China
ရှီကျင့်ဖိန်နှင့် ဘီလာရုဇ်နိုင်ငံ သမ္မတ လူကာရှန်ကို တွေ့ဆုံဆွေးနွေး

ပေကျင်း၊ ဇွန် ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇွန် ၄ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ကျုံးနန်ဟိုင်၌ ဘီလာရုဇ်နိုင်ငံ သမ္မတ လူကာရှန်ကိုနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က လူကာရှန်ကို သမ္မတအဖြစ် ဆက်လက်ရွေးချယ်ခံရပြီး တာဝန်ထမ်းဆောင်မှုကို ထပ်မံဂုဏ်ပြုစကား ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် ဘီလာရုဇ်တို့သည် မိတ်ဆွေစစ်၊ မိတ်ဖက်ကောင်းများဖြစ်ကြောင်း၊ နှစ်ဖက်က အစဉ်အမြဲ စိတ်ရင်းစေတနာမှန်ဖြင့် ဆက်ဆံကာ ယုံကြည်မှုဖြင့် မိတ်ဖွဲ့ကြောင်း၊ နှစ်နိုင်ငံ၏ အစဉ်အလာ ချစ်ကြည်ရေးသည် အချိန်ကာလ ကြာရှည်လာသည်နှင့်အမျှ ပိုမိုခိုင်မာလာကြောင်း၊ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုသည်လည်း ဖျက်ဆီး၍မရအောင် ခိုင်မြဲကြောင်း၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဘက်စုံတွန်းအားပေး ဖော်ဆောင်လျက်ရှိကြောင်း ရှီကျင့်ဖိန်က ထောက်ပြ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက မဟာဗျူဟာအမြင့်နှင့် ရေရှည်ရှုထောင့်မှ တရုတ်-ဘီလာရုဇ်ဆက်ဆံရေးကို အစဉ်အမြဲရှုမြင်ပြီး တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ဘီလာရုဇ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံဆက်ဆံရေးနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု တည်ငြိမ်ပြီး ရေရှည် ရှေ့ဆက်နိုင်ရေးအား တွန်းအားပေးသွားလိုကြောင်း၊ နှစ်ဖက်က ကုလသမဂ္ဂ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) စသည့် နိုင်ငံစုံမူဘောင်များအောက်တွင် ညှိနှိုင်းမှုနှင့် တွဲဖက်လုပ်ဆောင်မှုများ တစ်ဆင့်တိုးမြှင့်တင်ကာ ဗိုလ်ကျစိုးမိုးမှုများကို အတူတကွဆန့်ကျင်ပြီး နိုင်ငံတကာ တရားမျှတမှု၊ သမာသမတ်ကျမှုကို ကာကွယ်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လူကာရှန်ကိုက ယခုအကြိမ်သည် ၎င်းအနေဖြင့် တရုတ်နိုင်ငံသို့ ၁၅ ကြိမ်မြောက် ခရီးစဉ် လာရောက်ခြင်းဖြစ်ကြောင်း၊ ခရီးစဉ်တိုင်းတွင် တရုတ်ဘက်က နက်ရှိုင်းလှသော သံယောဇဉ်ကို အစစ်အမှန် ခံစားရကြောင်း၊ ဘီလာရုဇ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံက ကာလကြာရှည်စွာ အင်တိုက်အားတိုက် ပံ့ပိုးမှုနှင့် ကူညီမှုများကို ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံအပေါ် များစွာယုံကြည်၍ တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို မမှိတ်မသုန် တိုးတက်အောင်ဖော်ဆောင်သွားပြီး တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတကာအရေးကိစ္စများတွင် တရုတ်နိုင်ငံက နိုင်ငံစုပူးပေါင်းဆောင်ရွက်ရေးဝါဒကို ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းပြီး တစ်ဖက်သတ်ဝါဒနှင့် ဒဏ်ခတ်အရေးယူ ဖိအားပေးမှုများကို ဆန့်ကျင်သဖြင့် ကမ္ဘာကြီးအတွက် စံနမူနာဖြစ်ခဲ့ကြောင်း၊ ယင်းအပေါ် ဘီလာရုဇ်နိုင်ငံက လေးစားပါကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နိုင်ငံတကာ တရားမျှတမှု၊ သမာသမတ်ကျမှုတို့အား အတူတကွ ကာကွယ်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ဝမ်ရိလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
———————-
(Chinese Version)
习近平会见白俄罗斯总统卢卡申科
新华社北京6月4日电 6月4日上午,国家主席习近平在中南海会见白俄罗斯总统卢卡申科。
习近平再次祝贺卢卡申科当选连任总统。习近平指出,中国和白俄罗斯是真朋友、好伙伴。双方一直以诚相待、以信相交。两国传统友好历久弥坚,政治互信牢不可破,各领域合作全面推进。中方始终从战略高度和长远角度看待和发展中白关系,愿同白方一道,推动两国关系和互利合作行稳致远。双方要进一步加强在联合国、上海合作组织等多边框架内协调和配合,共同反对霸权霸道霸凌,捍卫国际公平正义。
卢卡申科表示,这是我第15次访问中国,每一次都真切感受到中方的深情厚谊。白方感谢中方长期以来大力支持和帮助,对中国高度信任,将坚定不移发展对华关系,积极推进对华合作。在国际事务中,中国坚定维护多边主义,反对单边主义和制裁施压,为世界树立了榜样。白方深表钦佩,愿与中方共同捍卫国际公平正义。
王毅参加会见。(完)
图说:6月4日上午,国家主席习近平在北京中南海会见白俄罗斯总统卢卡申科。 新华社记者 黄敬文 摄