China
တရုတ်နိုင်ငံ တုန်းထိုင် ဆံချည်မျှင်ချည်ထိုးလက်ရာတွင် ဆံချည်မျှင်တစ်မျှင်က ရှေးယခင်နှင့် ယနေ့ခေတ်အား ထင်ဟပ်စေ

ယန်ချိန် (ကျန်းဆူး)၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ တုန်းထိုင် ဆံချည်မျှင်ချည်ထိုးမှုကို “မင်ချည်ထိုးမှု” ဟုလည်း ခေါ်ဆိုပြီး လူ၏ ဆံချည်မျှင်ကို “ချည်” အဖြစ် အသုံးပြုကာ စူးကျိုးရိုးရာချည်ထိုးနည်းဖြင့် ထိုးထားသည့် ရိုးရာချည်ထိုးအနုပညာဖြစ်ကာ လက်ရာများ၏ ထိတွေ့ခံစားရမှုသည် တစ်မူထူးခြားလှသည်။ ၎င်းသည် ထန်မင်းဆက်ခေတ်က ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ ဆံချည်မျှင်ဖြင့် ဗုဒ္ဓရုပ်တုပြုလုပ်သည့် ဓလေ့မှ စတင်လာခြင်းဖြစ်ကာ ယနေ့တိုင် နှစ်ပေါင်း ၁,၃၀၀ ကျော် သမိုင်းရှိပြီဖြစ်သည်။
တုန်းထိုင် ဆံချည်မျှင်ချည်ထိုးမှုကို တစ်ချိန်က ကာလကြာရှည်စွာ ဘုရားကျောင်းများနှင့် ဗုဒ္ဓဘာသာ တရားကျင့်ကြံသူများက သိမ်းဆည်းထားသောကြောင့် အမွေဆက်ခံလက်ဆင့်ကမ်းမှု ပျောက်ဆုံးလုနီးပါးဖြစ်ခဲ့သည်။ ၁၉၅၀ ပြည့်လွန်နှစ်များတွင် စူးကျိုးချည်ထိုးပညာ သုတေသနဌာနက ဆံချည်မျှင် ချည်ထိုးလက်မှုပညာအား စနစ်တကျ ပြန်လည်ဖော်ထုတ် သုတေသနပြုမှု လုပ်ဆောင်ခဲ့သည်။
ပန်းချီဆရာ၊ ချည်ထိုးသူများ၏ တက်တက်ကြွကြွ ဖန်တီးမှုနှင့် မိတ်ဆက်ပေးမှုကြောင့် အဆိုပါရှေးဟောင်း လက်မှုပညာသည် ကျန်းဆူးပြည်နယ် ယန်ချိန်မြို့ တုန်းထိုင်မြို့လေးတွင် ပြန်လည်တိုးတက် ထွန်းကားလာခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် တုန်းထိုင် ဆံချည်မျှင်ချည်ထိုးပညာသည် နိုင်ငံတော်အဆင့် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြုစီမံကိန်း စာရင်းဝင်ဖြစ်ခဲ့သည်။
ချန်ပေါ်ယွီသည် တုန်းထိုင် ဆံချည်မျှင်ချည်ထိုးပညာ အမွေလက်ဆင့်ကမ်းသူဖြစ်ပြီး တုန်းထိုင် ဆံချည်မျှင်ချည်ထိုးပညာအတွက် ဖန်တီးဒီဇိုင်းရေးဆွဲမှု လုပ်ဆောင်သည်မှာ နှစ်ပေါင်း ၄၀ ကျော်ရှိပြီဖြစ်သည်။ ရှေးယခင်လူများ၏ လက်မှုပညာအား ခြုံငုံသုံးသပ်မှု အခြေခံပေါ်တွင် ချန်ပေါ်ယွီက ဇောက်ချ သုတေသနပြုခဲ့ပြီး ချည်ထိုးလက်ရာအမျိုးမျိုး၏ ဒီဇိုင်းများကို ဖန်တီးခဲ့သည်။ ငှက်၊ ပန်း၊ စာပေပညာရှင်များ၏ပန်းချီ၊ သမိုင်းအကြောင်းအရာအပြင် ဒေသတွင်းယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ဖော်ပြနိုင်သော လက်ရာများကိုလည်း တက်တက်ကြွကြွ ဖန်တီးခဲ့ရာ လက်ရာများစွာက နိုင်ငံတော်အဆင့်၊ ပြည်နယ်အဆင့် ဆုများရရှိခဲ့သည်။
