China
တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အမေရိကန်၏ သက်ဆိုင်ရာပြောဆိုချက်နှင့်စပ်လျဉ်း၍ သတင်းထောက် မေးမြန်းမှုကို ဖြေကြား

ပေကျင်း၊ ဇွန် ၂ ရက် (ဆင်ဟွာ)
အမေရိကန်က စီးပွားရေးနှင့် ကုန်သွယ်ရေး ပွတ်တိုက်မှုအသစ်ကို အဆက်မပြတ်စတင်လုပ် လုပ်ဆောင်လာခြင်းသည် နှစ်ဖက် ကုန်သွယ်ရေးနှင့် စီးပွားရေးဆက်ဆံမှု၏ မသေချာမှု၊ မတည်ငြိမ်မှုများ တိုးပွားလာစေကြောင်း၊ ၎င်းသည် မိမိကိုယ်ကိုပြန်လည်သုံးသပ်ခြင်းမပြုဘဲ ပြန်၍အသံကောင်းဟစ်ကာ တရုတ်ဘက်က သဘောတူညီချက် ချိုးဖောက်သည်ဟု အကြောင်းမဲ့စွပ်စွဲနေကြောင်း၊ ယင်းသည် ဖြစ်ရပ်မှန်နှင့် ဆိုးရွားစွာ ဆန့်ကျင်လျက်ရှိကြောင်း၊ တရုတ်ဘက်က အကြောင်းမဲ့ ပြစ်တင်မှုကို ခိုင်မာစွာ ငြင်းဆန်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဇွန် ၂ ရက်တွင် အမေရိကန်၏ သက်ဆိုင်ရာပြောဆိုချက်နှင့်စပ်လျဉ်း၍ သတင်းထောက် မေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် တရုတ်-အမေရိကန်၏ ဂျီနီဗာ စီးပွားရေးနှင့် ကုန်သွယ်ရေး တွေ့ဆုံဆွေးနွေးပွဲ သဘောတူညီချက်ကို ချိုးဖောက်သည်ဟု လတ်တလောရက်ပိုင်းတွင် အမေရိကန်ဘက်က အဆက်မပြတ် သတင်းများ ပေါ်ထွက်လာကြောင်း၊ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုသနည်းဟု သတင်းထောက်က မေးမြန်းရာတွင် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံဘက်က သက်ဆိုင်ရာအခြေအနေအား သတိထားမိကြောင်း၊ တရုတ်-အမေရိကန် နှစ်ဖက်သည် မေ ၁၂ ရက်တွင် “တရုတ်-အမေရိကန် ဂျီနီဗာ စီးပွားရေးနှင့် ကုန်သွယ်ရေး တွေ့ဆုံဆွေးနွေးပွဲ ပူးတွဲကြေညာချက်” ထုတ်ပြန်ပြီးနောက် တရုတ်နိုင်ငံဘက်က ပူးတွဲကြေညာချက်တွင် ရရှိထားသည့် သဘောတူညီချက်နှင့်အညီ အမေရိကန်၏ “အလားတူစည်းကြပ်ခွန်” ကို ဦးတည်၍ လုပ်ဆောင်သော သက်ဆိုင်ရာ စည်းကြပ်ခွန်နှင့် စည်းကြပ်ခွန် မဟုတ်သည့် အစီအမံများကို ဖယ်ရှားခြင်း သို့မဟုတ် ယာယီရပ်တန့်ခြင်း လုပ်ဆောင်ခဲ့ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် တာဝန်သိတတ်သော သဘောထားကို အရင်းခံကာ ဂျီနီဗာ စီးပွားရေးနှင့် ကုန်သွယ်ရေး တွေ့ဆုံဆွေးနွေးပွဲ သဘောတူညီချက်ကို အလေးအနက်ထား၍ တင်းကျပ်စွာ အကောင်အထည်ဖော်ပြီး တက်ကြွစွာ ကာကွယ်ထိန်းသိမ်းလျက်ရှိကြောင်း၊ တရုတ်နိုင်ငံဘက်က အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းမှုသည် ပြတ်သားခိုင်မာပြီး သဘောတူညီချက်အား အကောင်အထည်ဖော်ဆောင်ရာတွင် ရိုးသားမှုရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်ကို ပြန်ကြည့်ပါက ဂျီနီဗာ စီးပွားရေးနှင့် ကုန်သွယ်ရေး တွေ့ဆုံဆွေးနွေးမှုပြီးနောက် AI ချစ်ပ်ပြား တင်ပို့မှု ကန့်သတ်ခြင်း လမ်းညွှန်ချက် ထုတ်ပြန်ခြင်း၊ တရုတ်နိုင်ငံအပေါ် ချစ်ပ်ပြား ဒီဇိုင်းရေးဆွဲမှု ဆော့ဖ်ဝဲလ် (EDA) ရောင်းချမှု ရပ်တန့်ခြင်း၊ တရုတ်နိုင်ငံမှ ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများ၏ ဗီဇာအား ဖျက်သိမ်းသည်ဟု ကြေညာခြင်း စသည်တို့ အပါအဝင် တရုတ်နိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုရှိသော ကန့်သတ်ချက်အစီအမံများစွာ ဆက်တိုက်အသစ်တိုး ထုတ်ပြန်ခဲ့ကြောင်း၊ ထိုလုပ်ရပ်များသည် နှစ်နိုင်ငံခေါင်းဆောင်များ၏ ဇန်ဝါရီ ၁၇ ရက် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှု သဘောတူညီချက်အား ဆိုးရွားစွာ ချိုးဖောက်နေပြီး ဂျီနီဗာ စီးပွားရေးနှင့် ကုန်သွယ်ရေး တွေ့ဆုံဆွေးနွေးပွဲတွင် ရရှိထားသော သဘောတူညီချက်ကိုလည်း ဆိုးရွားစွာ ဖျက်ဆီးခြင်းဖြစ်ကာ တရုတ်နိုင်ငံ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားကို ပြင်းထန်စွာထိခိုက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
“တရုတ်-အမေရိကန် ဂျီနီဗာ စီးပွားရေးနှင့် ကုန်သွယ်ရေး တွေ့ဆုံဆွေးနွေးပွဲ ပူးတွဲကြေညာချက်” သည် နှစ်ဖက်က အပြန်အလှန် လေးစားမှုရှိခြင်း၊ တန်းတူညီမျှ ဆွေးနွေးညှိနှိုင်းခြင်း အခြေခံမူတွင် ရရှိထားသည့် အရေးကြီး သဘောတူညီချက်ဖြစ်ကာ ရလဒ်ကို လွယ်ကူစွာ ရရှိထားခြင်းမဟုတ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
အမေရိကန်ဘက်က တရုတ်ဘက်နှင့် စိတ်တူကိုယ်တူလုပ်ဆောင်ရန်၊ သက်ဆိုင်ရာ မှားယွင်းသည့်လုပ်ရပ်အား ချက်ချင်းပြင်ဆင်ရန်၊ ဂျီနီဗာ စီးပွားရေးနှင့် ကုန်သွယ်ရေး တွေ့ဆုံဆွေးနွေးပွဲ သဘောတူညီချက်အား အတူတကွ ကာကွယ်ထိန်းသိမ်းရန်၊ တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး ဆက်ဆံရေး ကောင်းမွန်စွာ၊ တည်ငြိမ်စွာ၊ စဉ်ဆက်မပြတ်ဖြစ်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေးရန် မိမိတို့တိုက်တွန်းကြောင်း၊ အမေရိကန်ဘက်က တဇွတ်ထိုးလုပ်ဆောင်၍ တရုတ်နိုင်ငံအကျိုးစီးပွားကို ဆက်လက်ထိခိုက်စေမည်ဆိုပါက တရုတ်နိုင်ငံအနေဖြင့် အားကောင်းသော အစီအမံများ ဆက်လက်ခိုင်မာစွာ လုပ်ဆောင်ခြင်းဖြင့် မိမိ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
————–
(Chinese Version)
商务部新闻发言人就美方有关言论答记者问
新华社北京6月2日电 商务部新闻发言人2日就美方有关言论答记者问时表示,美单方面不断挑起新的经贸摩擦,加剧双边经贸关系的不确定性、不稳定性,不仅不反思自身,反而倒打一耙,无端指责中方违反共识,这严重背离事实。中方坚决拒绝无理指责。
有记者问:近日,美方不断有消息称,中方违反中美日内瓦经贸会谈共识,请问商务部对此有何评价?商务部新闻发言人作出上述回应。
发言人说,中方注意到有关情况。5月12日,中美双方发布《中美日内瓦经贸会谈联合声明》后,中方按照联合声明达成的共识,取消或暂停了针对美“对等关税”采取的相关关税和非关税措施。中方本着负责任的态度,认真对待、严格落实、积极维护日内瓦经贸会谈共识。中方维护权益是坚定的,落实共识是诚信的。反观美方,在日内瓦经贸会谈后,陆续新增出台多项对华歧视性限制措施,包括发布AI芯片出口管制指南、停止对华芯片设计软件(EDA)销售、宣布撤销中国留学生签证等。这些做法严重违背两国元首1月17日通话共识,严重破坏日内瓦经贸会谈既有共识,严重损害中方正当权益。
发言人表示,《中美日内瓦经贸会谈联合声明》是双方在相互尊重、平等协商原则下达成的重要共识,成果来之不易。我们敦促美方与中方相向而行,立即纠正有关错误做法,共同维护日内瓦经贸会谈共识,推动中美经贸关系健康、稳定、可持续发展。如美方一意孤行,继续损害中方利益,中方将继续坚决采取有力措施,维护自身正当权益。(完)