China
တရုတ်- အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ကွာလာလမ်ပူမြို့၌ ကျင်းပ

ကွာလာလမ်ပူ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဇူလိုင် ၁၀ ရက်တွင် မလေးရှားနိုင်ငံ ကာလာလမ်ပူမြို့၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တရုတ်-အာဆီယံ ဆက်ဆံရေး ညှိနှိုင်းရေးမှူးနိုင်ငံ ကိုယ်စားလှယ်တို့ အတူတကွ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံနိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံ စောင့်ကြည့်လေ့လာရေးပုဂ္ဂိုလ်များနှင့် အာဆီယံ အထွထွေအတွင်းရေးချုပ်တို့ ပါဝင်တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ဝမ်ရိက တရုတ်နှင့် အာဆီယံ၏ ဖွံ့ဖြိုးတိုးတက်မှု အတွေးအခေါ်မှာ နီးစပ်ကာ လိုအပ်ချက်များ အပြန်အလှန်ချိတ်ဆက်မှုရှိပြီး အကျိုးစီးပွားများ ပေါင်းစည်းလျက်ရှိသောကြောင့် တရုတ်နိုင်ငံသည် အာဆီယံအား အိမ်နီးချင်းသံတမန်ဆက်ဆံရေး၏ ဦးစားပေးဦးတည်ချက်၊ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး၏ ရှေ့ပြေးစမ်းသပ်ဇုန်အဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် အာရှခေတ်မီအသွင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို တွန်းအားပေးရာတွင် အပြန်အလှန် ထောက်ပံ့ကာ အပြန်အလှန်အောင်မြင်စေသင့်ကြောင်း၊ တရုတ်နိုင်ငံသည် ကမောက်ကမဖြစ်နေသော ကမ္ဘာကြီးတွင် ယုံကြည်အားအထားရဆုံး တည်ငြိမ်မှုအင်အား အစဉ်အမြဲဖြစ်သလို အာဆီယံနိုင်ငံများ စိန်ခေါ်မှုများ ရင်ဆိုင်တုံ့ပြန်ရာတွင် အားအကိုးရဆုံး ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ရိက တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး အောင်မြင်မှုရလဒ်များကို မိတ်ဆက်ပြောကြားခဲ့ပြီး အကြံပြုချက် ၄ ရပ်ကို အဆိုပြုခဲ့သည်။ ယင်းမှာ ပထမအနေဖြင့် နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ကာကွယ်သော စံနမူနာ လုပ်ဆောင်ခြင်း၊ ဒုတိယအနေဖြင့် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးအား ကာကွယ်ထိန်းသိမ်းသော စံနမူနာ လုပ်ဆောင်ခြင်း၊ တတိယအနေဖြင့် အပြန်အလှန် အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်သော ပူးပေါင်းဆောင်ရွက်မှု စံနမူနာ လုပ်ဆောင်ခြင်း၊ စတုတ္ထအနေဖြင့် အားလုံးပါဝင်ပြီး အပြန်အလှန်သင်ယူလေ့လာမှုကို မြှင့်တင်သော စံနမူနာ လုပ်ဆောင်ခြင်းတို့ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်-အာဆီယံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ဘက်အသီးသီးက အပြုသဘော ချီးကျူးခဲ့ကြသည်။ အစည်းအဝေးတက်ရောက်လာသော နိုင်ငံများက တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုသည် တက်ကြွမှုအရှိဆုံး၊ အောင်မြင်မှုရလဒ် အကြွယ်ဝဆုံးဖြစ်ပြီး တရုတ်နိုင်ငံနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာချိတ်ဆက်မှုကို