Connect with us

China

ရှီကျင့်ဖိန်နှင့် အမေရိကန် သမ္မတ ထရမ့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်တို့ ဂျပန်နိုင်ငံ အိုဆာကာမြို့၌ ဒေသစံတော်ချိန် ၂၀၁၉ ခုနှစ် ဇွန် ၂၉ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖိတ်ကြားချက်အရ ဇွန် ၅ ရက် ညပိုင်းတွင် အမေရိကန် သမ္မတ ထရမ့်နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့သည်။

ထိုသို့ ဆက်သွယ်ဆွေးနွေးရာ၌ ရှီကျင့်ဖိန်က တရုတ်-အမေရိကန် ဆက်ဆံရေး ဟူသော ဤသင်္ဘောကြီး၏ မောင်းနှင်ရာဦးတည်ချက်ကို တည့်မတ်ရာတွင် မိမိတို့အနေဖြင့် ကောင်းမွန်စွာ ပဲ့ကိုင်ရန်၊ ဦးတည်ချက်ကို ကောင်းမွန်စွာ သတ်မှတ်ထားရှိရန် လိုအပ်ကြောင်း၊ အထူးသဖြင့် အနှောင့်အယှက်သာမက ဖျက်ဆီးမှုအမျိုးမျိုးကို ဖယ်ရှားရမည် ယင်းမှာ အထူးပင်အရေးကြီးကြောင်း ထောက်ပြ ပြောကြားခဲ့သည်။

အမေရိကန်ဘက်က အဆိုပြုချက်အရ နှစ်နိုင်ငံ ကုန်သွယ်စီးပွားကဏ္ဍ ဦးဆောင်သူများသည် ဂျီနီဗာတွင် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ပြီး တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုဖြင့် ကုန်သွယ်စီးပွားကဏ္ဍ အရေးကိစ္စကို ဖြေရှင်းရန် အရေးကြီးသည့် ခြေလှမ်းတစ်ရပ်လှမ်းခဲ့ရာ နှစ်နိုင်ငံ နယ်ပယ်အသီးသီးနှင့် နိုင်ငံတကာအသိုက်အဝန်း၏ ကျယ်ကျယ်ပြန့်ပြန့် ကြိုဆိုမှုကို ရရှိခဲ့သလို တွေ့ဆုံဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုက တစ်ခုတည်းသော မှန်ကန်သည့် ရွေးချယ်မှုဖြစ်သည်ကိုလည်း သက်သေပြခဲ့ကြောင်း၊ နှစ်ဖက်အနေဖြင့် တည်ဆောက်ပြီးသော ကုန်သွယ်စီးပွားကဏ္ဍ ညှိနှိုင်းဆွေးနွေးမှုယန္တရားကို ကောင်းမွန်စွာ အသုံးချရမည် ဖြစ်ကြောင်း၊ တန်းတူညီမျှသဘောထားကို လက်ကိုင်ထားကာ ကိုယ်စီဂရုပြုစိုးရိမ်ပူပန်မှုများကို လေးစားပြီး နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့်ရလဒ်ကို ကြိုးပမ်းဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ ထို့အတွက် တရုတ်နိုင်ငံတွင် စိတ်ရင်းစေတနာရှိသည့် တစ်ချိန်တည်းတွင်ပင် အခြေခံမူလည်းရှိကြောင်း၊ တရုတ်လူမျိုးများသည် အစဉ်တစ်စိုက် ဆိုခဲစေမြဲစေ၊ အပြောနှင့်အလုပ်ထပ်တူညီရာ သဘောတူညီချက် ရရှိပြီးဖြစ်သည့်အတွက် နှစ်ဖက်စလုံးက လေးစားလိုက်နာသင့်ကြောင်း၊ ဂျီနီဗာ ဆွေးနွေးပွဲအပြီးတွင် သဘောတူညီချက်များကို တရုတ်နိုင်ငံဘက်က တည်ကြည်လေးနက်စွာ အကောင်အထည်ဖော်ဆောင်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံဘက်က ရရှိသည့် တိုးတက်မှုများကို အမှန်အတိုင်းရှုမြင်ကာ တရုတ်နိုင်ငံအပေါ် လုပ်ဆောင်သည့် အနုတ်လက္ခဏာအစီအမံများအား ရုပ်သိမ်းသင့်ကြောင်း၊ နှစ်ဖက်အနေဖြင့် နိုင်ငံခြားရေး၊ ကုန်သွယ်စီးပွားရေး၊ စစ်တပ်၊ တရားဥပဒေစိုးမိုးရေး စသည့် ကဏ္ဍစုံဖလှယ်ရေးကို တိုးမြှင့်ဆောင်ရွက်သင့်သလို သဘောတူညီချက်များအား မြှင့်တင်မှု၊ အထင်လွဲမှားခြင်းအား လျှော့ချမှု၊ ပူးပေါင်းဆောင်ရွက်ခြင်းအား အားဖြည့်မှုများ ဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အလွန်နည်းပါးသော “ထိုင်ဝမ်ခွဲထွက်ရေးသမား”များက တရုတ်-အမေရိကန် နှစ်နိုင်ငံကို ပဋိပက္ခ ထိပ်တိုက်ရင်ဆိုင်မှုဟူသော အန္တရာယ်များသည့်အခြေအနေသို့ ဆွဲသွင်းမှုကို ရှောင်ရှားရန်အတွက် အမေရိကန်အနေဖြင့် ထိုင်ဝမ်ရေးကိစ္စကို အထူးသတိထားစီမံသင့်ကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။

