China
အမေရိကန်က အီရန် နျူကလီးယားအဆောက်အဦများအား တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ သတင်းထောက် မေးမြန်းမှုအား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဖြေကြား

ပေကျင်း၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဇွန် ၂၂ ရက်တွင် အမေရိကန်က အီရန် နျူကလီးယား အဆောက်အဦများအား တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ သတင်းထောက် မေးမြန်းမှုအား ဖြေကြားခဲ့သည်။
အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က အီရန်နိုင်ငံ၏ ဖော်ဒိုး၊ နာတန့်ဇ်၊ အက်စ်ဖာဟန်ဟူသည့် နျူကလီးယား အဆောက်အဦနေရာ ၃ ခုအား တိုက်ခိုက်မှုများပြီးမြောက်ခဲ့ပြီးဖြစ်သည်ဟု ကြေညာခဲ့ကြောင်း ယင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်က မေးမြန်းခဲ့သည်။
ပြောခွင့်ရပုဂ္ဂိုလ်က တရုတ်နိုင်ငံအနေဖြင့် အမေရိကန်က အီရန်အား တိုက်ခိုက်မှု၊ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) စောင့်ကြပ်မှုအောက်ရှိ နျူကလီးယားအဆောက်အဦအား တိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ အမေရိကန်၏ အဆိုပါလုပ်ရပ်သည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ရည်ရွယ်ချက်၊ အခြေခံမူနှင့် နိုင်ငံတကာဥပဒေအား ပြင်းထန်စွာချိုးဖောက်နေပြီး အရှေ့အလယ်ပိုင်းဒေသ တင်းမာအခြေအနေကို ဆိုးရွားစေကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာဘက်အသီးသီး အထူးသဖြင့် အစ္စရေးဘက်က ဆောလျင်စွာ အပစ်အခတ်ရပ်စဲရန်၊ အရပ်သားပြည်သူများ ဘေးကင်းလုံခြုံမှုကို အာမခံရန်၊ ဆွေးနွေးညှိနှိုင်းမှုကို စတင်ရန် တိုက်တွန်းကြောင်း၊ တရုတ်နိုင်ငံက နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ စုပေါင်းအင်အားစုစည်းကာ တရားမျှတမှုကိုဖော်ဆောင်ပြီး အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပြန်လည်ဖော်ဆောင်ရန်အတွက် ကြိုးပမ်းသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
———————-
(Chinese Version)
外交部发言人就美国打击伊朗核设施答记者问
新华社北京6月22日电 外交部发言人22日就美国打击伊朗核设施答记者问。
有记者问:美国总统特朗普宣布,已完成对伊朗福尔道、纳坦兹、伊斯法罕三处核设施打击。请问中方对此有何评论?
发言人表示,中方强烈谴责美方袭击伊朗,攻击国际原子能机构监管下的核设施。美方此举严重违反联合国宪章宗旨和原则以及国际法,加剧中东紧张局势。中方呼吁冲突当事方尤其是以色列尽快停火,保障平民安全,开启对话谈判。中方愿同国际社会一道,凝聚合力、主持公道,为恢复中东地区和平稳定作出努力。(完)
图说:这是6月17日在伊朗首都德黑兰市区拍摄的浓烟。新华社记者沙达提摄