Connect with us

China

ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေး

ပေကျင်း၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇွန် ၁၉ ရက် ညနေပိုင်းတွင် ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ရာ အဓိကအားဖြင့် အရှေ့အလယ်ပိုင်းဒေသ အခြေအနေနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။

ထိုသို့ဆက်သွယ်ရာတွင် ပူတင်က လက်ရှိ အရှေ့အလယ်ပိုင်းဒေသ အခြေအနေအပေါ် ရုရှားနိုင်ငံ၏ အမြင်ကို ရှင်းလင်းပြောကြားခဲ့ပြီး အစ္စရေးက အီရန် နျူကလီးယားအဆောက်အဦများအား တိုက်ခိုက်မှုသည် အလွန် အန္တရာယ်များကြောင်း၊ ပဋိပက္ခအဆင့်မြင့်တက်လာမှုသည် မည်သည့်ဘက်၏ အကျိုးစီးပွားနှင့်မျှ ကိုက်ညီမှုမရှိကြောင်း၊ အီရန်နျူကလီးယားအရေးကို တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုဖြင့် ဖြေရှင်းသင့်ကြောင်း ပြောကြားခဲ့သည်။

ပဋိပက္ခဖြစ်ပွားသည့် နှစ်ဖက်အနေဖြင့် တတိယနိုင်ငံမှ နိုင်ငံသားများ ဘေးကင်းလုံခြုံမှုကို အာမခံပေးသင့်ကြောင်း၊ လက်ရှိတွင် အခြေအနေသည် လျင်မြန်စွာ တိုးတက်လျက်ရှိကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အနီးကပ်ညှိနှိုင်းဆွေးနွေးမှုများထားရှိပြီး အခြေအ‌နေ အရှိန်လျော့ကျလာရေးအတွက် တက်ကြွစွာ အတူတကွကြိုးပမ်းလုပ်ဆောင်ကာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ အခြေခံမူနှင့် ရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး လက်ရှိတွင် အရှေ့အလယ်ပိုင်းဒေသ အခြေအနေ အလွန်အန္တရာယ်များမှုသည် ကမ္ဘာကြီးက လှုပ်ခတ်ပြောင်းလဲမှု ကာလသစ်အတွင်း ဝင်ရောက်နေသည်ကို ထပ်မံသက်သေထူနေကြောင်း ပြောကြားခဲ့သည်။ ပဋိပက္ခတစ်ဆင့်တိုး အဆင့်မြင့်တက်လာပါက ပဋိပက္ခဖြစ်ပွားသူနှစ်ဖက်က ပိုမိုကြီးမားသည့် နစ်နာဆုံးရှုံးမှုများ ရှိလာမည့်အပြင် ဒေသတွင်းနိုင်ငံများလည်း များစွာထိခိုက်နစ်နာမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေနှင့်စပ်လျဉ်း၍ မိမိအနေဖြင့် သဘောထား ၄ ရပ် အဆိုပြုလိုကြောင်း ပြောကြားခဲ့သည်။

ပထမအနေဖြင့် အပစ်အခတ်ရပ်စဲရေးကို တွန်းအားပေးဖော်ဆောင်ခြင်းမှာ လက်ရှိအရေးကြီးဆုံး ကိစ္စရပ်ဖြစ်ကြောင်း၊ လက်နက်အင်အားသုံးမှုသည် နိုင်ငံတကာအငြင်းပွားမှုကို ဖြေရှင်းရန် မှန်ကန်သော နည်းလမ်း မဟုတ်ဘဲ အမုန်းတရားနှင့် အချင်းများမှုကို ဆိုးရွားလာစေမည်သာဖြစ်ကြောင်း၊ ပဋိပက္ခဖြစ်ပွားသည့်ဘက် အထူးသဖြင့် အစ္စရေးသည် ဆောလျင်စွာအပစ်အခတ်ရပ်စဲ၍ အခြေအနေ ဆက်လက် အဆင့်မြင့်တက်လာမှုကို တားဆီးကာ ပဋိပက္ခများ ပြင်ပသို့ကူးစက်ပျံ့နှံ့လာမှုကို ခိုင်မာစွာ ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ဒုတိယအနေဖြင့် အရပ်သားပြည်သူများ၏ ဘေးကင်းလုံခြုံမှုကို အာမခံပေးခြင်းသည် အရေးကြီးဆုံးဖြစ်ကြောင်း၊ မည်သည့်အချိန်တွင်မဆို စစ်ရေးပဋိပက္ခဖြစ်ပွားမှုအတွင်း အရပ်သားပြည်သူအား ကာကွယ်ပေးသည့် မျဉ်းနီကို ချိုးဖောက်၍မရကြောင်း၊ ခွဲခြားမှုမရှိဘဲ လက်နက်အင်အားသုံးသည့် လုပ်ရပ်သည် လက်ခံနိုင်ဖွယ်မရှိကြောင်း၊ ပဋိပက္ခဖြစ်ပွားသည့်ဘက်အနေဖြင့် နိုင်ငံတကာဥပဒေအား တင်းကျပ်စွာ လေးစားလိုက်နာပြီး အပြစ်မဲ့ပြည်သူများ ထိခိုက်စေခြင်းအား ခိုင်မာစွာ ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် တတိယနိုင်ငံသားများ အဆင်ပြေချောမွေ့စွာ ဆုတ်ခွာရွှေ့ပြောင်းရေးအတွက်လည်း ပံ့ပိုးပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တတိယအနေဖြင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှု စတင်ခြင်းသည် အရင်းခံဖြစ်သော ထွက်ပေါက်ဖြစ်ကြောင်း၊ ဆွေးနွေးညှိနှိုင်းမှုသည် ရေရှည်ငြိမ်းချမ်းရေးဖော်ဆောင်ရန် မှန်ကန်သည့်လမ်းကြောင်းဖြစ်ကြောင်း၊ အီရန် နျူကလီးယားအရေးအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမှု ဦးတည်ချက်ကြီးအား မယိမ်းမယိုင် ခိုင်မာစွာ ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုဖြင့် အီရန်နျူကလီးယားအရေးကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသည့်လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေး တွန်းအားပေးမှုကို လက်ကိုင်ထားရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