အရှိန်မြှင့်တင်ကာ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတကွတည်ဆောက်ပြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ အပြန်အလှန်ချိတ်ဆက်မှု၊ ဒစ်ဂျစ်တယ် အသွင်ပြောင်းလဲမှု၊ သန့်စင်စွမ်းအင်၊ နိုင်ငံဖြတ်ကျော်ပြစ်မှုများ တိုက်ဖျက်ရေး စသည့် ဘက်စုံထောင့်စုံ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေလိုကြောင်း၊ အာဆီယံ-တရုတ် လွတ်လပ်စွာ ကုန်သွယ်ရေးဒေသ ၃.၀ ဗားရှင်း ပရိုတိုကောလ် (Protocol) ကို ယခုနှစ်အတွင်း လက်မှတ်ရေးထိုးရန် မျှော်လင့်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက “အရှေ့တောင်အာရှ နျူကလီးယားလက်နက် ကင်းစင်ရေးဇုန် သဘောတူညီမှု” ပရိုတိုကောလ်ကို ဦးဆောင်လက်မှတ်ရေးထိုးရန် ဆန္ဒရှိခြင်းကို လေးစားချီးကျူးကြောင်း၊ ဘက်အသီးသီးအနေဖြင့် “တောင်တရုတ်ပင်လယ် နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက်” သဘောတူညီမှု ဆောလျင်စွာ ရရှိရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် နိုင်ငံစုံ ကုန်သွယ်ရေးစနစ်ကို အတူတကွ ထိန်းသိမ်းစောင့်ရှောက်ကာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်လိုကြောင်း၊ တရုတ်နိုင်ငံက အဆိုပြုသော ၂၀၂၆ ခုနှစ်အား “တရုတ်-အာဆီယံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ၅ နှစ်ပြည့် အထူးနှစ်” အဖြစ်သတ်မှတ်ကာ ဂုဏ်ပြုအခမ်းအနားများ ကျင်းပရန်၊ “တရုတ်-အာဆီယံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး လှုပ်ရှားမှုအစီအစဉ်” ကို အတည်ပြု၍ ဖော်ဆောင်ရန် အာဆီယံက သဘောတူညီကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
အစည်းအဝေးကာလအတွင်း ဝမ်ရိက သက်ဆိုင်ရာနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပသော တရုတ်-အာဆီယံ နိုင်ငံခြားရေးကြီးများ အစည်းအဝေးသို့ တက်ရောက်လာသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………………………
(Chinese Version)
中国-东盟外长会在吉隆坡举行
新华社吉隆坡7月10日电(记者毛鹏飞 王嘉伟)中国-东盟外长会10日在马来西亚吉隆坡举行,中共中央政治局委员、外交部长王毅同中国东盟关系协调国代表共同主持,东盟各国外长、东盟观察员及东盟秘书长与会。
王毅说,中国与东盟发展理念相近、诉求相通、利益相融,视东盟为周边外交优先方向、推动构建人类命运共同体的先行区。我们应在推动亚洲现代化进程中相互支持、相互成就。中方始终是动荡世界中最可信赖的稳定力量,是东盟国家应对挑战最可依靠的合作伙伴。
王毅介绍了中国东盟合作成果,并提出四点建议:一是做捍卫国际公平正义的典范。二是做维护地区和平稳定的典范。三是做开展互利共赢合作的典范。四是做促进包容互鉴的典范。
各方积极评价中国东盟全面战略伙伴关系。与会国家表示,中国东盟合作最具活力、最富成果,愿同中方加快发展战略对接,高质量共建“一带一路”,深化贸易、投资、互联互通、数字转型、清洁能源、打击跨国犯罪等全方位合作,期待东盟-中国自贸区3.0版议定书年内签署。赞赏中方愿意率先签署《东南亚无核武器区条约》议定书。期待各方早日达成“南海行为准则”。愿与中方共同维护多边主义和多边贸易体制,共同应对全球性挑战。东盟同意中方提议,将2026年定为“中国-东盟建立全面战略伙伴关系5周年主题年”并举行庆祝活动,通过并实施《中国-东盟全面战略伙伴关系行动计划》。
会议期间,王毅会见了有关国家外长。(完)
图说1:7月10日,与会代表在马来西亚吉隆坡举行的中国-东盟外长会上合影。新华社记者 程一恒 摄
图说2:7月10日,中共中央政治局委员、外交部长王毅在马来西亚吉隆坡出席中国-东盟外长会。新华社记者 程一恒 摄