China
“သူရဲကောင်းကမ္ဘာ” အဖြစ် ပြောင်းလဲလာသော စွန့်ပစ် သတ္တုတွင်းဇုန်နှင့် “နတ်ဘုံပမာ” တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ်၏ ရှုခင်းသာ

ရှန့်ရောင် (ကျန်းရှီး)၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် ရှန့်ရောင်မြို့ ကွမ်ရှင့်ခရိုင် ဝမ့်ရှန်းကျေးရွာရှိ ဝမ့်ရှန်းလျှိုမြောင် ရှုခင်းသာသည် တစ်ချိန်က နှမ်းဖတ်ကျောက်ပြား ကုန်ကြမ်းထုတ်လုပ်ရာ အခြေစိုက်စခန်းဖြစ်ခဲ့သည်။ ကာလကြာရှည်စွာ စည်းစနစ်မကျ ထုတ်လုပ်မှုကြောင့် ဒေသတွင်း အပင်ဖုံးလွှမ်းမှုများ ဖျက်ဆီးခြင်းခံရပြီး တောင်ကိုယ်ထည်များ ပေါ်ထွက်လာကာ လျှိုမြောင်ကြားက မြစ်ရေသည် “နွားနို့အရောင်” အဖြစ် ပြောင်းလဲသွားခဲ့သည်။
အခက်အခဲများကြုံတွေ့ရမှုကြောင့် သင်ခန်းစာယူပြီး ဒေသတွင်းအစိုးရက ကျောက်ထည်ကုန်ချော ထုတ်လုပ်သည့် စက်ရုံအားလုံးကို တစ်ကြိမ်တည်းပိတ်ပစ်ကာ ထုတ်လုပ်ရေးလိုင်း ၂၀၀ ကျော်ကို ရပ်နားခိုင်းခဲ့ပြီး ကျောက်ထည်လုပ်ငန်းကြောင့် ကျန်ရှိခဲ့သော စွန့်ပစ်သတ္တုတွင်းပေါက်နှင့် ပျက်စီးသွားသော တောင်ကိုယ်ထည်များအတွက် ပြန်လည်ကုစားရေး လုပ်ငန်းစတင်ခဲ့သည်။
ထိုသို့လုပ်ဆောင်ရာတွင် Slash Pine ၊ Chinese Yew စသည့် မြေဆီလွှာအားနည်းမှုအား ခံနိုင်ရည်ရှိသည့် ပျိုးပင်သစ်ပင်များ ၂၃၀,၀၀၀ စိုက်ပျိုးခဲ့ပြီး တရုတ်မူ (Mu) ၅၀၀ ရှိသည့် ဂေဟအတားအဆီးလိုင်းကို တည်ဆောက်လိုက်သည်။ တစ်ချိန်တည်းတွင် မြေဆီလွှာယိုစိမ့်မှု အတားအဆီး ၁၂ နေရာနှင့် ၈ ကီလိုမီတာ ရှည်သည့် ဂေဟကာကွယ်ရေးကမ်းစပ်ကိုလည်း တည်ဆောက်ခဲ့သဖြင့် သတ္တုတွင်းဇုန် အပင်ဖုံးလွှမ်းမှုနှုန်းသည် ၃၅ ရာခိုင်နှုန်းမှ ၈၂ ရာခိုင်နှုန်းအထိ တိုးမြင့်လာပြီး နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သည့် Giant Spiny ဖား စသည့် အဖိုးတန်ရေနေသတ္တဝါများလည်း မြစ်ရေလျှိုမြောင်ကြားတွင် ပြန်လည်ပေါ်ထွက်လာခဲ့သည်။
၂၀၁၀ ပြည့်နှစ်တွင် ဒေသတွင်း၌ ကျိုနျို ယဉ်ကျေးမှုခရီးသွားလာရေးအုပ်စုအား လက်ခံ၍ အချိန် ၁၀ နှစ်ဖြင့် တောတောင်ရေမြေ လူမှုယဉ်ကျေးမှု ရှုခင်းသာ၊ အရပ်ဓလေ့ထုံးတမ်းခံစားမှု၊ ဖျော်ဖြေတင်ဆက်မှု အခမ်းအနား လှုပ်ရှားမှုများအား တစ်နေရာတည်းတွင် ပေါင်းစည်းထားသည့် အပန်းဖြေခရီးသွားဇုန်တစ်ခုကို တစ်ဆင့်ချင်း တည်ဆောက်ခဲ့သည်။
