China
ဆင်ဟွာသတင်းဌာနနှင့် အဇာဘိုင်ဂျန်မီဒီယာများက တရုတ်-အဇာဘိုင်ဂျန် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု အကြောင်းအရာများ အတူတကွ ကောင်းမွန်စွာ တင်ဆက်မည်

ပေကျင်း၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် ဇွန် ၂၅ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဆင်ဟွာသတင်းဌာနသို့ လာရောက်လေ့လာသော အဇာဘိုင်ဂျန် မီဒီယာကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံခဲ့သည်။
ဖုဟွာက ယခုနှစ် ဧပြီလတွင် သမ္မတ ရှီကျင့်ဖိန်နှင့် အဇာဘိုင်ဂျန် သမ္မတ Ilham Aliyev တို့၏ အတူတကွ သက်သေထူမှုဖြင့် ဆင်ဟွာသတင်းဌာနနှင့် အဇာဘိုင်ဂျန်နိုင်ငံ အမျိုးသားသတင်းဌာနတို့သည် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ဆင်ဟွာသတင်းဌာနအနေဖြင့် အဇာဘိုင်ဂျန်မီဒီယာများနှင့်အတူ တရုတ်-အဇာဘိုင်ဂျန် ကဏ္ဍစုံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု အကြောင်းအရာများအား ကောင်းမွန်စွာ တင်ဆက်သွားလိုကြောင်း၊ အနာဂတ်တွင် နှစ်နိုင်ငံမီဒီယာများက သတင်းတင်ဆက်မှု၊ နည်းပညာနှင့် လူပုဂ္ဂိုလ် ကူးလူးဖလှယ်မှု စသည့်ကဏ္ဍများနှင့် နိုင်ငံစုံယန္တရား မူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အဇာဘိုင်ဂျန် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ အမှုဆောင် ဒါရိုက်တာ Ahmad Ismayilov က အဇာဘိုင်ဂျန်ဘက်က ဆင်ဟွာသတင်းဌာနနှင့်အတူ နှစ်နိုင်ငံအကြီးအကဲများ၏ အရေးကြီးသဘောတူညီချက်ကို အတူတကွ ကောင်းမွန်စွာ အကောင်အထည်ဖော်၍ နှစ်နိုင်ငံမီဒီယာများ ပူးပေါင်းဆောင်ရွက်မှုတွင် ရလဒ်အသစ်များ ရရှိရန် တွန်းအားပေးသွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
新华社将同阿塞拜疆媒体共同讲好中阿友好合作故事
新华社北京6月25日电(记者董雪)新华社社长傅华25日在北京会见到新华社参访的阿塞拜疆媒体代表团一行。
傅华表示,今年4月,在习近平主席和阿塞拜疆总统阿利耶夫共同见证下,新华社与阿国家新闻社签署合作协议。新华社愿同阿媒体一道,共同讲好中阿各领域友好合作故事。希望未来两国媒体在新闻报道、技术和人员交流等方面以及多边机制框架下加强合作。
阿塞拜疆媒体发展署署长伊斯迈洛夫表示,阿方愿同新华社一道落实好两国元首重要共识,推动两国媒体合作取得新成果。(完)
图说:6月25日,新华社社长傅华在北京会见由阿塞拜疆媒体发展署署长伊斯迈洛夫率领的阿塞拜疆媒体代表团一行。 新华社记者 李响 摄