Connect with us

China

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ရာ့တုန်းခရိုင် သစ်ရွက်စား အမြီးရှည်မျောက်များ တောင်အောက်ဆင်း၍ “ဧည့်သည်များနှင့် တွေ့ဆုံ”

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ရစ်ခါးကျယ်မြို့ ရာ့တုန်းခရိုင်တွင် သစ်ရွက်စား အမြီးရှည်မျောက်တစ်ကောင်က သစ်ကိုင်းပေါ်၌ ဆော့ကစားနေသည်ကို ဇွန် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လားဆ၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)
ဟိမဝန္တာတောင် သစ်ရွက်စား အမြီးရှည်မျောက် (အတိုကောက်အားဖြင့် သစ်ရွက်စား အမြီးရှည်မျောက် ဟုခေါ်ဆိုမည်) သည် တရုတ်နိုင်ငံပြည်တွင်း၌ အရေအတွက် အလွန်နည်းပါးပြီး အဓိကအားဖြင့် တရုတ်နိုင်ငံ ရှီးဇန့်ဒေသတောင်ပိုင်းရှိ မော့ထော၊ ရာ့တုန်း၊ ကျီလုံ စသည့်ဒေသများ၏ သစ်တောဇုန်များတွင် နေထိုင်ကျက်စားလျက်ရှိပြီး နိုင်ငံတော် အဆင့် (၁) ကာကွယ်ထားသော တောရိုင်းတိရစ္ဆာန်ဖြစ်သည်။

လတ်တလောနှစ်ပိုင်းတွင် ရှီးဇန့်ဒေသ ရစ်ခါးကျယ်မြို့ ရာ့တုန်းခရိုင်၌ ဂေဟပတ်ဝန်းကျင် စီမံခန့်ခွဲမှု အဆင့်အတန်း အဆက်မပြတ် မြင့်တက်လာသည်နှင့်အမျှ ဂေဟပတ်ဝန်းကျင် တစ်နေ့တခြား တိုးတက်ကောင်းမွန်လာသည်။ သစ်ရွက်စား အမြီးရှည်မျောက်များက မကြာခဏတောင်အောက်ဆင်း၍ ဒေသခံပြည်သူ၊ ခရီးသွားဧည့်သည်များနှင့် ရင်းနှီးစွာ ထိတွေ့ဆက်ဆံလေ့ရှိကြရာ တစ်မူထူးခြားသည့် ရှုခင်းတစ်ခု ဖြစ်လာခဲ့ပေဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ရစ်ခါးကျယ်မြို့ ရာ့တုန်းခရိုင်တွင် သစ်ရွက်စား အမြီးရှည်မျောက်တစ်ကောင်က သစ်ကိုင်းပေါ်၌ ဆော့ကစားနေသည်ကို ဇွန် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ရစ်ခါးကျယ်မြို့ ရာ့တုန်းခရိုင် ကားလမ်းမဘေးတွင် သစ်ရွက်စား အမြီးရှည်မျောက်တစ်ကောင်က ကားခေါင်မိုးပေါ်တွင် အနားယူရင်း လေ့လာနေသည်ကို ဇွန် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————-
(Chinese Version)
西藏亚东:长尾叶猴下山“会客”
新华社照片,拉萨,2025年6月21日
喜马拉雅山长尾叶猴(简称长尾叶猴)在中国境内数量稀少,主要分布于西藏南部的墨脱、亚东、吉隆等地的林区,是国家一级保护野生动物。
近年来,随着西藏日喀则市亚东县生态环境治理水平持续提升,生态环境日益向好。长尾叶猴时常下山与居民、游客亲密互动,已成为一道独特的风景线。
1、2、6月20日,在日喀则市亚东县,一只长尾叶猴在树枝上玩耍。 新华社记者 丁增尼达 摄
3、6月20日,在亚东县一条公路边,一只长尾叶猴蹲坐在车顶休息观望。新华社记者 丁增尼达 摄