Connect with us

Asia

တရုတ်နိုင်ငံမှ မိတ်ဖက်များနှင့်အတူ လက်တွဲ၍ ပါဝါဘက်ထရီ ဂေဟစနစ် စီမံကိန်းအား တွန်းအားပေး ဖော်ဆောင်သွားလိုကြောင်း အင်ဒိုနီးရှား သမ္မတ ဆို

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်၌ စီမံကိန်း စတင်ခြင်း အခမ်းအနား တက်ရောက်နေသော အင်ဒိုနီးရှားနိုင်ငံ သမ္မတ Prabowo Subianto (အလယ်) ကို ဇွန် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)
ပါဝါဘက်ထရီ ဂေဟစနစ် စီမံကိန်းသည် အင်ဒိုနီးရှားနိုင်ငံအား အရှေ့တောင်အာရှ၌ ပါဝါဘက်ထရီကို ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်မှုအထိ ကွင်းဆက်တစ်ခုလုံး တစ်သားတည်း ထုတ်လုပ်နိုင်သည့် တစ်ခုတည်းသောနိုင်ငံဖြစ်လာစေမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ မိတ်ဖက်များနှင့်အတူ အဆိုပါ သမိုင်းမှတ်ကျောက်တိုင် အနက်အဓိပ္ပာယ်ရှိသည့် မဟာဗျူဟာစီမံကိန်းအား တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း အင်ဒိုနီးရှားနိုင်ငံ သမ္မတ Prabowo Subianto က ဇွန် ၂၉ ရက်တွင် ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ ပါဝါဘက်ထရီ ဂေဟစနစ် စီမံကိန်းကို အင်ဒိုနီးရှား အစိုးရပိုင် သတ္တုတွင်းကုမ္ပဏီ PT Aneka Tambang (Antam) ၊ အင်ဒိုနီးရှား ဘက်ထရီကော်ပိုရေးရှင်းနှင့် တရုတ်ကုမ္ပဏီဖြစ်သည့် Ningbo Contemporary Brunp Lygend ကုမ္ပဏီလီမိတက်တို့ အတူတကွ ရင်းနှီးမြှုပ်နှံ တည်ဆောက်ခြင်းဖြစ်ကာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၅.၉ ဘီလီယံဖြစ်သည်။ အဆိုပါစက်ရုံဇုန်သည် အင်ဒိုနီးရှားနိုင်ငံ မြောက်မာလူကူပြည်နယ် အရှေ့ ဟာမာဟီရာခရိုင်နှင့် အနောက်ဂျာဗားပြည်နယ် ကာရာဝမ်တို့၌ တည်ရှိသည်။ စီမံကိန်းတွင် နီကယ်သတ္တုတူးဖော်ခြင်း၊ အပူပေးသန့်စင်ခြင်း၊ အရည်ကျို၍ ခွဲထုတ်သန့်စင်ခြင်း၊ ဘက်ထရီ ကုန်ကြမ်းပစ္စည်း၊ ဘက်ထရီများ ပြန်လည်သိမ်းဆည်းခြင်းနှင့် ဘက်ထရီ ထုတ်လုပ်ခြင်း စသည့် ဘက်ထရီထုတ်လုပ်မှု လုပ်ငန်းကွင်းဆက်တစ်ခုလုံး ပါဝင်သည်။

Prabowo Subianto က ထိုနေ့တွင် အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် ကာရာဝမ် ကုန်ထုတ်လုပ်ငန်း မြို့သစ်၌ စီမံကိန်း အုတ်မြစ်ချအခမ်းအနားအား တက်ရောက်ခဲ့သည်။ နီကယ်အရင်းအမြစ်မှ လျှပ်စစ်မော်တော်ယာဉ် ဘက်ထရီများ ကုန်ချောထုတ်လုပ်မှုအထိ တိုးတက်လာသည့် ဖြစ်စဉ်အတွင်း စွမ်းအင် ကိုယ်ပိုင်ရပ်တည်မှုကို တွန်းအားပေးလိုက်ရုံသာမက ၎င်း၏ စီးပွားရေးအရ လွှမ်းမိုးမှုလည်း အလွန်သိသာထင်ရှားကြောင်း ၎င်းက အခမ်းအနား၌ ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ စီးပွားရေးတိုးတက်မှု ရည်မှန်းချက် ၈ ရာခိုင်နှုန်းကို ဖော်ဆောင်ရန်အတွက် ကုန်ချောထုတ်လုပ်မှုလုပ်ငန်း ဖော်ဆောင်ခြင်းသည် အစဉ်တစိုက် တိုးမြှင့်လုပ်ဆောင်ရမည့် အရေးပါသည့်နည်းလမ်းဖြစ်ကြောင်း၊ နီကယ်အရင်းအမြစ်နှင့် ပတ်သက်သည့် ကုန်ချောထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်မှုသည် ကွင်းဆက်တုံ့ပြန်မှုများ ဖြစ်ပေါ်လာစေကာ အခြားသတ္တုထုတ်ကုန်များ ကုန်ချောထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမှုကိုလည်း တွန်းအားပေးကြောင်း Prabowo Subianto က ပြောကြားခဲ့သည်။

အခမ်းအနားသို့ တက်ရောက်လာသည့် အင်ဒိုနီးရှားနိုင်ငံ စွမ်းအင်နှင့် သတ္တုအရင်းအမြစ်ဝန်ကြီး Bahlil Lahadalia က အဆိုပါစီမံကိန်း၏ တစ်နှစ်တာ ထုတ်လုပ်နိုင်မှုစွမ်းရည်သည် လျှပ်စစ်ကား အစီးရေ ၃ သိန်း၏ ဘက်ထရီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၅,၀၀၀ ဖန်တီးပေးနိုင်ကာ အစိုးရက တွန်းအားပေးဖော်ဆောင်လျက်ရှိသော နိုင်ငံတော်၏ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ ဦးတည်ချက်နှင့် ကိုက်ညီမှုရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

———————-
(Chinese Version)
印尼总统说愿与中国伙伴携手推动动力电池生态系统项目
新华社雅加达6月29日电(记者曹凯)印度尼西亚总统普拉博沃29日说,印尼动力电池生态系统项目将使印尼成为东南亚唯一能够实现动力电池从上游到下游全链条一体化生产的国家,愿与中国伙伴携手推动这一具有里程碑意义的战略项目。
印尼动力电池生态系统项目由印尼国有矿业公司安塔姆、印尼电池公司和宁波普勤时代有限公司共同投资建设,总规划投资59亿美元,厂区位于北马鲁古省东哈马黑拉和西爪哇省卡拉旺。项目涵盖从红土镍矿开发、火法冶炼、湿法冶炼、电池材料、电池回收和电池制造等电池生产全产业链。
普拉博沃当天在印尼西爪哇省卡拉旺产业新城出席项目奠基仪式。他在仪式上说,镍资源向电动汽车电池下游发展的过程,不仅推动能源自主,其经济影响也非常显著。
普拉博沃说,为实现印尼8%的经济增长目标,发展下游产业是必须持续加强的关键手段。镍资源相关下游产业发展将带来连锁反应,推动其他矿产的下游化发展。
出席仪式的印尼能源与矿产资源部长巴赫利尔·拉哈达利亚说,该项目年产能可满足30万辆电动汽车的电池需求,有望创造3.5万个就业岗位,符合政府推动国家均衡发展的战略方向。(完)
图说:6月29日,印度尼西亚总统普拉博沃(中)出席项目奠基仪式。新华社发(祖卡南摄)