North America
၂၀၂၅ ခုနှစ် တရုတ်-ကယ်လီဖိုးနီးယား စီးပွားရေးနှင့် ကုန်သွယ်ရေးဖိုရမ် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပ

လော့စ်အိန်ဂျလိစ်၊ ဇွန် ၃ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် တရုတ်-ကယ်လီဖိုးနီးယား စီးပွားရေးနှင့် ကုန်သွယ်ရေးဖိုရမ်ကို ဇွန် ၂ ရက်တွင် အမေရိကန်နိုင်ငံ အနောက်ပိုင်းဒေသ အကြီးဆုံးမြို့ လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပခဲ့ရာ တရုတ်-အမေရိကန် နိုင်ငံရေးနှင့် စီးပွားရေးလောကမှ လူပုဂ္ဂိုလ်ပေါင်း ၅၀၀ နီးပါး တက်ရောက်ရန် ဆွဲဆောင်ခဲ့ပြီး တရုတ်နိုင်ငံ ပြည်နယ်၊ မြို့အသီးသီးနှင့် အမေရိကန်နိုင်ငံ လူဦးရေနှင့် စီးပွားရေးပမာဏ အကြီးဆုံး ကယ်လီဖိုးနီးယားပြည်နယ်တို့ ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုနှင့် လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်မှုတို့အား အတူတကွ မြှင့်တင်ခဲ့သည်။
လော့စ်အိန်ဂျလိစ်မြို့ အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် ကောရှောင်ချွန်းက အဖွင့်အမှာစကား ပြောကြားရာ၌ တရုတ်-ကယ်လီဖိုးနီးယား စီးပွားရေးနှင့် ကုန်သွယ်ရေးဖိုရမ်သည် နှစ်ဖက် ချိတ်ဆက်ဆွေးနွေးမှု မြှင့်တင်ခြင်း၊ စီးပွားရေးအခွင့်အလမ်းများ တိုးချဲ့ခြင်းအတွက် အရေးကြီး ပလက်ဖောင်းဖြစ်ကြောင်း၊ တရုတ်-အမေရိကန် ဒေသန္တရ ပူးပေါင်းဆောင်ရွက်မှု စွမ်းအားများ လှုံ့ဆော်ပေးရေး၊ တရုတ်-အမေရိကန်ဆက်ဆံရေး တည်ငြိမ်မှု၊ ကောင်းမွန်မှု၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေးအတွက် ယုံကြည်မှုနှင့် စွမ်းအားများ ဖြည့်တင်းပေးသွားမည်ဖြစ်ကြောင်း ထောက်ပြပြောကြားခဲ့သည်။
တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၏ အနှစ်သာရမှာ အပြန်အလှန် အကျိုးဖြစ်ထွန်းကာ ဘုံအကျိုးစီးပွား ဖော်ဆောင်မှုဖြစ်ကြောင်း၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းသည် နှစ်ဖက်အကျိုးစီးပွားနှင့် ကိုက်ညီကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။
လော့စ်အိန်ဂျလိစ်မြို့ ဒုတိယမြို့တော်ဝန် Dilpreet Sidhu က အမှာစကားပြောကြားရာတွင် လော့စ်အိန်ဂျလိစ်မြို့က စီးပွားရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ ရာသီဥတုပြောင်းလဲရေး၊ ပညာရေးနှင့် အားကစား စသည့် ကဏ္ဍများ၌ တရုတ်နိုင်ငံနှင့် ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှု အခြေအနေနှင့် အရေးပါမှုကို မိတ်ဆက်ပြောကြားခဲ့သည်။ လော့စ်အိန်ဂျလိစ်အနေဖြင့် တရုတ်နိုင်ငံနှင့် ကာလကြာရှည်စွာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်မြှင့်တင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကယ်လီဖိုးနီးယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးဌာန အတွင်းဝန် Toks Omishakin က အမှာစကား ပြောကြားရာတွင် ကယ်လီဖိုးနီးယားပြည်နယ်နှင့် တရုတ်နိုင်ငံက ရာသီဥတုပြောင်းလဲမှုအား အတူတကွ ရင်ဆိုင်ရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှု အလားအလာကျယ်ပြန့်ကြောင်း၊ နှစ်ဖက်က အစိမ်းရောင် လမ်းပန်းဆက်သွယ်ရေးနှင့် နည်းပညာသစ် ဖော်ဆောင်မှု စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားနိုင်ကြောင်း ပြောကြားခဲ့သည်။
