Connect with us

China

အီရန်အား အမေရိကန်တိုက်ခိုက်မှုအပေါ် ပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တရုတ်ကိုယ်စားလှယ်က ပြောကြား

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် လုံခြုံရေးကောင်စီ အရေးပေါ်တံခါးဖွင့်အစည်းအဝေး ကျင်းပနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်က အီရန်အား တိုက်ခိုက်ခြင်း၊ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ အာမခံကြီးကြပ်မှုရှိသော နျူကလီးယားအဆောက်အဦများအား တိုက်ခိုက်ခြင်းအပေါ် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဇွန် ၂၂ ရက် လုံခြုံရေးကောင်စီ အရေးပေါ် တံခါးဖွင့်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အီရန်ရှိ Fordo ၊ Natanz နှင့် Isfahan နျူကလီးယားအဆောက်အဦ ၃ ခုကို အမေရိကန်ဘက်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းလုပ်ရပ်မှာ “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” ရည်ရွယ်ချက်နှင့် အခြေခံမူ၊ နိုင်ငံတကာဥပဒေကို ဆိုးရွားစွာ ချိုးဖောက်ခြင်းဖြစ်သလို အီရန်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို ထိပါးကျူးကျော်ခြင်း ဖြစ်ရာ အရှေ့အလယ်ပိုင်း တင်းမာသည့်အခြေအနေကို ဆိုးရွားစေသလို နိုင်ငံတကာ နျူကလီးယားမပြန့်ပွားရေးစနစ်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်ခြင်း ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် သမာသမတ်ကျမှုကို လက်ကိုင်ထားကာ အခြေအနေပြေလျော့ရန်၊ ငြိမ်းချမ်းတည်ငြိမ်မှု ပြန်လည်ရရှိရန် တွန်းအားပေးရေးအတွက် လက်တွေ့ကြိုးပမ်းရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိ အရှေ့အလယ်ပိုင်းအခြေအနေသည် ရုတ်ချည်း တင်းမာလာရာ အချင်းဖြစ်ရပ်အခြေအနေများ အထိန်းအကွပ်မဲ့မည်ကို တရုတ်နိုင်ငံက အထူးစိုးရိမ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။

