Connect with us

China

တရုတ်နိုင်ငံက အာဆီယံနိုင်ငံ ၁၀ နိုင်ငံနှင့် အာဆီယံ လေ့လာသူနိုင်ငံ အရှေ့တီမောနိုင်ငံအတွက် “အာဆီယံဗီဇာ” ထုတ်ပေး

ပေကျင်း၊ ဇွန် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အာဆီယံနိုင်ငံ ၁၀ နိုင်ငံနှင့် အာဆီယံ လေ့လာသူနိုင်ငံ အရှေ့တီမောနိုင်ငံအတွက် “အာဆီယံဗီဇာ” ထုတ်ပေးမှု သက်ဆိုင်ရာအခြေအနေအား တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က ဇွန် ၃ ရက်တွင် မိတ်ဆက်ရှင်းလင်းခဲ့သည်။

မကြာသေးမီက တရုတ်နိုင်ငံသည် အာဆီယံ-တရုတ်-ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) ထိပ်သီးအစည်းအဝေး ကျင်းပစဉ်ကာလအတွင်း အရှေ့တောင်အာရှနိုင်ငံများအပေါ် ဗီဇာ အဆင်ပြေလွယ်ကူရေး မူဝါဒ ကျင့်သုံးသွားမည်ဟု ကြေညာခဲ့ကြောင်း၊ သက်ဆိုင်ရာအခြေအနေအား ပြောခွင့်ရပုဂ္ဂိုလ်မှ တစ်ဆင့်တိုး မိတ်ဆက်ပေးရန် ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်က မေးမြန်းခဲ့သည်။

လျင်ကျန့်က လတ်တလောနှစ်ပိုင်းအတွင်း တရုတ်-အာဆီယံ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို အဆက်မပြတ် တွန်းအားပေးဖော်ဆောင်လာခဲ့ရာ “မိသားစု ဥယျာဉ်ကြီး ၅ ခု” အတူတည်ဆောက်မှုသည် အရေးကြီးရလဒ်များ ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများ သွားလာဆက်ဆံမှု များပြားလာသဖြင့် လူပုဂ္ဂိုလ်များ သွားလာရေး တစ်ဆင့်တိုး အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ခြင်းသည် ဘုံဆန္ဒဖြစ်ကြောင်း ပြောကြားခဲ့သည်။

စင်ကာပူ၊ ထိုင်း၊ မလေးရှား စသည့်နိုင်ငံများနှင့် ဘက်စုံအပြန်အလှန် ဗီဇာကင်းလွတ်မှုနှင့် မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံများအပေါ် “လန်ချန်း-မဲခေါင်ဗီဇာ” ခွင့်ပြုပေးသည့် အခြေခံပေါ်တွင် ဒေသတွင်းလူပုဂ္ဂိုလ်များ နယ်စပ်ဖြတ်ကျော်သွားလာမှု တစ်ဆင့်တိုးအဆင်ပြေချောမွေ့စေရေးအတွက် တရုတ်နိုင်ငံက အာဆီယံနိုင်ငံ ၁၀ နိုင်ငံနှင့် အာဆီယံ လေ့လာသူနိုင်ငံ အရှေ့တီမောနိုင်ငံအတွက် “အာဆီယံဗီဇာ” ထုတ်ပေး ပေးသွားမည်ဖြစ်ကြောင်း၊ တောင်းဆိုချက်များနှင့် ကိုက်ညီသည့် အဆိုပါ ၁၁ နိုင်ငံမှ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် ၎င်းတို့၏အိမ်ထောင်ဖက်၊ သားသမီးများကို ၅ နှစ်အတွင်း အကြိမ်ကြိမ် ပြည်ဝင်နိုင်သော၊ နေထိုင်မှုကာလ ရက်ပေါင်း ၁၈၀ ရှိသည့် တရုတ်နိုင်ငံသို့လာရောက်ရန် ဗီဇာအမျိုးအစားကို စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ ဗီဇာနှင့်စပ်လျဉ်း၍ အသေးစိတ်အကြောင်းအရာများကို သက်ဆိုင်ရာနိုင်ငံရှိ တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများထံ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

————————
(Chinese Version)
中方面向东盟10国和东盟观察员东帝汶推出“东盟签证”
新华社北京6月3日电(记者袁睿、许可)外交部发言人林剑3日介绍了中方面向东盟10国和东盟观察员东帝汶推出“东盟签证”有关情况。
当日例行记者会上,有记者问:近日,中方在东盟-中国-海合会峰会期间宣布对东南亚国家实施签证便利政策。发言人能否进一步介绍有关情况?
林剑表示,近年来,中国-东盟命运共同体建设不断推进,共建“五大家园”取得重要成果。中国和东南亚国家人员往来频密,进一步便利人员往来是共同心愿。
他说,在同新加坡、泰国、马来西亚等国全面互免签证和面向湄公河国家签发“澜湄签证”基础上,为进一步便利地区人员跨境流动,中方面向东盟10国和东盟观察员东帝汶推出“东盟签证”,为符合要求的11国商务人员及其配偶子女审发5年多次、停留期最长为180日的相应类别来华签证。具体签证问题,可咨询中国驻当地使领馆。(完)