Connect with us

China

ရှီကျင့်ဖိန်နှင့် ကွန်ဂို (ဘရာဇာဗီးလ်) သမ္မတ Sassou Nguesso တို့ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ရလဒ်ဖော်ဆောင်ရေး ညှိနှိုင်းသူ ဝန်ကြီးအဆင့် အစည်းအဝေးသို့ ဂုဏ်ပြုသဝဏ်လွှာများ သီးခြားစီ ပေးပို့

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ရလဒ်ဖော်ဆောင်ရေး ညှိနှိုင်းသူများ ဝန်ကြီးအဆင့် အစည်းအဝေးကို ၂၀၂၅ ခုနှစ် ဇွန် ၁၁ ရက်က တရုတ်နိုင်ငံ ဟူနန်ပြည်နန် ချန်ရှားမြို့၌ ကျင်းပစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ကွန်ဂို (ဘရာဇာဗီးလ်) နိုင်ငံ သမ္မတ Sassou Nguesso တို့သည် ဇွန် ၁၁ ရက်က တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ရလဒ်များ ဖော်ဆောင်ရေး ညှိနှိုင်းသူ ဝန်ကြီးအဆင့် အစည်းအဝေးသို့ သဝဏ်လွှာများ သီးခြားစီပေးပို့ခဲ့ကြပြီး အစည်းအဝေးကျင်းပခြင်းအပေါ် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုခဲ့ကြသည်။

