China
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ဒုတိယအကြိမ်မြောက် တရုတ်-ဗဟိုအာရှ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် အက်စ်တာနာသို့ ရောက်ရှိ

အက်စ်တာနာ၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကာဇက်စတန်နိုင်ငံသမ္မတ တိုကာယက်ဗ်၏ ဖိတ်ကြားချက်အရ ဒုတိယအကြိမ်မြောက် တရုတ်-ဗဟိုအာရှ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဒေသစံတော်ချိန် ဇွန် ၁၆ ရက် နေ့လယ်ပိုင်းတွင် အထူးလေယာဉ်ဖြင့် အက်စ်တာနာမြို့သို့ ရောက်ရှိခဲ့သည်။
ရှီကျင့်ဖိန် လိုက်ပါလာသော အထူးလေယာဉ် ကာဇက်စတန်နိုင်ငံလေပိုင်နက်သို့ ရောက်ရှိပြီးနောက် ကာဇက်စတန်လေတပ် တိုက်လေယာဉ်များက ကောင်းကင်ထက်သို့ ပျံတက်၍ လိုက်ပါစောင့်ရှောက်ခဲ့သည်။
ရှီကျင့်ဖိန် အက်စ်တာနာမြို့ Nursultan Nazarbayev အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် သမ္မတ တိုကာယက်ဗ် က သမ္မတရုံးအကြီးအကဲ Aibek Dadebay ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Murat Nurtleu ၊ သမ္မတ၏ နိုင်ငံခြားရေးရာအကြံပေး Erzhan Kazykhan ၊ အက်စ်တာနာမြို့တော်ဝန် Zhenis Kassymbek တို့အား ဦးဆောင်၍ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့သည်။
ခမ်းနားတင့်တယ်စွာ ဝတ်စားဆင်ယင်ထားသော ကာဇက်စတန်လူငယ်အမျိုးသမီးများက ရှီကျင့်ဖိန်အား ပန်းများပေးခဲ့ကြသည်။ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက အပြာရောင်ကော်ဇောတစ်ဖက်တစ်ချက်စီတွင် အလေးပြုခဲ့ကြသလို ကာဇက်စတန် ကလေး၊ လူငယ်များက တရုတ်နိုင်ငံနှင့် ကာဇက်စတန်နိုင်ငံ၏ နိုင်ငံတော်အလံများကို ကိုင်ဆောင်ကာ ရှီကျင့်ဖိန် ခရီးစဉ်လာရောက်မှုအား လှိုက်လှိုက်လှဲလှဲကြိုဆိုကြသည်။
ရှီကျင့်ဖိန်သည် တိုကာယက်ဗ် နှင့်အတူ ဂုဏ်ပြုတပ်ဖွဲ့ ချီတက်ပွဲအား ကြည့်ရှုခဲ့ကြရာ တရုတ်-ကာဇက်စတန် နှစ်နိုင်ငံအလံ ချိတ်ဆွဲထားသော ရဟတ်ယာဉ်က လေဆိပ်ဝေဟင်ထက်တွင် ပျံသန်းခဲ့သည်။ လေဆိပ်အထူးဧည့်သည်ဆောင်တွင် နှစ်နိုင်ငံခေါင်းဆောင်များက ကာဇက်စတန် ကလေး၊ လူငယ်များ၏ အနုပညာဖျော်ဖြေမှုကို အတူကြည့်ရှုခဲ့သည်။
ချိုက်ချီ၊ ဝမ်ရိ စသည့် အတူလိုက်ပါသူများလည်း အဆိုပါ အထူးလေယာဉ်ဖြင့် အက်စ်တာနာသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ကာဇက်စတန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟန်ချွန်းလျင်လည်း လေဆိပ်တွင် လာရောက်ကြိုဆိုခဲ့ကြောင်း သိရသည်။
ရှီကျင့်ဖိန်သည် မော်တော်ယာဉ်ဖြင့် လေဆိပ်မှ ၎င်းတည်းခိုရာဟိုတယ်သို့ သွားရာလမ်းတွင် ယင်းဒေသရှိ တရုတ်ကုမ္ပဏီလုပ်ငန်းများ၊ ပညာတော်သင်ကျောင်းသား၊ ကျောင်းသူ ကိုယ်စားလှယ်များက လမ်းတစ်ဖက်တစ်ချက်စီတွင် စုစည်းနေခဲ့ပြီး “သမ္မတ ရှီကျင့်ဖိန်အား လှိုက်လှဲစွာ ကြိုဆိုပါတယ်”၊ “တရုတ်-ကာဇက်စတန် ချစ်ကြည်ရေး အဓွန့်ရှည်ပါစေ” ဟူသော အနီရောင်စာတန်းများ ကိုင်ဆောင်ကာ ရှီကျင့်ဖိန် ရောက်ရှိလာမှုကို နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။ (Xinhua)
———————-
(Chinese Version)
习近平抵达阿斯塔纳出席第二届中国-中亚峰会
新华社阿斯塔纳6月16日电(记者杨依军 张继业)当地时间6月16日中午,国家主席习近平乘专机抵达阿斯塔纳,应哈萨克斯坦共和国总统托卡耶夫邀请,出席第二届中国-中亚峰会。
习近平乘坐的专机进入哈萨克斯坦领空后,哈萨克斯坦空军战机升空护航。
习近平抵达阿斯塔纳纳扎尔巴耶夫国际机场时,托卡耶夫总统率总统办公厅主任达杰拜、副总理兼外长努尔特列乌、总统外事顾问卡济汉、阿斯塔纳市长卡瑟姆别克等高级官员热情迎接。身着盛装的哈萨克斯坦女青年向习近平献花。礼兵分列蓝地毯两侧致敬,哈萨克斯坦少年儿童手持中哈两国国旗热烈欢迎习近平到访。习近平在托卡耶夫陪同下观看仪仗队分列式,直升机悬挂中哈国旗从机场上空飞过。在机场贵宾楼内,两国元首还共同欣赏哈萨克斯坦少年儿童的文艺表演。
蔡奇、王毅等陪同人员同机抵达。
中国驻哈萨克斯坦大使韩春霖也到机场迎接。
习近平乘车从机场赴下榻饭店途中,中资企业和留学生代表聚集在道路两旁,手持“热烈欢迎习近平主席!”“中哈友谊万岁!”等红色横幅,热烈欢迎习近平到访。(完)