China
ဝမ်ရိက ဗြိတိန်ဝန်ကြီးချုပ်ဟောင်း၊ အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေးတို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေး

ပေကျင်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း Tony Blair ၊ အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး Ajit Doval တို့နှင့် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဇွန် ၂၃ ရက်က သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
Tony Blair နှင့်တွေ့ဆုံဆွေးနွေးစဉ်တွင် ဝမ်ရိက ယမန်နှစ်တွင် သမ္မတ ရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ် ကီယာစတားမာတို့ ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှု၊ တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ရာ တရုတ်-ဗြိတိန် ဆက်ဆံရေးသည် ကောင်းမွန်ဖွံ့ဖြိုးတိုးတက်သော မှန်ကန်သည့်လမ်းကြောင်းသို့ ရောက်ရှိရန် ဦးဆောင်ခဲ့ကြောင်း၊ ဗြိတိန်နိုင်ငံ အဆိုပြုသော တရုတ်နိုင်ငံအပေါ် ချိတ်ဆက်မှုရှိသော၊ ရေရှည်တည်တံ့သော၊ အပြန်အလှန်လေးစားသော မူဝါဒများ ဖော်ဆောင်မည်ကို တရုတ်နိုင်ငံက အထူးအလေးထားကြောင်း၊ ဗြိတိန်နိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်တို့ ရရှိထားသော အရေးကြီးသည့် သဘောတူညီမှုများကို အတူတကွလက်တွေ့ဖော်ဆောင်ကာ တရုတ်-ဗြိတိန်ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့သည်။
Tony Blair က တရုတ်နိုင်ငံအား ဖယ်ကြဉ်ထားခြင်းသည် မုချအောင်မြင်မည်မဟုတ်ကြောင်း၊ ကမ္ဘာကြီးအနေဖြင့် တရုတ်နိုင်ငံကို ပိုမိုသိရှိနားလည်သင့်ကြောင်း၊ ဗြိတိန်-တရုတ်ဆက်ဆံရေးသည် လွန်စွာအရေးကြီး၍ နှစ်ဖက်အနေဖြင့် အစိုးရ အလွှာအဆင့်အသီးသီးနှင့် လူမှုအသိုင်းအဝိုင်း နယ်ပယ်အသီးသီး ဆွေးနွေးဖလှယ်မှုအား အားဖြည့်ကာ အပြန်အလှန် အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။
Ajit Doval နှင့်တွေ့ဆုံဆွေးနွေးစဉ်တွင် ဝမ်ရိက ယမန်နှစ် အောက်တိုဘာလတွင် သမ္မတ ရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ် မိုဒီတို့ ကာဇန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်ဖက်ဆက်ဆံရေး တိုးတက်ကောင်းမွန်စေမည့် အရေးကြီးသော သဘောတူညီချက်များရရှိခဲ့ကြောင်း၊ တရုတ်နှင့် အိန္ဒိယအနေဖြင့် “အပြန်အလှန် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများ ဆောင်ကြဉ်းပေး၍ အပြန်အလှန် ခြိမ်းခြောက်မှုမဖြစ်စေရေး”၊ နှစ်ဖက်သည် “ပြိုင်ဘက်မဟုတ်သည့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်” ဟူသော အရေးကြီးသည့် သဘောတူညီချက်ကို အခိုင်အမာ ထိန်းသိမ်းကာ ထိလွယ်ရှလွယ်သော ကိစ္စရပ်များကို ကောင်းမွန်ဆီလျော်အောင် ဖြေရှင်းပြီး နယ်စပ်ဒေသငြိမ်းချမ်းသာယာရေးအား ထိန်းသိမ်းကာကွယ်သင့်ကြောင်း ပြောကြားခဲ့သည်။
Ajit Doval က အိန္ဒိယ-တရုတ် နှစ်နိုင်ငံ ခေါင်းဆောင်များ၏ အရေးကြီးသော သဘောတူညီချက်က နှစ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးတည်ချက် လမ်းညွှန်ပေးခဲ့ကြောင်း၊ နှစ်ဖက်သည် နှစ်ဖက်ဆက်ဆံရေးကို ရေရှည်နှင့် မဟာဗျူဟာရှုထောင့်မှ ရှုမြင်သင့်ပြီး အပြန်အလှန် နားလည်လက်ခံပေးကာ ဘုံအကျိုးစီးပွားအား တိုးချဲ့သင့်ကြောင်း၊ တရုတ်နိုင်ငံသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံအဖြစ် ထိပ်သီးအစည်းအဝေးကို ကောင်းမွန်စွာ ကျင်းပခြင်းကို အိန္ဒိယနိုင်ငံက အပြည့်အဝ ထောက်ခံကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး Ajit Doval တို့ တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဇွန် ၂၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြစဉ် (ဆင်ဟွာ)
………………
(Chinese Version)
王毅分别会见英国前首相、印度国家安全顾问
新华社北京6月23日电 中共中央政治局委员、中央外办主任王毅23日在京分别会见英国前首相布莱尔,印度国家安全顾问、中印边界问题印方特别代表多瓦尔。
会见布莱尔时,王毅说,去年习近平主席和斯塔默首相先后通话、会晤,引领中英关系走上改善发展正轨。中方重视英方提出要奉行连贯、持久、相互尊重的对华政策,愿同英方共同落实两国领导人达成的重要共识,推动中英关系健康稳定发展。
布莱尔说,孤立中国注定不会成功,世界应更多了解中国。英中关系十分重要,双方应加强政府各层级和社会各界对话交流,广泛开展互利合作。
会见多瓦尔时,王毅说,去年10月,习近平主席同莫迪总理在喀山会晤,达成改善双边关系重要共识。中印应坚持“互为发展机遇、互不构成威胁”,双方“是合作伙伴而非竞争对手”的重要共识,妥善处理敏感问题,维护边境地区和平安宁。
多瓦尔表示,印中两国领导人重要共识为双边关系发展指明了方向。双方应从长远和战略视角看待双边关系,相互理解包容,扩大共同利益。印方完全支持中方作为上合组织轮值主席国办好峰会。(完)
图说1:6月23日,中共中央政治局委员、中央外办主任王毅在北京会见英国前首相布莱尔。 新华社记者 王晔 摄
图说2:6月23日,中共中央政治局委员、中央外办主任王毅在北京会见印度国家安全顾问、中印边界问题印方特别代表多瓦尔。新华社记者 王晔 摄