စတုတ္ထအနေဖြင့် နိုင်ငံတကာအသိုက်အဝန်း၏ ငြိမ်းချမ်းရေးဖော်ဆောင်ရန် ကြိုးပမ်းမှုသည် မရှိမဖြစ် လိုအပ်ကြောင်း၊ အရှေ့အလယ်ပိုင်းဒေသ မတည်ငြိမ်ပါက ကမ္ဘာကြီးလည်း တည်ငြိမ်နိုင်ရန် ခက်ခဲကြောင်း၊ အစ္စရေး-အီရန်ပဋိပက္ခကြောင့် အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုအခြေအနေ ရုတ်တရက် အဆင့်မြင့်တက်လာစေသလို ကမ္ဘာ့လုံခြုံရေးအတွက်လည်း ပြင်းထန်သော ထိုးနှက်မှုဖြစ်စေကြောင်း၊ နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် ပဋိပက္ခဖြစ်ပွားသည့်ဘက်အပေါ် ထူးခြားသောဩဇာလွှမ်းမိုးမှုရှိသည့် နိုင်ငံကြီးအနေဖြင့် ပြောင်းပြန်မလုပ်ဘဲ အခြေအနေအရှိန်ပြေလျော့ရေးအတွက် ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့်လည်း ယင်းအတွက် ပိုမိုကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်သွားသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီးနှင့်အတူ ညှိနှိုင်းမှုကို မြှင့်တင်ကာ၊ ပူးပေါင်းအင်အားကို စုစည်း၍ တရားမျှတမှု ဖော်ဆောင်ပြီး အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ရန်အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားလိုကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များက တရုတ်-ရုရှား နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုနှင့် အဆင့်မြင့် မဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို များစွာ တန်ဖိုးထားချီးကျူးခဲ့ကြပြီး အဆင့်မြင့်အလွှာ သွားလာဆက်ဆံမှု အနီးကပ်လုပ်ဆောင်ရန်၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန်၊ တရုတ်-ရုရှား ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။ (Xinhua)
—————–
(Chinese Version)
习近平同俄罗斯总统普京通电话
新华社北京6月19日电 6月19日下午,国家主席习近平同俄罗斯总统普京通电话,重点就中东局势交换意见。
普京通报了俄方对当前中东局势的看法,表示以色列袭击伊朗核设施非常危险,冲突升级不符合任何一方利益,伊核问题应通过对话协商解决。冲突双方应保障第三国公民安全。目前局势还在快速发展,俄方愿同中方保持密切沟通,共同为局势降温作出积极努力,维护地区和平稳定。
习近平阐述了中方的原则立场并表示,当前中东局势很危急,再次印证世界进入新的动荡变革期。如果冲突进一步升级,不仅冲突双方将遭受更大损失,地区国家也将深受其害。针对当前事态,我提出四点主张。
第一,推动停火止战是当务之急。武力不是解决国际争端的正确方式,只会加剧仇恨和矛盾。冲突当事方尤其是以色列应当尽快停火,防止局势轮番升级,坚决避免战争外溢。
第二,保障平民安全是重中之重。无论任何时候,军事冲突中保护平民的红线都不能突破,无差别使用武力的行为都不可接受。冲突当事方应严格遵守国际法,坚决避免殃及无辜平民,并为第三国公民撤离提供便利。
第三,开启对话谈判是根本出路。沟通对话是实现持久和平的正确路径。要坚定政治解决伊朗核问题大方向不动摇,坚持通过对话谈判推动伊朗核问题重回政治解决轨道。
第四,国际社会促和努力不可或缺。中东不稳,天下难安。以伊冲突导致中东紧张局势骤然升级,也对全球安全造成严重冲击,国际社会特别是对冲突当事方有特殊影响的大国要为推动局势降温作出努力,而不是相反。联合国安理会应当为此发挥更大作用。
习近平强调,中方愿继续同各方加强沟通协调,凝聚合力、主持公道,为恢复中东地区和平发挥建设性作用。
两国元首高度评价中俄政治互信和高水平战略协作,同意保持密切高层交往,推进各领域合作,推动中俄全面战略协作伙伴关系深入发展。(完)