China
Panasonic (လျှပ်စစ်ပစ္စည်း) တရုတ် ကုမ္ပဏီအနေဖြင့် တရုတ်နိုင်ငံဈေးကွက်အပေါ် ခိုင်မာစွာ အကောင်းမြင်

ပေကျင်း၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)
Panasonic အနေဖြင့် တရုတ်နိုင်ငံဈေးကွက်အပေါ် ခိုင်မာစွာ အကောင်းမြင်ကြောင်း၊ အနာဂတ်တွင် သုတေသနပြုထုတ်လုပ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုများ အဆက်မပြတ် တိုးမြှင့်ပြီး တရုတ်ဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီသည့် ထုတ်ကုန်ပစ္စည်းနှင့် ဖြေရှင်းရေးနည်းလမ်းများစွာ မိတ်ဆက်သွားမည်ဖြစ်ကြောင်း Panasonic လျှပ်စစ်ပစ္စည်း (တရုတ်) ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ကျောက်ပင်တိက ဇူလိုင် ၁၄ ရက်တွင် ဆင်ဟွာသတင်းဌာနက ထုတ်လွှင့်သည့် “တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ” All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၌ ပြောကြားခဲ့သည်။
မကြာသေးမီက ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်အဆင့် စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဇုန် ပြုပြင်ပြောင်းလဲ ဆန်းသစ်တီထွင်မှု နက်ရှိုင်းစေရေး မူဝါဒအစီအမံ များစွာသည် နိုင်ငံခြားကုမ္ပဏီများ တရုတ်နိုင်ငံ၌ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုအဆင့်မြင့်မားသော မူဝါဒပလက်ဖောင်းအား ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် Panasonic သည် တရုတ်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်၍ ထုတ်လုပ်မှုမြှင့်တင်သည့် အစီအစဉ်အသစ်များ ရှိဦးမည်ဖြစ်ကြောင်း ကျောက်ပင်တိက ပြောကြားခဲ့သည်။
နိုင်ငံခြားကုန်သွယ်ရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ “ပထမအဆင့်အဖွဲ့” အနေဖြင့် နိုင်ငံတော်အဆင့် စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဇုန်သည် “တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု” ၏ ဦးစားပေး ရွေးချယ်မှုဖြစ်သလို စနစ်ပုံစံ တံခါးဖွင့်လှစ်မှု၏ အရေးကြီးပလက်ဖောင်းလည်းဖြစ်ပေသည်။ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် မကြာသေးမီက “နိုင်ငံတော်အဆင့် စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဇုန် ပြုပြင်ပြောင်းလဲမှုနှင့် ဆန်းသစ်ဖန်တီးမှုကို နက်ရှိုင်းစွာ ဆောင်ရွက်ခြင်း၊ အဆင့်မြင့် တံခါးဖွင့်လှစ်ခြင်းဖြင့် အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်သော လုပ်ငန်းစီမံချက်” အား ပုံနှိပ်ထုတ်ဝေခဲ့ပြီး အသေးစိတ်အစီအမံ ၁၆ ခု ဖြန့်ကြက်နေရာချထားခဲ့သည်။
“လုပ်ငန်းစီမံချက်က အရေးကြီး သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု ပလက်ဖောင်း နေရာချထားမှု အခင်းအကျင်းကို ပံ့ပိုးပေးပြီး ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လက်တွေ့စီးပွားရေး နက်ရှိုင်းစွာ ပေါင်းစပ်မှု စတာတွေကို မြှင့်တင်ပေးတာကြောင့် Panasonic က ဉာဏ်ရည်တု (AI) ၊ စွမ်းအင်သစ်၊ ကုန်ကြမ်းပစ္စည်းသစ် စတဲ့ ထွန်းသစ်စလုပ်ငန်းတွေမှာ နေရာချထားမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ဖို့အတွက် အကျိုးပြုပါတယ်” ဟု ကျောက်ပင်တိက ပြောကြားခဲ့သည်။