ပဋိပက္ခဖြစ်ပွားသူကာယကံရှင်များ၊ အထူးသဖြင့် အစ္စရေးသည် ချက်ချင်းအပစ်ရပ်သင့်ကာ အခြေအနေများ ဆက်တိုက်အရှိန်မြင့်တက်လာမည်ကို ကာကွယ်ရမည်ဖြစ်သလို စစ်ပွဲပြင်ပသို့ယိုလျှံလာမှုကို အခိုင်အမာရှောင်ကြဉ်ရမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဘက်အသီးသီးအနေဖြင့် နိုင်ငံတကာဥပဒေကို လေးစားလိုက်နာသင့်ကာ လက်နက်အင်အားသုံးလိုမှုကို ထိန်းသိမ်းရမည် ဖြစ်သလို ပဋိပက္ခ ပြင်းထန်လာမှု၊ မီးလောင်ရာလေပင့်လုပ်ဆောင်မှုကို ရှောင်ကြဉ်ရမည် ဖြစ်ကြောင်း၊ ပဋိပက္ခကြောင့် အရပ်သားပြည်သူအများအပြား သေဆုံးဒဏ်ရာရမှုအပေါ် တရုတ်နိုင်ငံအနေဖြင့် နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းကြေကွဲရကြောင်း၊ အရပ်သားပြည်သူနှင့် အရပ်ဘက်သုံးအဆောက်အဦများသည် စစ်ရေးလှုပ်ရှားမှု၏ ပစ်မှတ်ဖြစ်၍မရကြောင်း၊ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေ၏ အောက်ဆုံးစည်းမျဉ်းကို ချိုးဖောက်၍မရကြောင်း၊ ပဋိပက္ခဖြစ်ပွားသူများသည် ဒေသတွင်းနိုင်ငံ ပြည်သူများ၏ အကျိုးစီပွားနှင့် ချမ်းသာသုခကို အလေးထားသင့်ပြီး အပြစ်မဲ့အရပ်သားပြည်သူများ ဒုက္ခရောက်ရမည်ကို အခိုင်အမာရှောင်ကြဉ်ရမည်ဖြစ်သလို အရပ်ဘက်သုံးအဆောက်အဦများအား တိုက်ခိုက်ခြင်းကို ရှောင်ရှားရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်နက်အင်အားဖြင့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကို လဲလှယ်၍ မရကြောင်း၊ စေ့စပ်ဆွေးနွေးခြင်းသည်သာ အခြေခံကျသည့် ထွက်လမ်းဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ လက်ရှိတွင် အီရန် နျူကလီးယားအရေး၏ သံတမန်ရေးနည်းလမ်းသည် လမ်းမဆုံးသေးသလို ငြိမ်းချမ်းစွာ ဖြေရှင်းရေးမှာ မျှော်လင့်ချက်ရှိဆဲပင်ဖြစ်ကြောင်း၊ နိုင်ငံရေးဖြင့် အီရန်နျူကလီးယားအရေးကို ဖြေရှင်းသည့် ဦးတည်ချက်ကြီးကို မယိမ်းမယိုင် အခိုင်အမာ ထားရှိရမည် ဖြစ်သလို စေ့စပ်ဆွေးနွေးခြင်းမှတစ်ဆင့် နိုင်ငံရေးနည်းလမ်းဖြင့် အီရန်နျူကလီးယားအရေး ဖြေရှင်းသည့်လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိအောင် ခိုင်မာစွာ တွန်းအားပေးကာ ဘက်အသီးသီး အားလုံးလက်ခံနိုင်သည့် သဘောတူညီချက်ရရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လုံခြုံရေးကောင်စီသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရာတွင် ထိပ်တန်းတာဝန်ရှိရာ ကြီးမားသည့်အကျပ်အတည်းအန္တရာယ်များကို ရင်ဆိုင်ရာတွင် မည်သည့်လုပ်ဆောင်ချက်မျှ မရှိ၍မရကြောင်း၊ ရုရှား၊ တရုတ်၊ ပါကစ္စတန် နိုင်ငံများသည် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်ကို အဆိုပြုပြီးဖြစ်ရာ ခြွင်းချက်မရှိ ချက်ချင်းအပစ်ရပ်ရန်၊ အရပ်သားများအား အကာအကွယ်ပေးရန်၊ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာရန်၊ စေ့စပ်ဆွေးနွေးမှု လုပ်ဆောင်ရန် တိုက်တွန်းထားကြောင်း၊ လုံခြုံရေးကောင်စီအဖွဲ့ဝင်များက တာဝန်ယူမှုတာဝန်ခံမှုကို ပြသကာ ယင်းအဆိုပြုချက်မူကြမ်းအား အတူတကွ ထောက်ခံအားပေးပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး တာဝန်အပြည့်အဝထမ်းဆောင်ရန်အတွက် လုံခြုံရေးကောင်စီကို တွန်းအားပေးရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ စုပေါင်းအင်အားကို စုစည်းကာ တရားမျှတမှုကို လက်ကိုင်ထားပြီး အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းတည်ငြိမ်မှု ပြန်လည်ရရှိရေးအတွက် မဆုတ်မနစ် ကြိုးပမ်းသွားလိုကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံး (အရှေ့အလယ်) က လုံခြုံရေးကောင်စီ အရေးပေါ်တံခါးဖွင့်အစည်းအဝေး၌ ပါဝင်ဆွေးနွေးရာတွင် ပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————
(Chinese Version)
中国代表在联合国安理会谴责美国袭击伊朗
新华社联合国6月22日电 中国常驻联合国代表傅聪22日在安理会紧急公开会上发言,强烈谴责美国袭击伊朗、攻击接受国际原子能机构保障监督的核设施。
傅聪说,美方对伊朗福尔道、纳坦兹和伊斯法罕三处核设施实施打击,此举严重违反《联合国宪章》宗旨和原则以及国际法,侵犯伊朗的主权、安全和领土完整,加剧中东紧张局势,严重冲击国际核不扩散体系。国际社会必须主持正义,为推动局势降温、恢复和平稳定作出切实努力。
傅聪说,当前中东局势骤然紧张,中方对事态可能走向失控深感担忧。冲突当事方、尤其是以色列应当立即停火,防止局势轮番升级,坚决避免战争外溢。有关各方应当遵守国际法,克制武力冲动,避免激化矛盾、火上浇油。中方对冲突导致大量平民伤亡深感痛心。平民和民用设施不能成为军事行动的目标,国际人道法的底线不可突破。冲突当事方应以地区国家民众的利益和福祉为重,坚决避免殃及无辜平民,避免攻击民用设施。
傅聪说,武力换不来中东和平,对话谈判才是根本出路。当前,伊朗核问题的外交手段并未穷尽,和平解决仍有希望。要坚持政治解决伊朗核问题的大方向不动摇,坚持通过对话谈判推动伊朗核问题重回政治解决轨道,达成各方均可接受的协议。安理会对维护国际和平与安全负有首要责任,面对重大危机不能无所作为。俄罗斯、中国、巴基斯坦已经提出一项安理会决议草案,呼吁立即无条件停火、保护平民、遵守国际法、开展对话谈判。中方期待安理会成员展现责任担当,共同支持该决议草案,推动安理会为维护国际和平与安全履职尽责。
傅聪说,中方愿同国际社会一道,凝聚合力、主持公道,为恢复中东地区和平稳定作出不懈努力。(完)
1. 6月22日,在位于纽约的联合国总部,安理会举行紧急公开会。新华社记者 谢锷 摄
2. 6月22日,在位于纽约的联合国总部,中国常驻联合国代表傅聪(前中)在安理会紧急公开会上发言。新华社记者 谢锷 摄