China
ဝမ်ရိနှင့် အမေရိကန် ဟားဗက်တက္ကသိုလ် ပါမောက္ခ Graham Allison တွေ့ဆုံဆွေးနွေး

ပေကျင်း၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် အမေရိကန် ဟားဗက်တက္ကသိုလ် ပါမောက္ခ Graham Allison နှင့် ဇွန် ၂၅ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဝမ်ရိက သမ္မတ ရှီကျင့်ဖိန်အနေဖြင့် အပြန်အလှန်လေးစားခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်ခြင်း ဟူသော အခြေခံမူ သုံးရပ်ကို အဆိုပြုခဲ့ခြင်းသည် အမေရိကန်နှင့်ဆက်ဆံရာတွင် တရုတ်နိုင်ငံက စီမံသည့် အခြေခံ လေးစားလိုက်နာမှု ဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အပြန်အလှန် သိရှိနားလည်မှု ဟူသော ဤပြဿနာအရင်းအမြစ်ကို ကောင်းမွန်စွာ ဖြေရှင်းကာ တရုတ်-အမေရိကန် ဆက်ဆံရေး၏ “ပထမဆုံး ကွင်းဆက်ကို” ကောင်းမွန်စွာ ချိတ်ဆက်ရန်၊ ထိုမှတစ်ဆင့် တရုတ်-အမေရိကန် ဆက်ဆံရေး အခြေခံမူ သုံးရပ်အရ တရုတ်-အမေရိကန် နိုင်ငံကြီးနှစ်နိုင်ငံ၏ မှန်ကန်သော ဆက်ဆံရေးလမ်းကြောင်းကို ရှာဖွေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
Graham Allison က “ကွဲလွဲမှုများကိုလက်ခံ၍ သင့်မြတ်စွာ နေထိုင်ခြင်း” သည် အမေရိကန်နိုင်ငံရှိ မတူကွဲပြားမှုများကို လေးစားသည့်အယူအဆနှင့် တူညီမှုရှိကြောင်း ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံသည် ဂြိုဟ်တစ်ခုတည်းတွင် နေထိုင်ကြခြင်း ဖြစ်ရာ “သူးဆီအီဒီးစ်ထောင်ချောက် (Thucydides Trap)” သို့ ကျဆင်းခြင်းမှ ရှောင်ရှားနိုင်ရန် အတူယှဉ်တွဲနေထိုင်သည့် မဟာဗျူဟာ သတ်မှတ်မှု အနေအထားကို တွေ့အောင်ရှာဖွေသင့်ကြောင်း၊ ယင်းမှာ အမေရိကန်-တရုတ် နှစ်နိုင်ငံနှင့် ကမ္ဘာအတွက် အလွန်အရေးကြီးကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
—————-
(Chinese Version)
王毅会见美国哈佛大学教授艾利森
新华社北京6月26日电 中共中央政治局委员、中央外办主任王毅25日在京会见美国哈佛大学教授艾利森。
王毅说,习近平主席提出相互尊重、和平共处、合作共赢三原则,是中方处理对美事务的根本遵循。希望美方同中方一道,解决好相互认知这一根源性问题,扣好中美关系的“第一颗纽扣”,进而按照中美关系三原则,找到中美两个大国正确相处之道。
艾利森表示,“和而不同”同美国内尊重多元性的理念有相通之处。美中生活在同一星球,应该找到共存的战略定位,避免陷入“修昔底德陷阱”,这对美中两国和世界都很重要。(完)
1. 6月25日,中共中央政治局委员、中央外办主任王毅在北京会见美国哈佛大学教授艾利森。
新华社记者 申宏 摄