International Organizations
ကမ္ဘာ့ကုန်သွယ်ရေးတင်းမာမှုက လုပ်အားဈေးကွက်ကို ရိုက်ခက်လျက်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ညွှန်ကြားရေးမှူးချုပ် ပြောကြား

ဂျီနီဗာ၊ ဇွန် ၃ ရက် (ဆင်ဟွာ)
လက်ရှိ ကမ္ဘာ့ကုန်သွယ်ရေးတင်းမာမှု ပိုမိုဆိုးရွားလာခြင်းက နိုင်ငံအသီးသီး၏ လုပ်အားဈေးကွက်အပေါ် ရိုက်ခက်မှုများဖြစ်ပေါ်စေကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ညွှန်ကြားရေးမှူးချုပ် Gilbert F. Houngbo က ဇွန် ၂ ရက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံတွင် ပြောကြားခဲ့သည်။
၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံကို ဇွန် ၂ ရက်တွင် ဂျီနီဗာ၌ ဖွင့်လှစ်ကျင်းပခဲ့သည်။ ၂၀၂၅ ခုနှစ် ကမ္ဘာတစ်ဝန်း အသစ်တိုးလာသည့် အလုပ်အကိုင် အရေအတွက်သည် ၅၃ သန်းရှိမည်ဟု ခန့်မှန်းထားပြီး ယမန်နှစ် အောက်တိုဘာလတွင် ခန့်မှန်းထားသည့် သန်း ၆၀ ထက် ၇ သန်းလျော့နည်းသွားရာ ဤအပြောင်းအလဲ၏ အဓိကအကြောင်းရင်းမှာ ကုန်သွယ်ရေး တင်းမာမှုအခြေအနေပိုမိုဆိုးရွားလာခြင်းကြောင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှု နှောင့်နှေးလာရခြင်းဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) “ကမ္ဘာ့ အလုပ်အကိုင်နှင့် လူမှုအဖွဲ့အစည်း အလားအလာများ အစီရင်ခံစာ” ၏ နောက်ဆုံးခန့်မှန်းချက်အရ သိရသည်။
ဉာဏ်ရည်တုအား ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခြင်းသည် ကမ္ဘာ့လုပ်အားဈေးကွက်အပေါ် နေ့စဉ်နှင့်အမျှ သိသာစွာ သက်ရောက်လျက်ရှိပြီး မီဒီယာ၊ ဆော့(ဖ်)ဝဲ တီထွင်မှု နှင့် ဘဏ္ဍာရေး စသည့် ဒစ်ဂျစ်တယ်နည်းပညာအသွင် မြင့်မားသောအလုပ်အကိုင်များသည် နေ့စဉ်နှင့်အမျှ မြင့်တက်လာသော အန္တရာယ်များနှင့် ရင်ဆိုင်ရမည်ဖြစ်သလို တစ်ချိန်တည်းမှာပင် အလုပ်ပုံစံတစ်မျိုးတည်းအား ထပ်တလဲလဲလုပ်ကိုင်ရသည့် ကာယာအားကိုးရသော အလုပ်အကိုင်များသည် “ပို၍ ထိလွယ်ခိုက်လွယ်ဖြစ်” လာမည်ဖြစ်ကြောင်း Houngbo က ပြောကြားခဲ့သည်။
ယခုအကြိမ် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံကို ဇွန် ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) မှ အဖွဲ့ဝင် ကိုယ်စားလှယ် ၁၈၇ ဦးက ဇီဝဘေးအန္တရာယ်ကာကွယ်ရေး၊ ဂုဏ်သိက္ခာရှိသောအလုပ်နှင့် “ပင်လယ်ရေကြောင်း အလုပ်သမားရေးဆိုင်ရာ သဘောတူစာချုပ်” ပြင်ဆင်ရေး စသည့် ကိစ္စရပ်များကို အာရုံစိုက်ကာ အဓိကထားဆွေးနွေးသွားမည်ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ၏ အာဏာအကြီးဆုံး အဖွဲ့အစည်းဖြစ်ပြီး ညီလာခံကို မေလနှင့် ဇွန်လကြားတွင် ဂျီနီဗာ၌ နှစ်စဉ်တစ်ကြိမ် ကျင်းပလေ့ရှိသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ကို ၁၉၁၉ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်တို့က ဖွဲ့စည်းထားသော သုံးပွင့်ဆိုင်အဖွဲ့အစည်းဖြစ်ရာ ၎င်း၏ အဓိက ရည်ရွယ်ချက်မှာ အလုပ်အကိုင် အပြည့်အဝဖန်တီးရန်၊ အလုပ်သမားနှင့် အလုပ်ရှင်ကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ အလုပ်သမား၏ အခြေအနေများ ပိုမိုကောင်းမွန်စေရန်၊ လူမှုဖူလုံရေး ခံစားခွင့် ကျယ်ပြန့်စေရန်၊ အလုပ်သမား အခွင့်အရေးနှင့် အကျိုးစီးပွားကို အာမခံရန်၊ လူမှုတရားမျှတမှု ထိန်းသိမ်းရန် ဖြစ်သည်။ (Xinhua)

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံ၌ မိန့်ခွန်းပြောကြားနေသော အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ညွှန်ကြားရေးမှူးချုပ် Gilbert F. Houngbo ကို ဇွန် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………..
(Chinese Version)
国际劳工组织总干事:全球贸易紧张冲击劳动力市场
新华社日内瓦6月2日电(记者石松)国际劳工组织总干事洪博2日在国际劳工大会上表示,当前全球贸易紧张局势加剧,对各国劳动力市场形成冲击。
第113届国际劳工大会2日在瑞士日内瓦开幕。洪博在致辞中表示,根据国际劳工组织《世界就业与社会展望报告》的最新预测,2025年全球新增就业岗位预计为5300万个,较去年10月预计的6000万个减少700万个,造成这一变化的主要原因是贸易紧张局势加剧导致全球经济增长放缓。
洪博还表示,人工智能的广泛应用正对全球劳动力市场产生日益显著的影响,预计媒体、软件开发和金融等高度数字化的工作岗位将面临日益增长的风险,与此同时,依赖重复性体力劳动的岗位也将“越发脆弱”。
本届国际劳工大会将持续至13日,来自国际劳工组织187个成员的代表将聚焦防止生物危害、体面劳动以及修订《海事劳工公约》等议题。
国际劳工大会是国际劳工组织的最高权力机构,每年五六月间在日内瓦举行一次会议。国际劳工组织成立于1919年,是一个由政府、雇主和劳工代表组成的三方组织,其主要宗旨是促进充分就业和劳资合作、改善劳动条件、扩大社会保障、保证劳动者权益和维护社会公平。(完)
图说:6月2日,国际劳工组织总干事洪博在瑞士日内瓦举行的国际劳工大会上讲话。新华社记者 连漪 摄