ရှီကျင့်ဖိန်က တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် တည်ထောင်ပြီး ၂၅ နှစ်ကြာကာလတွင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဦးဆောင်ခဲ့ရာ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာဖြစ်ခဲ့ကြောင်း ထောက်ပြပြောကြားခဲ့သည်။
ယမန်နှစ် စက်တင်ဘာလက မိမိနှင့် အာဖရိကနိုင်ငံ ခေါင်းဆောင်များအတူ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ပေကျင်း ထိပ်သီးအစည်းအဝေးတွင် “ခေတ်မီအသွင်ပြောင်းရေး ၆ ရပ်” ကို လက်တွဲ တွန်းအားပေးကာ “မိတ်ဖက်လှုပ်ရှားမှုကြီး ၁၀ ရပ်” ကို အတူတကွဖော်ဆောင်သွားပြီး တရုတ်-အာဖရိက ဆက်ဆံရေးက ခေတ်သစ် အချိန်အခါမရွေး အေးအတူ ပူအမျှ အသိုက်အဝန်း အတူတည်ဆောက်ရေး အဆင့်သစ်သို့ ဝင်ရောက်ရေးအား ဦးဆောင်လျှောက်လှမ်းရန် တစ်ပြေးညီ သဘောတူညီခဲ့ကြကြောင်း၊ နှစ်ဖက်အတူတကွ ကြိုးပမ်မှုများအောက်တွင် ထိပ်သီးအစည်းအဝေး ရလဒ်ဖော်ဆောင်မှုသည် ဝမ်းမြောက်ဖွယ် ကနဦးကာလရလဒ်များ ရရှိခဲ့ကြောင်း၊ တရုတ်-အာဖရိက နှစ်ဖက်အနေဖြင့် ၂၀၂၆ ခုနှစ် “လူမှုယဉ်ကျေးမှုဖလှယ်ရေးနှစ်” စီစဉ်ကျင်းပရန်နှင့်စပ်လျဉ်း၍ သဘောတူညီချက်ရရှိခဲ့ရာ ယင်းမှာ တရုတ်-အာဖရိက ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးအတွက် အားအင်သစ်များ ဖြည့်တင်းပေးမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိ နိုင်ငံတကာအခြေအနေမှာ ရောယှက်ရှုပ်ထွေး ပြောင်းလဲလျက်ရှိကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် တရုတ်ပုံစံခေတ်မီအသွင်ပြောင်းမှု၏ အောင်မြင်မှုသစ်များဖြင့် ကမ္ဘာအတွက် အခွင့်အလမ်းသစ်များ အခိုင်အမာ ပံ့ပိုးသွားမည်ဖြစ်သလို တရုတ်ဈေးကွက်ကြီးဖြင့် အာဖရိက စသည့် ကမ္ဘာ့တောင်ဘက်ခြမ်းမိတ်ဖက်များအတွက် စွမ်းအင်သစ်များ ပံ့ပိုးသွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘုံဖွံ့ဖြိုးတိုးတက်သော စီးပွားရေး မိတ်ဖက်ဆက်ဆံမှု သဘောတူညီချက်ကို ဆွေးနွေးညှိနှိုင်း လက်မှတ်ထိုးခြင်းမှတစ်ဆင့် သံတမန်ဆက်ဆံရေး ထူထောင်ထားသော အာဖရိကနိုင်ငံ ၅၃ နိုင်ငံအပေါ် အခွန်ကောက်ခံသည့် ထုတ်ကုန်ပစ္စည်း ၁၀၀ ရာခိုင်နှုန်းအား အခွန်ကင်းလွတ်ခွင့် အစီအမံ ဖော်ဆောင်မည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင်ပင် အာဖရိကတိုက် ဖွံ့ဖြိုးတိုးတက်မှု အားအနည်းဆုံးနိုင်ငံများမှ တရုတ်နိုင်ငံသို့ ပို့ကုန်အပေါ် အဆင်ပြေလွယ်ကူမှုများ ပိုမိုပံ့ပိုးသွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဖရိကနှင့်အတူ “မိတ်ဖက်လှုပ်ရှားမှုကြီး ၁၀ ရပ်” ကို နက်ရှိုင်းစွာ ဖော်ဆောင်သွားလိုရာ အစိမ်းရောင် ကုန်ထုတ်လုပ်ငန်း၊ E-commerce နှင့် ငွေပေးချေမှု၊ သိပ္ပံနည်းပညာ၊ ဉာဏ်ရည်တု စသည့် အဓိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်သွားမည် ဖြစ်သလို လုံခြုံရေး၊ ဘဏ္ဍာရေး၊ တရားဥပဒေစိုးမိုးရေး စသည့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်ကာ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တံခါးဖွင့် ပူးပေါင်းဆောင်ရွက်မှုသည် လောက၏လမ်းကြောင်းမှန်ဖြစ်ပြီး အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်ခြင်းမှာ ပြည်သူ့ဆန္ဒဖြစ်ကြောင်း ရှီကျင့်ဖိန်က ထောက်ပြပြောကြားခဲ့သည်။ တရုတ်-အာဖရိက လက်တွဲ၍ ခေတ်မီအသွင်ပြောင်းရေး တွန်းအားပေးခြင်းသည် ကမ္ဘာ့တောင်ဘက်ခြမ်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစွာ မြှင့်တင်မည်ဖြစ်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် ပို၍တောက်ပသည့် အနာဂတ်အလားအလာကို ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း၊ တရုတ်-အာဖရိက နှစ်ဖက်သည် ထိပ်သီးအစည်းအဝေးရလဒ်များ ဖော်ဆောင်မှုကို ဆက်လက် ခိုင်မာစွာ တွန်းအားပေးဆောင်ရွက်ရန်၊ ဖိုရမ် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးကို စနစ်တကျ အသေးစိတ် အစီအစဉ်ရေးဆွဲရန်၊ ခေတ်သစ် အချိန်အခါမရွေး တရုတ်-အာဖရိက အေးအတူပူအမျှအသိုက်အဝန်းကို လက်တွဲတည်ဆောက်ရန်၊ လူသားမျိုးနွယ် အေးအတူ ပူအမျှအသိုက်အဝန်း တည်ဆောက်ရေးအတွက် တရုတ်-အာဖရိက အင်အားဖြင့် အကျိုးဆောင်ကြရန် မျှော်လင့်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

