Connect with us

China

တရုတ်နိုင်ငံ ပထမဆုံး ကုန်စည်ပို့ဆောင်ရေး သီးသန့်အချက်အချာ လေဆိပ်သို့ ညအချိန်ခါ သွားရောက်ခြင်း

တရုတ်နိုင်ငံ ဟူပေပြည်နယ် အဲ့ကျိုးမြို့ရှိ အဲ့ကျိုး ဟွားဟူနိုင်ငံတကာလေဆိပ် လေယာဉ်ရပ်နားကွင်းအတွင်း၌ ဝန်ထမ်းများက ကုန်တင်ကုန်ချ ပြုလုပ်နေသည်ကို ဇူလိုင် ၁၁ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

အဲ့ကျိုး (ဟူပေ)၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟူပေပြည်နယ် အဲ့ကျိုးမြို့၌တည်ရှိပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် တည်ဆောက်ပြီးစီး၍ စတင်လည်ပတ်လျက်ရှိသည့် အဲ့ကျိုး ဟွားဟူနိုင်ငံတကာလေဆိပ်သည် တရုတ်နိုင်ငံ၏ ပထမဆုံး ကုန်စည်ပို့ဆောင်ရေး သီးသန့်အချက်အချာ လေဆိပ်ဖြစ်သည်။ စတင်ဖွင့်လှစ်ပြေးဆွဲသည့် အချိန်မှစ၍ အဆိုပါလေဆိပ်သည် ပြည်တွင်းကုန်စည်ပို့ဆောင်ရေးခရီးစဉ် ၅၉ ခု၊ နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး ခရီးစဥ် ၄၅ ခု ပြေးဆွဲလျက်ရှိကာ စုစုပေါင်း ကုန်စည်ပို့ဆောင်ရေး ကုန်တင်ကုန်ချပမာဏသည် တန်ချိန် ၂ သန်း ကျော် ထိုးဖောက်ခဲ့သည်။

ထို့အပြင် စတုရန်းမီတာ ၇၅၀,၀၀၀ ရှိသည့် တစ်ဆင့်ခံပို့ဆောင်ရေးစင်တာနှင့် ၅၂ ကီလိုမီတာရှိသည့် ဉာဏ်ရည်ထည့်သွင်းထားသော ပစ္စည်းအထုပ် ခွဲခြားသည့် လိုင်းကို တည်ဆောက်ထားပြီးဖြစ်ကာ “ဗဟိုဝင်ရိုးမှ ဖြန့်ကြက်သည့်ပုံစံ” ပြည်တွင်း ကုန်စည်ပို့ဆောင်ရေး လေကြောင်းအချက်အချာကွန်ရက်ကို တည်ဆောက်လိုက်ပြီး ဥရောပ၊ မြောက်အမေရိက၊ အရှေ့အလယ်ပိုင်း၊ အာရှနှင့် အာဖရိကဒေသများအထိ တိုးချဲ့ထားကြောင်း သိရသည်။

ညသန်းခေါင်ယံအချိန်တွင် အဲ့ကျိုး ဟွားဟူနိုင်ငံတကာလေဆိပ်၌ မီးအလင်းရောင် ထိန်ထိန်ညီးလျက်ရှိသည်။ လေယာဉ်ရပ်နားရာနေရာ၌ ကုန်တင်လေယာဉ် အစင်းရေဒါဇင်ချီ စီစီရီရီ ရပ်နားထားပြီး ဝန်ထမ်းပေါင်းရာကျော်က အချိန်လု၍ ကုန်ချနေကြသည်။ ထိုနေ့ညတွင် ပြည်တွင်းပြည်ပမှ လာရောက်သော စုစုပေါင်း တန်ချိန် ၄,၀၀၀ နီးပါးရှိသည့် ကုန်ပစ္စည်းများသည် ဤနေရာ၌ စုစည်း၍ တရုတ်နိုင်ငံတစ်ဝန်းနှင့် ကမ္ဘာ့ဒေသအသီးသီးသို့ တစ်ဆင့်ပို့ဆောင်သွားမည်ဖြစ်ပေသည်။ (Xinhua)

တရုတ်နိုင်ငံ ဟူပေပြည်နယ် အဲ့ကျိုးမြို့ရှိ အဲ့ကျိုး ဟွားဟူနိုင်ငံတကာလေဆိပ် လေယာဉ်ရပ်နားကွင်းအတွင်း၌ ဝန်ထမ်းများက ကုန်တင်ကုန်ချ ပြုလုပ်နေသည်ကို ဇူလိုင် ၁၁ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူပေပြည်နယ် အဲ့ကျိုးမြို့ရှိ အဲ့ကျိုး ဟွားဟူနိုင်ငံတကာလေဆိပ် လေယာဉ်ရပ်နားကွင်းအတွင်း၌ ဝန်ထမ်းများက ကုန်တင်ကုန်ချ ပြုလုပ်နေသည်ကို ဇူလိုင် ၁၁ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူပေပြည်နယ် အဲ့ကျိုးမြို့ရှိ အဲ့ကျိုး ဟွားဟူနိုင်ငံတကာလေဆိပ် တစ်ဆင့်ခံ ပို့ဆောင်ရေးစင်တာ၌ ဝန်ထမ်းများက အထုပ်များအား ခွဲခြားနေသည်ကို ဇူလိုင် ၁၁ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူပေပြည်နယ် အဲ့ကျိုးမြို့ရှိ့ အဲ့ကျိုး ဟွားဟူနိုင်ငံတကာလေဆိပ် လေယာဉ်ရပ်နားကွင်း တစ်နေရာအား ဇူလိုင် ၁၁ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
新华全媒+|夜访我国首个专业货运枢纽机场
新华社照片,鄂州(湖北),2025年7月12日
于2022年7月建成投运的鄂州花湖国际机场,是我国首个专业货运枢纽机场。开航以来,该机场已开通59条国内货运航线、45条国际货运航线,累计货邮吞吐量突破200万吨,已建成75万平方米的转运中心和52公里的智能化分拣线,建成了“轴辐式”国内货运航空枢纽网络,并延伸至欧洲、北美、中东、亚洲及非洲等地。
子夜时分,鄂州花湖国际机场灯火通明,几十余架货机整齐排列在停机坪上,上百名工作人员正加紧卸货。当晚,共有来自国内外的近4000吨货物在这里集结中转,再运送到全国和世界各地。
1、2、3:7月11日凌晨,工人在鄂州花湖国际机场停机坪进行装载作业。 新华社记者 肖艺九 摄
4:7月11日凌晨,工人在鄂州花湖国际机场转运中心准备进行分拣作业。新华社记者 肖艺九 摄
5:7月11日凌晨拍摄的鄂州花湖国际机场停机坪一角。新华社记者 肖艺九 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.