ကျောက်ပင်တိ၏အမြင်တွင် တရုတ်ဈေးကွက်သည် ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်ပြီး နည်းပညာမျိုးဆက်သစ်များ ပေါ်ထွက်လာသည့်ကြာချိန်ကာလ ပိုမိုတိုတောင်းလာသဖြင့် လုပ်ငန်းကုမ္ပဏီက အချိန်နှင့်တစ်ပြေးညီ ထိထိရောက်ရောက် စူးစမ်းလေ့လာမှုရှိရန်၊ ဈေးကွက်ပြောင်းလဲမှုအလျောက် မြန်ဆန်စွာတုံ့ပြန်ကာ အဆက်မပြတ် ဆန်းသစ်တီထွင်မှုဖြင့် မိမိ၏ကိုယ်ပိုင်ယှဉ်ပြိုင်မှုစွမ်းရည်အား မြှင့်တင်ရမည်ဟု ထင်မြင်သည်။ ထို့အပြင် ဈေးကွက်တောင်းဆိုချက် ပိုမိုအမျိုးစုံလင်လာဖြင့် စားသုံးသူက စိတ်ကြိုက်သတ်မှတ်ထားသော အရည်အသွေးမြင့် ကုန်ပစ္စည်း၊ ဝန်ဆောင်မှုနှင့် ဖြေရှင်းရေးနည်းလမ်းအပေါ် လိုအပ်ချက်အား မည်ကဲ့သို့ ဖြည့်ဆည်းရမည်နည်းမှာ Panasonic က ရင်ဆိုင်နေရသည့် အကြောင်းအရာဖြစ်ပေသည်။
“ယနေ့တရုတ်နိုင်ငံက ထုတ်လုပ်မှုနိုင်ငံကြီး ဖြစ်ရုံသာမက စားသုံးမှုနိုင်ငံကြီးနဲ့ ဆန်းသစ်တီထွင်မှု နိုင်ငံကြီးလည်း ဟုတ်ပါတယ်။ ဒါက Panasonic အပါအဝင် နိုင်ငံခြားကုမ္ပဏီတွေအတွက် အလွန်ကျယ်ပြန့်တဲ့ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းပေးလိုက်တာပါပဲ” ဟု ကျောက်ပင်တိက ပြောကြားခဲ့သည်။
“ကျွန်တော်တို့က တရုတ်နိုင်ငံဈေးကွက်အပေါ် ခိုင်မာစွာ အကောင်းမြင်ပါတယ်” Panasonic အနေဖြင့် သုတေသနပြုထုတ်လုပ်မှုတွေအပေါ် ရင်းနှီးထည့်ဝင်မှုတွေ အဆက်မပြတ်မြှင့်တင်ပြီး တရုတ်ဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီသည့် ထုတ်ကုန်ပစ္စည်းနှင့် ဖြေရှင်းရေးနည်းလမ်းများစွာ မိတ်ဆက်သွားမည် ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ဒေသတွင်းလုပ်ငန်းကုမ္ပဏီများနှင့် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ပြီး ပိုမိုပြည့်စုံတဲ့ လုပ်ငန်းဂေဟအခြေအနေအား အတူတကွတည်ဆောက်ကာ တရုတ်ဈေးကွက် အခွင့်အလမ်းကို အမိအရဖမ်းဆုပ်၍ ပိုမိုကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုအား ဖော်ဆောင်သွားမည်ဟု ကျောက်ပင်တိက ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
中国经济圆桌会|松下(电器)中国:坚定看好中国市场
新华社北京7月14日电(记者王雨萧)松下电器(中国)有限公司总裁赵炳弟在新华社14日推出的“中国经济圆桌会”大型全媒体访谈节目中表示,松下坚定看好中国市场,未来将不断加大研发投入,推出更多符合中国市场需求的产品和解决方案。
赵炳弟表示,近日出台的深化国家级经开区改革创新一系列政策举措,一定能为外资企业在华发展提供更高水平的政策平台,今年松下在中国还会有新的增资扩产计划。
作为外贸外资的“第一梯队”,国家级经开区是“投资中国”的优先选择,也是制度型开放的重要平台。商务部近日印发《深化国家级经济技术开发区改革创新以高水平开放引领高质量发展工作方案》,部署16条具体措施。
“工作方案支持布局重大产业科技创新平台、促进数字经济与实体经济深度融合等,有利于松下加速在人工智能、新能源、新材料等新兴行业布局和发展。”赵炳弟说。
在赵炳弟看来,中国市场发展迅速,技术更新迭代周期越来越短,要求企业必须时刻保持敏锐,快速响应市场变化,不断通过创新提升自身竞争力。此外,市场需求更加多样化,如何满足消费者对个性化、高品质产品、服务和解决方案的需求,也是松下面临的课题。
“今天的中国,不只是制造大国,更是消费大国和创新大国。这为包括松下在内的外资企业,提供了非常广阔的发展机遇。”赵炳弟说。
“我们坚定看好中国市场。”赵炳弟表示,松下将不断加大研发投入,推出更多符合中国市场需求的产品和解决方案。同时,加强和本土企业进行战略合作,共同构建更完善的产业生态,抓住中国市场机遇,实现更好发展。(完)
图说:松下电器(中国)有限公司总裁赵炳弟在第十九期“中国经济圆桌会”大型全媒体访谈节目录制现场发言。新华社记者 金立旺 摄