သဝဏ်လွှာတွင် Sassou Nguesso က တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ပေကျင်းထိပ်သီးအစည်းအဝေး ကျင်းပသည့်ကာလမှစ၍ အာဖရိက-တရုတ် မဟာဗျူဟာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုသည် ကြွယ်ဝများပြားသော ရလဒ်များ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ယခုအကြိမ် ညှိနှိုင်းသူများ အစည်းအဝေးသည် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် တည်ထောင်ခြင်း ၂၅ နှစ်ပြည့်နှင့် ကြုံကြိုက်ကြောင်း၊ အာဖရိက-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု ပိုမိုကြီးမားသော တိုးတက်မှု ရရှိရန် မိမိအနေဖြင့် သမ္မတ ရှီကျင့်ဖိန်နှင့်အတူ အားသွန်ခွန်စိုက်၊ အခိုင်အမာ တွန်းအားပေး ဆောင်ရွက်သွားကာ နှစ်ဖက်ပြည်သူလူထု အကျိုးတိုးပွားအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကွန်ဂို (ဘရာဇာဗီးလ်) နိုင်ငံသည် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် အာဖရိကဘက် ပူးတွဲဥက္ကဋ္ဌနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်တကွ အခြားသော ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများနှင့်အတူ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်အောက်တွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားလိုကြောင်း၊ တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနှင့် ကင်းဝေးသော ဗဟုဝင်ရိုးအသွင်ကမ္ဘာကြီးကို အတူတကွတည်ဆောက်ကာ အများအကျိုးဖြစ်ထွန်း၍ အားလုံးလက်ခံပါဝင်မှုရှိသော ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းသည့် ခေတ်သစ်ကို ဖွင့်လှစ်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ရလဒ်ဖော်ဆောင်ရေး ညှိနှိုင်းသူများ ဝန်ကြီးအဆင့် အစည်းအဝေးကို ၂၀၂၅ ခုနှစ် ဇွန် ၁၁ ရက်က တရုတ်နိုင်ငံ ဟူနန်ပြည်နန် ချန်ရှားမြို့၌ ကျင်းပစဉ် (ဆင်ဟွာ)

————————–
(Chinese Version)
习近平同刚果(布)总统萨苏分别向中非合作论坛成果落实协调人部长级会议致贺信
新华社北京6月11日电 6月11日,国家主席习近平同刚果(布)总统萨苏分别向中非合作论坛成果落实协调人部长级会议致贺信,对会议召开表示热烈祝贺。
习近平指出,中非合作论坛成立25年来,有力带动中非合作蓬勃发展,成为全球南方团结合作的典范。去年9月,我同非洲领导人在论坛北京峰会上一致同意携手推进“六个现代化”,共同实施“十大伙伴行动”,引领中非关系进入共筑新时代全天候命运共同体新阶段。在双方共同努力下,峰会成果落实取得一批喜人的早期收获。中非双方还就筹办2026年“中非人文交流年”达成共识,相信这将为中非友好合作注入新的活力。
习近平强调,当前,国际形势变乱交织。中国坚持以中国式现代化新成就为世界提供新机遇,以中国大市场为非洲等全球南方伙伴提供新动能。中国愿通过商签共同发展经济伙伴关系协定,落实对53个非洲建交国实施100%税目产品零关税举措,同时为非洲最不发达国家对华出口提供更多便利。中国愿同非方深入落实“十大伙伴行动”,加强绿色产业、电子商务和支付、科技、人工智能等重点领域合作,深化安全、金融、法治等领域合作,推动中非合作高质量发展。
习近平指出,开放合作是人间正道,互利共赢是民心所向。中非携手推进现代化,将有力促进全球南方团结合作,为世界和平与发展事业开辟更加光明的前景。希望中非双方继续扎实推进峰会成果落实,精心谋划论坛未来发展,携手建设新时代全天候中非命运共同体,为构建人类命运共同体贡献中非力量。
萨苏在贺信中表示,中非合作论坛北京峰会召开以来,非中战略务实合作取得丰硕成果。本届协调人会议恰逢中非合作论坛成立25周年。我将全力以赴、坚定不移同习近平主席一道推动非中命运共同体建设取得更大进展,增进双方民众福祉。刚果(布)作为中非合作论坛非方共同主席国,愿同中国和其他全球南方国家一道,加强在“一带一路”倡议下合作,共同构建远离单边主义和保护主义的多极世界,开启普惠包容全球化的新时代。(完)
1. 6月11日,中非合作论坛成果落实协调人部长级会议在湖南长沙举行。新华社记者 金良快 摄