China
အာဖရိက ကူညီရေး တရုတ်ဆေးကုသမှုအဖွဲ့တွင် ထူးချွန်သည့်အဖွဲ့ဝင်တစ်ဦး ဆုံးရှုံးသွားရသည့်အပေါ် ဝမ်းနည်းကြေကွဲရကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

ပေကျင်း၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)
တန်ဇန်းနီးယားနိုင်ငံတွင် အကူအညီပေးသည့် ၂၇ သုတ်မြောက် တရုတ်ဆေးကုသရေးအဖွဲ့ခေါင်းဆောင် ကျန်းကျွင်းချောင်သည် ဇွန် ၁၅ ရက်က ဒါအက်စ် ဆယ်လန်းမြို့ကမ်းခြေတွင် ဒေသခံအမျိုးသမီးတစ်ဦး ရေနစ်နေသည်ကို ကယ်ဆယ်ရင်း အသက်ဆုံးရှုံးခဲ့သည်။
ထို့အပေါ် မေးမြန်းမှုများကို ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဇွန်လ ၂၄ ရက်တွင် ဖြေကြားရာတွင် ရဲဘော်ကျန်းကျွင်းချောင်သည် တရုတ်-အာဖရိက ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်သည့် စိတ်ဓာတ်ကို အသက်ပေးကာ လက်တွေ့ဖော်ဆောင် ပြသလိုက်ခြင်းဖြစ်ပြီး အာဖရိက ကူညီရေး ဆေးကုသမှုအဖွဲ့က တရုတ်-အာဖရိက ချစ်ကြည်ရေးအတွက် အကျိုးဆောင်မှုကို တရုတ်-အာဖရိက ပြည်သူများက ထာဝရမမေ့နိုင်ကြောင်း ပြောကြားခဲ့သည်။
ရဲဘော် ကျန်းကျွင်းချောင်သည် ဒေသခံပြည်သူအား ကယ်ဆယ်ရန်အတွက် ရဲဝံ့စွာ အသက်ပေးခဲ့ရာ အသက်ဖြင့် တရုတ်-အာဖရိက ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရေးစိတ်ဓာတ်ကို ဖော်ဆောင်ခြင်း၊ အခက်အခဲကို မကြောက်ရွံ့ခြင်း၊ ပေးဆပ်လိုခြင်း၊ အသက်အန္တရာယ်ရှိသူနှင့် ဒဏ်ရာရသူများအား ကူညီကယ်ဆယ်ခြင်း၊ နယ်စည်းမခြား မေတ္တာတရားရှိသည့် တရုတ်ဆေးကုသရေးအဖွဲ့၏ စိတ်ဓာတ်ကို မြှင့်တင်ခဲ့ကြောင်း ကောကျားခွန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ကျွန်တော်တို့က ရဲဘော်ကျန်းကျွင်းချောင်ရဲ့ မိသားစုဝင်တွေအပေါ် နက်ရှိုင်းစွာ နှစ်သိမ့်အားပေးသလို အာဖရိက ကူညီရေးဆေးအဖွဲ့မှာ ထူးချွန်တဲ့အဖွဲ့ဝင်တစ်ဦး ဆုံးရှုံးသွားတဲ့အပေါ် ဝမ်းနည်းကြေကွဲရပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
၁၉၆၃ ခုနှစ်မှစ၍ တရုတ် ဆေးကုသမှုအဖွဲ့ အာဖရိကကို ကူညီပေးခြင်းသည် နှစ်ပေါင်း ၆၂ နှစ်ကြာကို လျှောက်လှမ်းခဲ့ပြီဖြစ်ကြောင်း၊ တန်ဇန်းနီးယားနိုင်ငံ ကူညီရေး တရုတ်ဆေးကုသမှုအဖွဲ့များသည် ယနေ့ထိတိုင်ဆိုလျှင် ၅၇ နှစ် သမိုင်းရှိပြီဖြစ်သလို ဆေးကုသမှုအဖွဲ့ဝင် စေတနာမေတ္တာတရားဖြင့် ဒေသခံပြည်သူများကို အကျိုးပြုခဲ့ရာ “မရွှေ့ပြောင်းသည့် ဆေးကုသရေးအဖွဲ့” တစ်ဖွဲ့ကို တည်ဆောက်ပေးခဲ့ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
အာဖရိက ကူညီရေး ဆေးကုသမှုအဖွဲ့သည် တရုတ်-အာဖရိက ချစ်ကြည်ရေးအတွက် အကျိုးဆောင်မှုကို တရုတ်-အာဖရိက ပြည်သူများ ထာဝရ မမေ့နိုင်သလို သမိုင်းကလည်း အမှတ်ရနေမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
外交部:对援非医疗队失去一位优秀队员感到痛心
新华社北京6月24日电(记者温馨、刘杨)6月15日,第27批中国援坦桑尼亚医疗队队长张军桥在达累斯萨拉姆市海边因施救一名当地落水女性不幸身亡。外交部发言人郭嘉昆24日就此答问时表示,张军桥同志用生命践行中非友好合作精神,援非医疗队为中非友好所作的贡献中非人民永远不会忘记。
郭嘉昆在例行记者会上说,张军桥同志为施救当地民众英勇牺牲,用生命践行中非友好合作精神,弘扬不畏艰苦、甘于奉献、救死扶伤、大爱无疆的中国医疗队精神。“我们对张军桥同志的家属表示诚挚慰问,对援非医疗队失去一位优秀队员感到痛心。”
郭嘉昆说,1963年以来,中国医疗援非走过了62个春秋,中国援坦桑尼亚医疗队至今也有57年历史,医疗队员们以仁心仁术造福当地人民,建设了一支“带不走的医疗队”。援非医疗队为中非友好所作的贡献,中非人民永远不会忘记,历史也不会忘记。(完)
1. 2025年3月21日,张军桥医生(右)在坦桑尼亚达累斯萨拉姆穆欣比利国立医院的手术台上工作。新华社发