China
လုပ်ငန်းခွင်ဝင်မှုနှင့် စီးပွားရေး တည်ငြိမ်မှုအတွက် မူဝါဒကိရိယာများကို အဆက်မပြတ် ကောင်းမွန်ပြည့်စုံအောင် လုပ်ဆောင်ရမည်ဟု တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် အဖွဲ့ဝင် ဆို

ပေကျင်း၊ ဇွန် ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်သည် လုပ်ငန်းခွင်ဝင်မှုနှင့် စီးပွားရေး တည်ငြိမ်မှုအတွက် မူဝါဒကိရိယာများကို အဆက်မပြတ် ကောင်းမွန်ပြည့်စုံအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ယင်းမူဝါဒကိရိယာ အမျိုးမျိုးအား စနစ်တကျစုစည်းမှု၊ ညှိနှိုင်းတွဲဖက်လုပ်ဆောင်မှုကို အားဖြည့်ကာ လိုအပ်ချက်အရ အချိန်မီထုတ်ပြန် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် အထွေထွေဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် တင်းလျင်က ဇွန် ၅ ရက်၌ ဆင်ဟွာသတင်းဌာနက ထုတ်လွှင့်သည့် “တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ” All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီးတွင် ပြောကြားခဲ့သည်။
လက်ရှိတွင် ဘက်အသီးသီး၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီ၏ ဆုံးဖြတ်ချက်နှင့် ဖြန့်ကြက်စီမံမှုအရ လုပ်ငန်းခွင်ဝင်မှုနှင့် စီးပွားရေး တည်ငြိမ်စေခြင်းဖြင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးဖော်ဆောင်ခြင်းဆိုင်ရာ အစီအမံများအား အသေးစိတ် အကောင်အထည်ဖော်ခြင်းကို အရှိန်မြှင့်တွန်းအားပေးလျက်ရှိကြောင်း၊ မူဝါဒအစီအမံ အများစုကို စီစဉ်ထားသည့်အတိုင်း ဇွန်လကုန်မတိုင်မီ အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်သည်။
အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်အနေဖြင့် မူဝါဒညှိနှိုင်းလုပ်ဆောင်မှုကို တစ်ဆင့်မြှင့်တင်၍ ကဏ္ဍစုံပေါင်းစပ်ကာ ကောင်းမွန်စွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တင်းလျင်က ပြောကြားခဲ့သည်။
“လတ်တလောနှစ်ပိုင်းမှာ ကျွန်တော်တို့က သက်ဆိုင်ရာဘက်အသီးသီးနဲ့အတူ မက်ခရိုမူဝါဒ ဦးတည်ချက်ကို တစ်သမတ်တည်း အကဲဖြတ်မှုတွေ အဆက်မပြတ်လုပ်ဆောင်ခဲ့ပြီး စနစ်တွေ အဆက်မပြတ် ကောင်းမွန်ပြည့်စုံအောင်၊ အကဲဖြတ်မှု အတိုင်းအတာချဲ့ထွင်ကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်တည်ငြိမ်တဲ့ မူဝါဒပတ်ဝန်းကျင်ကို ကြိုးပမ်းဖန်တီးပေးခဲ့ပါတယ်” ၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်အနေဖြင့် အကဲဖြတ်မှုယန္တရားကို ဆက်လက်ပြည့်စုံလာစေရန် လုပ်ဆောင်ရင်း မူဝါဒချမှတ်မှုနှင့် ကျင့်သုံးမှုဖြစ်စဉ်တစ်ရပ်လုံးကို စီမံခန့်ခွဲကာ မူဝါဒထုတ်ပြန်ကျင့်သုံးသည့် အချိန်၊ အင်အား၊ ကြိမ်နှုန်းတို့ကို အထိုက်အလျောက်ဖြစ်အောင် လုပ်ဆောင်ခြင်းဖြင့် မူဝါဒတစ်ရပ်လုံးထိရောက်မှုစွမ်းရည်ကို မြှင့်တင်သွားမည်ဖြစ်ကြောင်း တင်းလျင်က ပြောကြားခဲ့သည်။
