Connect with us

China

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရန့်ချိုးမြို့တွင် ခေတ်မီကုန်ထုတ်လုပ်မှုလုပ်ငန်းစနစ် တည်ဆောက်ခြင်းဖြင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို အားဖြည့်ပေး

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရန့်ချိုးမြို့ရှိ လျှပ်စစ်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းတစ်ခု၌ ဝန်ထမ်းတစ်ဦးက စမတ်သိုလှောင်ရုံတွင် ထုတ်ကုန်ပစ္စည်းများ၏ အချက်အလက်များအား စစ်ဆေးနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန့်ချိုး၊ ဇွန် ၅ ရက် (ဆင်ဟွာ)
ယခုနှစ်ပိုင်းများတွင် တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရန့်ချိုးမြို့သည် ရှိပြီးသား ကုန်ထုတ်လုပ်မှုလုပ်ငန်းအုပ်စုကို အခြေခံ၍ နည်းပညာဆန်းသစ်တီထွင်မှု၊ တံခါးဖွင့်ပူးပေါင်းဆောင်ရွက်မှု၊ သိပ္ပံနည်းပညာစီမံခန့်ခွဲမှု စသည့်ကဏ္ဍများတွင် လုပ်ငန်းများအတွက် တိကျမှန်ကန်သော သိပ္ပံနည်းပညာများ ဝန်ဆောင်မှုပေးခဲ့သည်။ လုပ်ငန်းများက သတင်းအချက်အလက် နည်းပညာ၊ ဒစ်ဂျစ်တယ်နည်းပညာ၊ အစိမ်းရောင် ကာဗွန်လျော့နည်း နည်းပညာများကို အသုံးချကာ သမားရိုးကျ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ပြုပြင်တည်ဆောက် အဆင့်မြှင့်တင်ရန် ပံ့ပိုးကူညီပေးလျက်ရှိသလို သမားရိုးကျ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အဆင့်အတန်း မြင့်မားသည့်အသွင်၊ စမတ်အသွင်၊ အစိမ်းရောင်အသွင် ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရန်လည်း မြှင့်တင်ပေးခဲ့သည်။

၂၀၂၄ ခုနှစ်မှစ၍ ရန့်ချိုးမြို့တွင် စက်မှုနည်းပညာပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးစီမံကိန်း စုစုပေါင်း ၇၃ ခု ဖော်ဆောင်ကာ ခေတ်မီကုန်ထုတ်လုပ်ငန်းစနစ်ကို အရှိန်မြှင့်တင် တည်ဆောက်ခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရန့်ချိုးမြို့ရှိ ပရိဘောဂ ထုတ်လုပ်ရေးလုပ်ငန်းတစ်ခု၌ ဝန်ထမ်းများက ထုတ်လုပ်ရေးလိုင်းတွင် အလုပ်လုပ်နေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရန့်ချိုးမြို့ရှိ ဆေးဝါးပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းတစ်ခု၌ ဝန်ထမ်းများက အသစ်ဝယ်ယူထားသည့် အလိုအလျောက် ထုတ်လုပ်ရေးလိုင်းအား ချိန်ညှိနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
河北任丘:构建现代产业体系 助力高质量发展
新华社照片,任丘(河北),2025年6月5日
近年来,河北省任丘市立足现有特色产业集群,在技术创新、开放合作、科技管理等方面为企业开展精准科技服务,帮助企业利用信息技术、数字技术、绿色低碳技术改造提升传统产业,促进传统产业向高端化、智能化、绿色化融合发展。2024年以来,任丘市累计实施工业技改项目73个,加速构建现代产业体系。
1. 6月5日,河北省任丘市一家电力装备制造企业的工人在智能仓库内核对产品信息。 新华社记者 牟宇 摄
2. 6月5日,河北省任丘市一家家具制造企业的员工在生产线上工作。新华社记者 牟宇 摄
3. 6月5日,河北省任丘市一家药品生产企业的员工在调试新采购的自动化生产线。新华社记者 牟宇 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.