China
တင်းရွှဲရှန်နှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံများ ဘဏ္ဍာရေးဝန်ကြီးနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးသို့ တက်ရောက်သော ပြည်ပကိုယ်စားလှယ်များ အဖွဲ့လိုက်တွေ့ဆုံ

ပေကျင်း၊ ဇွန် ၄ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် တင်းရွှဲရှန်သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများ ဘဏ္ဍာရေးဝန်ကြီးနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေးသို့ တက်ရောက်သော ပြည်ပကိုယ်စားလှယ်များနှင့် ဇွန် ၃ ရက်တွင် ပေကျင်း၌ အဖွဲ့လိုက်တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် တင်းရွှဲရှန်က ၂၀၂၄ ခုနှစ်“ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) +” အက်စ်တာနာ ထိပ်သီးအစည်းအဝေးတွင် သမ္မတ ရှီကျင့်ဖိန်က ပိုမိုသာယာလှပသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မိသားစုဥယျာဉ် အတူတကွ တည်ဆောက်ရေးအပေါ် အရေးကြီး အကြံပြုချက်များနှင့် ကြီးမားသော အစီအမံများကို အဆိုပြုခဲ့ကြောင်း ပြောကြားခဲ့သည်။
ယခုနှစ်သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) “တရုတ်နှစ်” ဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် ဘက်ပေါင်းစုံနှင့်အတူ ယင်းကို အခါအခွင့်အဖြစ်ထားရှိကာ ဖွံ့ဖြိုးတိုးတက်ရေးဦးစားပေးမှုကို အခိုင်အမာ လက်ကိုင်ထားရန်၊ ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ရန်၊ ကိုယ်ပိုင်ငွေကြေးဖြင့် စာရင်းရှင်းမှု ပမာဏကို တိုးချဲ့ရန်၊ အားလုံးပါဝင်သောဒစ်ဂျစ်တယ်ငွေကြေးကို တိုးတက်စေရန်၊ SCO ဖွံ့ဖြိုးတိုးတက်ရေးဘဏ်ကို တက်ကြွစွာ တည်ဆောက်သွားရန်၊ ဒေသတွင်းနိုင်ငံများတိုးတက်ရေးအတွက် အားကောင်းသည့်တွန်းအား ဖြည့်တင်းပေးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အတွင်းရေးမှူးချုပ် Nurlan Yermekbayev က ပြည်ပကိုယ်စားလှယ်များ ကိုယ်စား ပြောကြားရာတွင် တရုတ်နိုင်ငံက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ဥက္ကဋ္ဌနိုင်ငံအနေဖြင့် ထမ်းဆောင်သည့် လုပ်ငန်းဆောင်တာများအား အထူးတန်ဖိုးထား ချီးကျူးပါကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ “ရှန်ဟိုင်းစိတ်ဓာတ်” ကို လက်ကိုင်ထား၍ ဒေသတွင်း သာယာဝပြောရေးနှင့် တိုးတက်ရေးကို မြှင့်တင်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
丁薛祥集体会见上海合作组织成员国财长和央行行长会议外方参会代表
新华社北京6月3日电 中共中央政治局常委、国务院副总理丁薛祥3日在北京集体会见出席上海合作组织成员国财长和央行行长会议的外方代表。
丁薛祥表示,在2024年的“上海合作组织+”阿斯塔纳峰会上,习近平主席对共同建设更加美好的上海合作组织家园提出一系列重要建议和重大举措。今年是上合组织“中国年”,中方愿同各方以此为契机,坚持发展优先,加强财金合作,扩大本币结算份额,发展数字普惠金融,积极筹建上合组织开发银行,为地区国家发展注入强劲动能。
上合组织秘书长叶尔梅克巴耶夫代表外方发言,高度赞赏中国担任上合组织主席国所做工作,表示愿同中方共同秉持“上海精神”,促进地区繁荣发展。(完)
1. 6月3日,中共中央政治局常委、国务院副总理丁薛祥在北京集体会见出席上海合作组织成员国财长和央行行长会议的外方代表。 新华社记者 刘彬 摄