Connect with us

China

BRICS နိုင်ငံများနှင့်အတူ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ကာကွယ်ထိန်းသိမ်းရန်အတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းအား ဇွန် ၂၄ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

BRICS နိုင်ငံများသည် ကမ္ဘာကြီး ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအား ကာကွယ်ထိန်းသိမ်းရန်၊ နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုအား ကာကွယ်ရန် တိုးတက်လာသည့် အင်အားဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် BRICS နိုင်ငံများနှင့်အတူ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ကာကွယ်ထိန်းသိမ်းရန်အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ဇွန် ၂၅ ရက်တွင် ပြောကြားခဲ့သည်။

မကြာသေးမီက BRICS ဥက္ကဋ္ဌနိုင်ငံ ဘရာဇီးက “အီရန်ပိုင်နက်မြေ စစ်ရေးတိုက်ခိုက်မှုခံရပြီးနောက် အရှေ့အလယ်ပိုင်းဒေသ လုံခြုံရေး အခြေအနေ အရှိန်မြင့်တက်လာမှုအပေါ် BRICS နိုင်ငံများ၏ ပူးတွဲကြေညာချက်” ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်က ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့သည်။

ကောကျားခွန်းက BRICS နိုင်ငံများသည် ကမ္ဘာကြီး ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအား ကာကွယ်ထိန်းသိမ်းရန်၊ နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုအား ကာကွယ်ရန် တိုးတက်လာသည့် အင်အားဖြစ်ကြောင်း၊ လက်ရှိ အရှေ့အလယ်ပိုင်းဒေသ အခြေအနေတင်းမာမှုနှင့်စပ်လျဉ်း၍ BRICS နိုင်ငံများ ပူးတွဲကြေညာချက် ထုတ်ပြန်၍ အပစ်အခတ်ရပ်စဲရန်၊ တွေ့ဆုံဆွေးနွေးမှုဖြင့် ညှိနှိုင်းရန် တိုက်တွန်းခြင်းသည် အရှေ့အလယ်ပိုင်းဒေသ အခြေအနေ အရှိန်လျော့ကျရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“သမ္မတ ရှီကျင့်ဖိန်က မနှစ်က BRICS ကာဇန် ထိပ်သီးအစည်းအဝေးမှာ ‘ငြိမ်းချမ်းတဲ့ BRICS’ တည်ဆောက်ရမယ်၊ အတူတကွလုံခြုံမှုရဲ့ ကာကွယ်ထိန်းသိမ်းသူအဖြစ် လုပ်ဆောင်ရမယ်လို့ ထောက်ပြပြောကြားခဲ့ပါတယ်” ၊ တရုတ်နိုင်ငံအနေဖြင့် BRICS နိုင်ငံများနှင့်အတူ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ကာကွယ်ထိန်းသိမ်းရန်အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)

——————–
(Chinese Version)
外交部:愿同金砖国家一道继续为维护中东地区和平稳定作出努力
新华社北京6月25日电(记者刘杨、温馨)外交部发言人郭嘉昆25日表示,金砖国家是维护世界和平稳定、捍卫国际公平正义的进步力量。中方愿同金砖国家一道,继续为维护中东地区和平稳定作出努力。
当日例行记者会上,有记者问:日前,金砖主席国巴西发布《金砖国家关于伊朗领土遭受军事打击后中东安全局势升级的联合声明》。中方对此有何评论?
郭嘉昆表示,金砖国家是维护世界和平稳定、捍卫国际公平正义的进步力量。针对当前中东地区局势紧张,金砖国家发表联合声明,呼吁停火止战、对话协商,为推动中东局势降温发挥了建设性作用。
“习近平主席在去年金砖喀山峰会上指出,要建设‘和平金砖’,做共同安全的维护者。”郭嘉昆说,中方愿同金砖国家一道,继续为维护中东地区和平稳定作出努力。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.