Connect with us

China

တရုတ်နိုင်ငံက ဖွံ့ဖြိုးတိုးတက်မှုနိုင်ငံကြီး၊ စားသုံးမှုနိုင်ငံကြီး၊ ဆန်းသစ်တီထွင်မှုနိုင်ငံကြီးအား ဆက်လက်တည်ဆောက်သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းအား ဇွန် ၂၆ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုနိုင်ငံကြီး၊ စားသုံးမှုနိုင်ငံကြီး၊ ဆန်းသစ်တီထွင်မှုနိုင်ငံကြီးအား ဆက်လက်တည်ဆောက်သွားပြီး ကမ္ဘာ့စီးပွားရေး လိုအပ်ချက်အတွက် မိမိ၏ဖွံ့ဖြိုးတိုးတက်မှုစွမ်းရည်ဖြင့် အကျိုးထမ်းဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ဇွန် ၂၆ ရက်တွင် ပြောကြားခဲ့သည်။

နွေရာသီ ဒါဗို့စ်ဖိုရမ်ကို မကြာသေးမီက တရုတ်နိုင်ငံ ထျန်းကျင်းမြို့၌ ကျင်းပပြီးစီးခဲ့ကြောင်း၊ ကမ္ဘာ့စီးပွားရေးဖိုရမ် ဥက္ကဋ္ဌ Borge Brende က မကြာသေးမီက သူနိုင်ကိုယ်ရှုံး၊ အနိုင်ရသူက အကျိုးအမြတ် အားလုံး ခံစားရခြင်းဟူသည့် အယူအဆဟောင်းများတွင် တွယ်ကပ်နေခြင်းမဟုတ်ဘဲ “သင်တို့စီးပွားရေးအတွက် ကောင်းတာဟာ ကျွန်တော်တို့စီးပွားရေးအတွက်ကောင်းတာပဲ” ဟူသည့် နှစ်ဖက် အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် အယူအဆသို့ ပြန်လည်သွားရောက်ရမည်ဟု ပြောကြားခဲ့ကြောင်း၊ တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်စီးပွားပတ်ဝန်းကျင် မတည်ငြိမ်မှု၊ မသေချာမရေရာမှုများ ဆိုးရွားလာသည့် နောက်ခံအခြေအနေတွင် တရုတ်နိုင်ငံက ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မည်သည့်အခန်းကဏ္ဍမှ ပါဝင်နိုင်မည်နည်းဟု ထိုနေ့သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်က မေးမြန်းခဲ့သည်။

ကောကျားခွန်းက ၁၆ ကြိမ်မြောက် နွေရာသီ ဒါဗို့စ်ဖိုရမ်ကို တရုတ်နိုင်ငံ ထျန်းကျင်းမြို့၌ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း၊ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီး နိုင်ငံအသီးသီးမှ ဧည့်သည်တော်များနှင့် တွေ့ဆုံဆွေးနွေးကာ ကုန်သည်စီးပွားစက်မှုလောကမှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးဖလှယ်ခဲ့ကြောင်း၊ ယင်းသည် တရုတ်စီးပွားရေး စဉ်ဆက်မပြတ် တည်ငြိမ်ကောင်းမွန်စွာ တိုးတက်ရေးအတွက် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ယုံကြည်ချက်ကို အပြည့်အဝ ထင်ဟပ်စေသည့်အပြင် ကမ္ဘာလုံးဆိုင်ရာဈေးကွက်တွင် ပေါင်းစပ်ပါဝင်ခြင်းဖြင့် ကမ္ဘာ့စီးပွားရေးအတွက် တရုတ်စွမ်းအားဖြင့် အကျိုးဆောင်ပေးသည့် တံခါးဖွင့်လှစ်မှု ယုံကြည်ချက်ကို အားကောင်းစွာ ပြသပေးလိုက်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အများအကျိုးဖြစ်ထွန်း၍ အားလုံးပါဝင်သည့် စီးပွားရေး ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းမှုကို မမှိတ်မသုန် လက်ခံ၍ တန်းတူညီမျှစွာ ဆွေးနွေးညှိနှိုင်းမှုဖြင့် ဒွိဟကွဲလွဲမှုများကို ဖြေရှင်းရန်၊ အပြန်အလှန်အကျိုးပြုသည့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားအား ကာကွယ်ထိန်းသိမ်းရန်၊ တိုးချဲ့မှုအင်အားများဖြင့် အပြန်အလှန် အောင်မြင်မှုများ ဖြစ်ထွန်းစေခြင်းအား ဖော်ဆောင်ရန် ရပ်တည်ချက်ကို ကိုင်စွဲထားကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုနိုင်ငံကြီး၊ စားသုံးမှုနိုင်ငံကြီး၊ ဆန်းသစ်တီထွင်မှုနိုင်ငံကြီးအား ဆက်လက်တည်ဆောက်သွားပြီး ကမ္ဘာ့စီးပွားရေး လိုအပ်ချက်အတွက် မိမိရဲ့ဖွံ့ဖြိုးတိုးတက်မှုစွမ်းရည်ဖြင့် အကျိုးထမ်းဆောင်သွားမှာဖြစ်ပါတယ်”၊ “နိုင်ငံအသီးသီးက လုပ်ငန်းကုမ္ပဏီတွေ တရုတ်နိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းများကို နက်နက်ရှိုင်းရှိုင်းဖော်ဆောင်ကာ တရုတ်နိုင်ငံနဲ့အတူ ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုဆိုပါတယ်။ ဘက်ပေါင်းစုံနဲ့အတူ မှန်ကန်သည့်လမ်းစဉ်ကို လျှောက်လှမ်းသော၊ တိုးချဲ့သော၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ကိစ္စရပ်များ ပိုမိုလုပ်ဆောင်ကာ ပိုမိုသာယာလှပတဲ့ အနာဂတ်ကို အတူတကွဖန်တီးသွားလိုပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)

———————
(Chinese Version)
外交部:中国将持续打造发展大国、消费大国、创新大国
新华社北京6月26日电(记者刘杨)外交部发言人郭嘉昆26日表示,中国将持续打造发展大国、消费大国、创新大国,为世界经济所需贡献自身发展所能。
当日例行记者会上,有记者问:夏季达沃斯论坛刚刚在天津落下帷幕。世界经济论坛总裁布伦德日前表示,必须回到“对你们经济好就是对我们自己经济好”的双赢共赢理念当中去,而不是执着于我赢你输、赢者通吃的旧思维。在全球经贸环境不稳定、不确定性加剧的背景下,中国能为世界经济发展发挥怎样的作用?
郭嘉昆说,第十六届夏季达沃斯论坛在天津成功举行。国务院总理李强出席开幕式并致辞,会见各国嘉宾并同工商界代表座谈交流,充分展现中国经济持续稳健增长的发展信心,有力释放以融入全球市场为世界经济贡献中国动能的开放信念。
郭嘉昆说,中国坚定不移拥抱普惠包容的经济全球化,主张在平等协商中解决矛盾分歧,在互惠合作中维护共同利益,在拓展增量中实现相互成就。
“中国将持续打造发展大国、消费大国、创新大国,为世界经济所需贡献自身发展所能。”郭嘉昆说,“欢迎各国企业投资中国、深耕中国,与中国一起发展。我们期待与各方一道,多行大道之事、开拓之事、共赢之事,共创更加美好的未来。”(完)