深切担忧;强化亚太军力部署,粗暴干涉他国内政,煽动制造紧张局势。事实一再证明,美方逆潮流大势、一意孤行,必将反噬自身。
他表示:“台湾问题纯属中国内政,美方无权说三道四,更不要妄想以此作为遏制中国的筹码。中国人民解放军将坚决捍卫国家主权和领土完整,坚决粉碎一切‘台独’分裂图谋和任何外部势力干涉,我们的决心意志坚如磐石、能力手段强大可靠。”
他说,南海是国际公认最繁忙、最安全的航道之一。中方将继续坚持同有关国家通过对话协商妥处分歧,坚持依法依规维护领土主权和海洋权益,与地区国家携手打造和平、友谊、合作之海。美国唯恐南海不乱,拉帮结派、兴风作浪,是地区和平稳定的最大威胁。
他表示:“中国始终是亚太地区和平发展的守护者、建设者。中国军队将与地区国家一道,共同反对霸权主义损害亚太、反对把地缘冲突引入亚太、反对任何国家任何势力在这里生战生乱。我们将积极践行人类命运共同体理念和三大全球倡议,携手维护亚太长治久安、繁荣稳定。”(完)
图说:5月30日,警察在新加坡香格里拉酒店外执勤。新华社发(邓智炜摄)