ဆယ်စုနှစ်ချီ တိုးတက်လာပြီးနောက် တုန်းထိုင် ဆံချည်မျှင်ချည်ထိုးပညာသည် အဆက်မပြတ် ဆန်းသစ်တီထွင်လာခဲ့သည်။ ဆံချည်မျှင်ချည်ထိုးပညာရှင်များက အရောင်ဆေးဆိုးထားသော ဆံချည်မျှင်ဖြင့် သမားရိုးကျ “မင်ချည်ထိုးမှု” ကို “ရောင်စုံချည်ထိုးမှု” အဖြစ် ပြောင်းလဲလိုက်သည်။ လက်ရာ၏ တင်ဆက်ဖော်ပြမှု ပြည့်ဝလာစေရန် လက်မှုပညာရှင်များက ရိုးရာချည်ထိုးနည်းအား ဆက်လက်အသုံးပြုသည့် အခြေခံပေါ်တွင် လူဆံချည်မျှင်၏ အနေအထားအရ တိရစ္ဆာန်၏အမွေးပွမှု ခံစားချက် ထူးခြားချက်ကို ဖော်ပြရန် အပ်ချက်အကွာအဝေးစိတ်လာခြင်း၊ ချည်မျှင်အကွာအဝေးစိတ်လာခြင်းတို့ဖြင့် ခံစားချက်အရည်အသွေးကို မြှင့်တင်ပေးလိုက်သည်။ တစ်ချိန်တည်းတွင် ချည်ထိုးနည်းအမျိုးမျိုးချဲ့ထွင်ကာ လက်ရာများ၏ အရောင်အသွေးကို အနုအရင့်၊ အစိုအခြောက်၊ အနီးအဝေး၊ အနက်အတိမ် သဘောဖြစ်အောင် ဖန်တီးပေးထားသည်။
တုန်းထိုင် ဆံချည်မျှင်ချည်ထိုးပညာသည် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အနေဖြင့် ရှေးယခင်မှ ယနေ့တိုင် အမွေဆက်ခံလက်ဆင့်ကမ်းနေဆဲဖြစ်သည့်အပြင် လက်ရှိလူအများ၏ နေ့စဉ်ဘဝထဲတွင်လည်း တည်ရှိလျက်ရှိသည်။ တုန်းထိုင် ဆံချည်မျှင်ချည်ထိုးပညာသည် သမိုင်း၏အနည်ထိုင်မှု အနှစ်သာရများနှင့်အတူ ဆံချည်မျှင်ချည်ထိုးပညာရှင်များ၏ လက်ဆင့်ကမ်းမှုဖြင့် အနာဂတ်ဆီသို့ ဆက်လက်လျှောက်လှမ်းလျက်ရှိပေသည်။ (Xinhua)

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ်ရှိ တုန်းထိုင် ကျားလိ ဆံချည်မျှင် ချည်ထိုးစက်ရုံတွင် တုန်းထိုင် ဆံချည်မျှင် ချည်ထိုးပညာ အမွေဆက်ခံသူ ချန်ပေါ်ယွီက ဧည့်သည်အထူးမှာယူထားသော ပန်းချီကားလိပ်ရှည်အား ချည်ထိုးနေသည်ကို ဇွန် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ်ရှိ တုန်းထိုင် ကျားလိ ဆံချည်မျှင် ချည်ထိုးစက်ရုံတွင် ချည်ထိုးသူက ချည်ထိုးရာတွင် အသုံးပြုသော အရောင်စုံ ဆံချည်မျှင်များအား မိတ်ဆက်ပေးနေသည်ကို ဇွန် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
—————————
(Chinese Version)
文化中国行|东台发绣:一缕发丝映古今
新华社照片,盐城(江苏),2025年6月11日
东台发绣又称“墨绣”,是以人发为“线”,用苏绣传统针法进行绣制的一种传统刺绣工艺,作品质感纹理别具一格。它源于唐代信女用发丝绣制佛像的习俗,至今已有1300多年历史。东台发绣曾长期主要由寺庙和居士收藏,传承几近佚失,二十世纪五十年代,苏州刺绣研究所对发绣技艺进行系统发掘整理研究,经画师、绣工们积极创作推广,这一古老技艺在江苏盐城东台市得到恢复、发展、壮大。2021年,东台发绣被列入国家级非物质文化遗产代表性项目名录。
陈伯余是东台发绣传承人,从事发绣创作设计40多年。在总结前人技艺的基础上,陈伯余潜心研究,创作适应各类绣品的样稿,除花鸟、文人画、历史题材外,还积极创作表现当地文化、风土人情的作品,多幅作品获国家、省级奖项。
经过数十年发展,东台发绣不断创新。发绣艺人们使用染色发丝,改传统“墨绣”为“彩绣”;为了丰富作品表现力,艺人在继承传统针法的基础上,根据人发质地适宜表现动物毛绒效果的特征,缩短针距、加密线距,增强质感效果;同时拓展多种针法,使作品的浓淡、干湿、远近、深浅饶有笔意。
东台发绣不仅作为非物质文化遗产纵贯古今,更在当下存在于人们的生活中。东台发绣带着历史的沉淀,在发绣艺人们的传承中走向未来。
1. 6月6日,在东台嘉丽发绣厂,东台发绣传承人陈伯余指导徒弟装裱一幅双面发绣作品。新华社记者 陶亮 摄
2. 6月6日,在东台嘉丽发绣厂,东台发绣传承人陈伯余绣制客户定制的长卷。新华社记者 薛宇舸 摄
3. 6月6日,在东台嘉丽发绣厂,绣工介绍发绣所用各色头发原料。 新华社记者 陶亮 摄