ယခုအကြိမ် ဖိုရမ်၏ အဓိကဧည့်သည်တော်ပြည်နယ်ဖြစ်သည့် တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်နှင့် ကယ်လီဖိုးနီးယားပြည်နယ် လတ်တလောနှစ်ပိုင်းအတွင်း ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်များမှာ အပြုသဘောဆောင်သည့် ရလဒ်များ ရရှိခဲ့ပြီး နှစ်ဖက်က ယခုအကြိမ် ဖိုရမ်ကာလအတွင်း ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများစွာ လက်မှတ်ရေးထိုးခဲ့သည်။ ဖူကျန့်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဝမ်ကျင်းဖူက အမှာစကားပြောကြားရာ၌ နှစ်ဖက်အနေဖြင့် စီးပွားရေးနှင့် ကုန်သွယ်ရေးချိတ်ဆက်မှု မြှင့်တင်ရန်၊ အပြန်အလှန် အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်မှု အလားအလာ ချဲ့ထွင်ရန်၊ သိပ္ပံနည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်၊ အစိမ်းရောင် ကာဗွန်နည်း ဖွံ့ဖြိုးတိုးတက်မှုအား အတူတကွ မြှင့်တင်ရန်၊ ကူးလူးဖလှယ်မှုနှင့် အပြန်အလှန် လေ့လာသင်ယူမှုကို အားဖြည့်ရန်၊ ပြည်သူများ စိတ်နှလုံးချင်း ဆက်နွှယ်မှု ပိုမိုရင်းနှီးစေရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua)

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် တရုတ်-ကယ်လီဖိုးနီးယား စီးပွားရေးနှင့် ကုန်သွယ်ရေးဖိုရမ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဇွန် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် တရုတ်-ကယ်လီဖိုးနီးယား စီးပွားရေးနှင့် ကုန်သွယ်ရေးဖိုရမ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဇွန် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
—————–
(Chinese Version)
2025年中国—加州经贸论坛在美国洛杉矶举行
新华社洛杉矶6月2日电(记者高山)2025年中国—加州经贸论坛2日在美国西部第一大城市洛杉矶举行,吸引近500名中美政商界人士参加,共促中国各省市与美国人口和经济规模第一大州加利福尼亚州深化地方经贸合作及人文交流。
中国驻洛杉矶总领事郭少春在开幕致辞中指出,中国—加州经贸论坛是双方加强沟通、拓展商机的重要平台,将为激发中美地方合作活力、推动中美关系稳定、健康、可持续发展增添信心和动力。他强调,中美经贸合作的本质是互利共赢,加强各领域合作符合双方利益。
洛杉矶市副市长迪尔普里特·西杜在演讲中概述洛杉矶在经贸、旅游、气候变化、教育和体育等领域同中方的交流合作情况及其重要性。她表示,洛杉矶希望继续加强与中国长期以来的合作伙伴关系。
加州交通署署长托克斯·奥米沙金在发言中说,加州与中方在共同应对气候变化方面合作前景广阔。双方可以在绿色交通和新技术开发等方面加强合作。
本届论坛主宾省福建省与加州近年来在多领域合作取得积极成效,双方在本次论坛期间签署了一系列合作项目。福建省副省长王金福在主旨演讲中呼吁双方加强经贸对接,拓展互利共赢空间,加强科技合作,共促绿色低碳发展,加强交流互鉴,拉紧民心相通纽带。(完)
图说1:6月2日,美国洛杉矶市副市长迪尔普里特·西杜在洛杉矶举行的2025年中国—加州经贸论坛上发表主旨演讲。新华社发(邱晨摄)
图说3、4:这是6月2日在美国洛杉矶举行的2025年中国—加州经贸论坛上拍摄的签约仪式。新华社发(邱晨摄)