ပြည်တွင်းဝယ်လိုအားတိုးချဲ့ခြင်းသည် အစီအမံအချို့ အားဖြည့်လုပ်ဆောင်သည့် အဓိကအချက်များအနက် တစ်ခုဖြစ်ပေသည်။
ဝန်ဆောင်မှုစားသုံးခြင်းနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရန် ထပ်မံချေးငွေယူခြင်းကို ကောင်းမွန်စွာ အသုံးပြု၍ သက်ဆိုင်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ လူသုံးကုန်ပစ္စည်းများ အဟောင်းကို အသစ်ဖြင့်လဲလှယ်ရန် အရင်းအနှီးခွဲဝေပေးမှုကို အရှိန်မြှင့်ဖော်ဆောင်ပြီး ထောက်ပံ့ကြေးငွေ လျှောက်ထားမှုလုပ်ငန်းစဉ် လွယ်ကူစေရေးကို တွန်းအားပေးမည်ဖြစ်ကြောင်း၊ “သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအား စောင့်ရှောက်ခြင်း”၊ အိမ်အကူလုပ်ငန်း စသည့်ကဏ္ဍများတွင် အမျိုးအစား စုံလင်စွာ ဝန်ဆောင်မှု ထောက်ပံ့ပေးခြင်းကို တိုးချဲ့ပေးမည်ဖြစ်ကြောင်း၊ မြို့ပြအသစ်ဖော်ဆောင်မှုကို စဉ်ဆက်မပြတ် တွန်းအားပေးခြင်းဖြင့် စားသုံးမှုအခြေခံအဆောက်အဦ ကောင်းမွန်ပြည့်စုံရေးကို အရှိန်မြှင့် ဖော်ဆောင်ကာ ပုဂ္ဂလိအရင်းအနှီးရှင်များထံသို့ အရည်အသွေးကောင်းမွန်သော စီမံကိန်းများ တက်တက်ကြွကြွ မိတ်ဆက်ပေး၍ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု၏ စိတ်အားထက်သန်မှုကို မြှင့်တင်သွားမည် ဖြစ်ကြောင်း တင်းလျင်က ပြောကြားခဲ့သည်။
“အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်က စီးပွားရေး စောင့်ကြည့်တိုင်းတာမှု၊ ကြိုတင်ခန့်မှန်းမှု၊ ကြိုတင်သတိပေးမှုတို့ကို စဉ်ဆက်မပြတ်အားဖြည့်၍ ပုံမှန်ဖြစ်ခြင်း၊ အန္တရာယ်ရှိနိုင်ခြင်းအတွက် မူဝါဒရေးရာ ကြိုတင်လေ့လာပြင်ဆင်မှုများကို ကောင်းမွန်စွာ လုပ်ဆောင်ထားမှာဖြစ်ပါတယ်။ ဒါ့အပြင် မက်ခရိုစီးပွားရေး ချိန်ညှိမှုရဲ့ ရှေးရှုမှု၊ ဦးတည်မှု၊ ထိရောက်မှုကို မြှင့်တင်ခြင်းဖြင့် မူဝါဒအသီးသီးက တူညီတဲ့လားရာဆီ အားဖြည့်ဖော်ဆောင်ကာ ပေါင်းစပ်အင်အားဖြစ်လာမှုကို အာမခံပေးမှာဖြစ်ပါတယ်” ဟု တင်းလျင်က ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
中国经济圆桌会|国家发展改革委:不断完善稳就业稳经济的政策工具箱
新华社北京6月5日电(记者魏玉坤)国家发展改革委综合司副司长丁琳在新华社5日推出的“中国经济圆桌会”大型全媒体访谈节目中表示,国家发展改革委将不断完善稳就业稳经济的政策工具箱,加强各种工具的系统集成、协同配合,根据需要及时推动出台实施。
目前,各方面正在按照党中央、国务院决策部署,加快推动稳就业稳经济推动高质量发展的若干举措落实落细,大部分政策举措将按计划在6月底前落地。丁琳表示,国家发展改革委将进一步加强政策协同,打好“组合拳”。
“近年来,我们会同有关方面持续做好宏观政策取向一致性评估,不断完善制度体系、拓展评估范围,努力为经济发展营造良好稳定的政策环境。”丁琳说,国家发展改革委将持续完善评估机制,统筹政策制定和执行全过程,把握好政策出台实施的时机、力度、节奏,提高政策整体效能。
扩大国内需求是若干举措发力的重点之一。丁琳表示,将用好服务消费与养老再贷款支持相关领域发展;加快消费品以旧换新资金下达,推动简化补贴申领流程;扩大“一老一小”、家政等领域多元化服务供给;持续推进城市更新,加快完善消费基础设施,积极向民间资本推介优质项目,提振民间投资积极性。
“国家发展改革委将持续加强经济监测预测预警,常态化、敞口式做好政策预研储备,进一步提高宏观调控的前瞻性、针对性、有效性,确保各项政策同向发力、形成合力。”丁琳说。(完)