Connect with us

China

ဝမ်ရိနှင့် ကာဇက်စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Murat Nurtleu တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကာဇက်စတန်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Murat Nurtleu တို့ ဇူလိုင် ၁၅ ရက်က ထျန်းကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ကာဇက်စတန်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Murat Nurtleu နှင့် ဇူလိုင် ၁၅ ရက်က ထျန်းကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဝမ်ရိက နှစ်နိုင်ငံအကြီးအကဲများကိုယ်တိုင် လမ်းညွှန်ရေးဆွဲမှုအောက်တွင် တရုတ်-ကာဇက်စတန် ဆက်ဆံရေးသည် သမိုင်း၏ အကောင်းဆုံးအခြေအနေတွင် ရှိနေကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ကာဇက်စတန်နိုင်ငံနှင့်အတူ အပြန်အလှန်ထောက်ခံအားပေးမှုကို အခိုင်အမာလက်ကိုင်ထားကာ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုကို ခိုင်မြဲအောင် ဆောင်ရွက်၍ ပူးပေါင်းဆောင်ရွက်မှု ထူးခြားချက်အသစ်များကို ပိုမို တည်ဆောက်သွားလိုကြောင်း၊ တရုတ်နိုင်ငံသည် ကာဇက်စတန် စသည့် အဖွဲ့ဝင်နိုင်ငံများနှင့် အတူကြိုးပမ်းကာ ထျန်းကျင်းထိပ်သီးအစည်းအဝေး အပြည့်အဝ အောင်မြင်ရေး တွန်းအားပေးရန်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအစဉ် ရေးဆွဲသွားရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Murat Nurtleu က ကာဇက်စတန်အနေဖြင့် တရုတ်နိုင်ငံအဆိုပြုသည့် ပူးပေါင်းဆောင်ရွက်မှု အဆိုပြုချက် အသီးသီးကို အပြည့်အဝ ထောက်ခံအားပေးကြောင်း၊ ထျန်းကျင်းထိပ်သီးအစည်းအဝေး အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရန် အပြုသဘော အကျိုးဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။
ကာဇက်စတန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံအကြီးအကဲများ၏ သဘောတူညီချက်ကို ကောင်းမွန်စွာ ဖော်ဆောင်သွားလိုကြောင်း၊ အဆင့်မြင့်အလွှာ ကူးလူးဖလှယ်ရေးကို ကောင်းမွန်စွာ ပြင်ဆင်ထားရန်၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်၊ လူမှုယဉ်ကျေးမှုဖလှယ်ရေး နီးကပ်အောင် ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

—————
(Chinese Version)
王毅会见哈萨克斯坦副总理兼外长努尔特列乌
新华社天津7月15日电 中共中央政治局委员、外交部长王毅15日在天津会见哈萨克斯坦副总理兼外长努尔特列乌。
王毅说,在两国元首亲自擘画下,中哈关系正处于历史最好时期。中方愿同哈方一道,坚定相互支持,夯实政治互信,打造更多合作新亮点。中方期待同哈方等成员国共同努力,推动天津峰会取得圆满成功,为上合组织未来发展作出规划。
努尔特列乌表示哈方完全支持中方所提各项合作倡议,愿为天津峰会顺利举行作出积极贡献。哈方愿同中方落实好两国元首共识,筹备好高层交往,深化互利合作,密切人文交流。(完)
1. 7月15日,中共中央政治局委员、外交部长王毅在天津会见哈萨克斯坦副总理兼外长努尔特列乌。 新华社记者 李然 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.