ထရမ့်က ၎င်းအနေဖြင့် သမ္မတ ရှီကျင့်ဖိန်ကို အထူးလေးစားကြောင်း၊ အမေရိကန်-တရုတ် ဆက်ဆံရေးသည် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ စီးပွားရေး အားကောင်းစွာ တိုးတက်လာမှုအား ထိန်းထားသည်ကို အမေရိကန်ဘက်က မြင်တွေ့လိုကြောင်း၊ အမေရိကန်-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် ကောင်းမွန်သောကိစ္စရပ်များစွာကို ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်ကြောင်း၊ အမေရိကန်ဘက်က တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ဆက်လက် လက်ကိုင်ထားကျင့်သုံးသွားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဂျီနီဗာ ကုန်သွယ်စီးပွားကဏ္ဍ တွေ့ဆုံဆွေးနွေးမှုမှာ အလွန်အောင်မြင်ရာ ကောင်းမွန်သော သဘောတူညီချက်များ ရရှိခဲ့ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်သွားလိုကြောင်း၊ တရုတ်ပညာသင်ကျောင်းသား၊ ကျောင်းသူများ အမေရိကန်သို့လာရောက် ပညာသင်ကြားရန် အမေရိကန်နိုင်ငံဘက်က ကြိုဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံသို့ ထရမ့် ထပ်မံလာရောက်လည်ပတ်ရန် ကြိုဆိုကြောင်းပြောကြားခဲ့ရာ ထရမ့်က လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။
နှစ်ဖက်အဖွဲ့များ ဂျီနီဗာသဘောတူညီချက်ကို ဆက်လက်အကောင်အထည်ဖော်ရန်၊ ဆွေးနွေးပွဲ အသစ်တစ်ကြိမ် အမြန်ဆုံး ကျင်းပရန် နှစ်နိုင်ငံခေါင်းဆောင်များက သဘောတူညီခဲ့သည်။ (Xinhua)
——————-
(Chinese Version)
习近平同美国总统特朗普通电话
新华社北京6月5日电 6月5日晚,国家主席习近平应约同美国总统特朗普通电话。
习近平指出,校正中美关系这艘大船的航向,需要我们把好舵、定好向,尤其是排除各种干扰甚至破坏,这尤为重要。根据美方提议,两国经贸牵头人在日内瓦举行会谈,迈出了通过对话协商解决经贸问题的重要一步,受到两国各界和国际社会普遍欢迎,也证明对话和合作是唯一正确的选择。双方要用好已经建立的经贸磋商机制,秉持平等态度,尊重各自关切,争取双赢结果。对此,中方是有诚意的,同时也是有原则的。中国人一向言必行、行必果,既然达成了共识,双方都应遵守。日内瓦会谈之后,中方严肃认真执行了协议。美方应实事求是看待取得的进展,撤销对中国实施的消极举措。双方应增进外交、经贸、军队、执法等各领域交流,增进共识、减少误解、加强合作。
习近平强调,美国应当慎重处理台湾问题,避免极少数“台独”分裂分子把中美两国拖入冲突对抗的危险境地。
特朗普表示十分尊重习近平主席,美中关系十分重要。美方乐见中国经济保持强劲增长。美中合作可以做成很多好事。美方将继续奉行一个中国政策。两国日内瓦经贸会谈很成功,达成了好的协议。美方愿同中方共同努力落实协议。美方欢迎中国留学生来美学习。
习近平欢迎特朗普再次访华,特朗普表示诚挚感谢。两国元首同意双方团队继续落实好日内瓦共识,尽快举行新一轮会谈。(完)
1 当地时间2019年6月29日上午,国家主席习近平同美国总统特朗普在日本大阪举行会晤。 新华社记者 鞠鹏 摄