China
ဥရောပသမဂ္ဂက အစိုးရဌာနများ ဆေးကုသရေးစက်ပစ္စည်း ဝယ်ယူမှုတွင် တရုတ်လုပ်ငန်းကုမ္ပဏီများ ပါဝင်ခြင်းအား ကန့်သတ်မှုအပေါ် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တုံ့ပြန်

ပေကျင်း၊ ဇွန် ၄ ရက် (ဆင်ဟွာ)
ဥရောပသမဂ္ဂက အစိုးရဌာနများ ဆေးကုသရေးစက်ပစ္စည်း ဝယ်ယူမှုတွင် တရုတ်လုပ်ငန်းကုမ္ပဏီများ ပါဝင်ခြင်းအား ကန့်သတ်မှုနှင့်စပ်လျဉ်း၍ သတင်းထောက်မေးမြန်းမှုကို တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဇွန် ၃ ရက်တွင် ဖြေကြားခဲ့ရာ တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာအခြေအနေအား သတိထားမိကြောင်း၊ ဥရောပဘက်၏ သက်ဆိုင်ရာဆုံးဖြတ်ချက်နှင့် ခွဲခြားဆက်ဆံသော အစီအမံများသည် တရုတ်လုပ်ငန်းကုမ္ပဏီများ၏ အကျိုးစီးပွားကို ထိခိုက်စေသည့်အပြင် တစ်ဖက်သတ် ကိရိယာများကို အသုံးပြု၍ တရားမျှတစွာယှဉ်ပြိုင်မှုကို ဖျက်ဆီးခြင်း၊ ကုန်သွယ်ရေး အတားအဆီးအသစ်များ တည်ဆောက်ခြင်း ဟူသည့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ လုပ်ရပ်အပေါ် တရုတ်နိုင်ငံက ခိုင်မာစွာဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသည် နိုင်ငံတကာဝယ်ယူမှု ကိရိယာအတွက် မဲပေးဆုံးဖြတ်ချက်အရ လာမည့် ၅ နှစ်အတွင်း တန်ဖိုး ယူရို ၅ သန်း ထက်ကျော်သော ဥရောပသမဂ္ဂ အစိုးရဌာနများမှ ဝယ်ယူမှုစီမံကိန်းအတွက် တင်ဒါခေါ်ယူမှု၌ တရုတ်ဆေးကုသရေး စက်ပစ္စည်းထုတ်လုပ်သည့်ကုမ္ပဏီများ ပါဝင်ခြင်းအား ကန့်သတ်ထားသည်ဟု မီဒီယာများက သတင်းဖော်ပြထားကြောင်း၊ ယင်းအပေါ် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်က မေးမြန်းမှုအပေါ် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အထက်ပါအတိုင်း တုံ့ပြန်ဖြေကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစည်းစနစ်သည် တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒများ၏ ပြင်းထန်စွာထိုးနှက်မှုများ ခံနေရကြောင်း၊ တာဝန်သိစိတ်ရှိသည့် အဓိကစီးပွားရေး အစုအဖွဲ့အနေဖြင့် တရုတ်နှင့် ဥရောပသမဂ္ဂတို့သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ စည်းမျဉ်း စည်းကမ်းများကို လိုက်နာကာ တရားမျှတသော၊ ပွင့်လင်းမြင်သာသောနှင့် ခွဲခြားဆက်ဆံမှု မရှိသော အခြေခံမူကို လက်ကိုင်ပြီး အပြန်အလှန် တံခါးဖွင့်မှုဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ကာ တွေ့ဆုံဆွေးနွေးမှုဖြင့် သဘောထားကွဲလွဲမှုများကို သင့်လျော်ကောင်းမွန်စွာဖြေရှင်းခြင်း၊ တရုတ်-ဥရောပ ကုန်သွယ်စီးပွား ဆက်ဆံရေး ကောင်းမွန်စွာ တိုးတက်မှုကို အတူတကွ ကာကွယ်ထိန်းသိမ်းခြင်းတို့ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
ဥရောပဘက်အနေဖြင့် မှားယွင်းသောလုပ်ဆောင်ချက်များကို ပြင်ဆင်ရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဥရောပဘက်က နောက်ဆက်တွဲလှုပ်ရှားမှုများကို ဆက်လက် စောင့်ကြည့်သွားမည် ဖြစ်ပြီး တရုတ်လုပ်ငန်းကုမ္ပဏီများ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားအား ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းရန် အစီအမံများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
———————-
(Chinese Version)
商务部回应欧盟拟限制中企参与医疗器械公共采购
新华社北京6月3日电 商务部新闻发言人3日就欧盟拟限制中企参与医疗器械公共采购答记者问时表示,中方注意到有关情况。欧方有关决定和歧视性的措施不仅损害中方企业利益,而且利用单边工具破坏公平竞争,构筑新的贸易壁垒,对这一保护主义做法,中方坚决反对。
有记者问:有媒体报道,欧盟成员国依据国际采购工具投票决定,禁止中国医疗器械制造商未来5年内参与价值超过500万欧元的欧盟公共采购项目招标。请问商务部对此有何评论?商务部新闻发言人作出上述回应。
发言人表示,当前,全球经济秩序正遭受单边主义、保护主义的严重冲击。作为负责任的主要经济体,中欧应恪守世贸组织规则,坚持公平、透明和非歧视性原则,以相互开放应对挑战,以合作对话妥处分歧,共同维护中欧经贸关系健康发展。希望欧方纠正错误做法,中方将密切关注欧方后续行动,并将采取措施,坚定维护中国企业的合法权益。(完)