လတ်တလောနှစ်ပိုင်းတွင် ဝမ့်ရှန်းလျှိုမြောင် ရှုခင်းသာသည် ၎င်း၏တစ်မူထူးခြားသော “နတ်သူရဲကောင်းလောက” ရှုခင်းသာကြောင့် လူသိများရေပန်းစားလာခဲ့ပြီး ခရီးသွားဧည့်သည်အများအပြား လာရောက်လည်ပတ်ရန် ဆွဲဆောင်ခဲ့သည်။ အချက်အလက်များအရ ရှုခင်းသာသည် ၂၀၂၄ ခုနှစ်တွင် ခရီးသွားဧည့်သည် အကြိမ်ရေ ၃.၁ သန်း လက်ခံခဲ့ပြီး တစ်နှစ်ပတ်လုံးတွင် ခရီးသွားလုပ်ငန်းဝင်ငွေ ယွမ် ၅၂၈ သန်း ဖော်ဆောင်နိုင်ခဲ့သည်။
ရှုခင်းသာလူသိများ ရေပန်းစားမှုကြောင့်လည်း အနီးတစ်ဝိုက်ရှိ မြို့ရွာများတွင် စားသောက်မှု၊ နေထိုင်မှု၊ သွားလာမှု၊ ဖျော်ဖြေမှု စသည့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေပြီး ပိုမိုများပြားသောပြည်သူများက အိမ်တံခါးဝတွင်ပင် ဂေဟခရီးသွားလာမှု၏ အကျိုးအမြတ်ကို မျှဝေခံစားနိုင်ခဲ့သည်။ စိမ်းလန်းစိုပြည်သော တောတောင်ရေမြေသည် အများပြည်သူကို ကြွယ်ဝချမ်းသာလာစေသည့် ရွှေတောင်ငွေတောင်နှင့် သာယာချမ်းမြေ့သော လူနေမှုဘဝ ဖော်ဆောင်သည့် ပျော်ရွှင်ဖွယ်ရာ ခိုနားရာဖြစ်လာခဲ့သည်။
ဝမ့်ရှန်းလျှိုမြောင် ရှုခင်းသာ၏ တည်ဆောက်လည်ပတ်မှုကြောင့် ရွာသူ၊ ရွာသားများ ကျေးလက်သို့ပြန်လည် ရောက်ရှိလာပြီး လူရည်ချွန်များ ကျေးလက်သို့ ဝင်ရောက်လာစေကာ တိုက်ရိုက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂,၀၀၀ ကျော် ဖန်တီးပေးနိုင်ခဲ့သောကြောင့် အနီးတစ်ဝိုက် လူဦးရေ ၃၀,၀၀၀ ကျော် အလုပ်အကိုင်ရရှိစေခဲ့သည်။ လက်ရှိတွင် မြို့နယ်တစ်ခုလုံး၌ တည်းခိုခန်း ၃၄၀ ကျော် နှင့် ကျေးလက်အပန်းဖြေစခန်း ၁၁၀ ကျော် ရှိနေပြီဖြစ်ပြီး စတုရန်းမီတာ ၃၀,၀၀၀ ကျော်သည့် ကုန်သွယ်စီးပွားရေး ဘက်စုံ အဆောက်အဦအုပ်စု တစ်ခုကိုလည်း တည်ဆောက်နေဆဲဖြစ်ကာ အနာဂတ်တွင် ခရီးသွားလာမှုခံစားချက်များ တစ်ဆင့်တိုး များပြားပြည့်ဝလာစေမည်ဖြစ်ပေသည်။ (Xinhua)

တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် ရှန့်ရောင်မြို့ ကွမ်ရှင့်ခရိုင် ဝမ့်ရှန်းကျေးရွာရှိ ဝမ့်ရှန်းလျှိုမြောင် ရှုခင်းသာကို ဇူလိုင် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် ရှန့်ရောင်မြို့ ကွမ်ရှင့်ခရိုင် ဝမ့်ရှန်းကျေးရွာရှိ ဝမ့်ရှန်းလျှိုမြောင် ရှုခင်းသာ၌ လာရောက်လည်ပတ်နေသော ခရီးသွားဧည့်သည်များကို ဇူလိုင် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် ရှန့်ရောင်မြို့ ကွမ်ရှင့်ခရိုင် ဝမ့်ရှန်းကျေးရွာရှိ ဝမ့်ရှန်းလျှိုမြောင် ရှုခင်းသာ၌ လာရောက်လည်ပတ်နေသော ခရီးသွားဧည့်သည်များကို ဇူလိုင် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် ရှန့်ရောင်မြို့ ကွမ်ရှင့်ခရိုင် ဝမ့်ရှန်းကျေးရွာရှိ ဝမ့်ရှန်းလျှိုမြောင် ရှုခင်းသာ ဒုတိယအဆင့် တိုးချဲ့တည်ဆောက်မှု လုပ်ဆောင်လျက်ရှိရာ တည်ဆောက်နေသော အလုပ်သမားများကို ဇူလိုင် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် ရှန့်ရောင်မြို့ ကွမ်ရှင့်ခရိုင် ဝမ့်ရှန်းကျေးရွာရှိ ဝမ့်ရှန်းလျှိုမြောင် ရှုခင်းသာ ဒုတိယအဆင့် တိုးချဲ့တည်ဆောက်မှု လုပ်ဆောင်လျက်ရှိရာ တည်ဆောက်နေသော အလုပ်သမားများကို ဇူလိုင် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————-
(Chinese Version)
活力中国调研行|废弃矿区蝶变“侠客世界”,江西这个景区有点“仙”
新华社照片,上饶(江西),2025年7月12日
位于江西省上饶市广信区望仙乡的望仙谷景区,过去曾是花岗岩板材生产基地。长期无序开采导致植被破坏、山体裸露,山谷里的溪水被染成“牛奶色”。
痛定思痛之下,当地政府一次性关闭所有石材加工厂,叫停200余条生产线,针对石材产业遗留的废弃矿坑和破损山体启动修复工程,种植23万株湿地松、红豆杉等耐贫瘠苗木,建成500亩生态缓冲带,同时还修建12座拦沙坝和8公里生态护岸,矿区植被覆盖率从35%提升至82%,消失多年的石蛙等珍稀水生生物也重现溪谷。
2010年,当地引进九牛文旅集团,花费十年时间一步步打造出一个集山水人文景观、民俗体验、活动演艺于一体的度假旅游区。
近年来,望仙谷景区因其独特的“仙侠世界”景观火爆出圈,吸引大批游客来此观光。数据显示,景区2024年接待游客310万人次,全年实现旅游收入5.28亿元。
景区的火爆还促进周边乡镇的食、住、行、娱等行业发展,越来越多的百姓在家门口就能分享生态旅游红利。绿水青山成为群众致富的金山银山和奔向美好生活的幸福靠山。
望仙谷景区的建设运营促进了村民返乡和能人进乡,提供直接就业岗位2000余个,带动周边就业3万余人。目前全乡有340多家民宿和110多家农家乐,还有一个3万多平方米的商贸综合体正在建设,未来将进一步丰富旅游体验。
1、2:这是7月11日在江西省上饶市广信区望仙乡拍摄的望仙谷景区(无人机照片)。新华社记者 刘金海 摄
3、4:7月11日,游客在位于江西省上饶市广信区望仙乡的望仙谷景区游览。新华社记者 刘金海 摄
5:7月11日,工人在位于江西省上饶市广信区望仙乡的望仙谷景区施工。目前,望仙谷景区正在进行二期扩建。 新华社记者 刘金海 摄