Connect with us

China

အော်ဒါအမှာစာ တစ်ခုတည်းတွင် ပမာဏအများဆုံးအနေဖြင့် ယူအေအီး ကုမ္ပဏီက ကန်ဒေါ်လာ ၁ ဘီလီယံဖြင့် တရုတ် “ဝေဟင်အငှားယာဉ်” ဝယ်ယူ

တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ ရှန်ဟိုင်းမြို့တွင် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) ကုမ္ပဏီ Autocraft နှင့် တရုတ် လျှပ်စစ်သုံး ဒေါင်လိုက်အတက်အဆင်း ပြုလုပ်နိုင်သော ပျံသန်းယာဉ် (eVTOL) ထုတ်လုပ်သူ TCab နည်းပညာကုမ္ပဏီတို့မှ ကိုယ်စားလှယ်များက နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးနေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)
အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) ကုမ္ပဏီ Autocraft နှင့် တရုတ်ကုမ္ပဏီဖြစ်သည့် TCab နည်းပညာ ကုမ္ပဏီတို့သည် ဇူလိုင် ၁၆ ရက်တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ဝယ်ယူရေးသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ရာ အော်ဒါအမှာစာပမာဏသည် ကန်ဒေါ်လာ ၁ ဘီလီယံဖြစ်ပြီး E20 eVTOL (လျှပ်စစ်သုံး ဒေါင်လိုက်အတက်အဆင်း ပြုလုပ်နိုင်သော ပျံသန်းယာဉ်) အစင်းရေ ၃၅၀ ဝယ်ယူရန် အသုံးပြုသွားမည်ဖြစ်သည်။ ယင်းသည် လက်ရှိအထိ တရုတ်နိုင်ငံ၌ eVTOL အား ဝယ်ယူလိုသည့် အမှာစာများတွင် အော်ဒါအမှာစာ တစ်ခုတည်း၌ ပမာဏအများဆုံး ဖြစ်သည်။ အမှာစာ၏ ပထမအသုတ်ကို တရုတ်နိုင်ငံ အရပ်ဘက် လေကြောင်း ပို့ဆောင်ရေးဦးစီးဌာန၏ ပျံသန်းရန်သင့်လျော်ကြောင်း အသိအမှတ်ပြုလက်မှတ် ရရှိပြီးနောက် လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

eVTOL သည် ရဟတ်ယာဉ်ကဲ့သို့ ဒေါင်လိုက် အတက်အဆင်းပြုလုပ်နိုင်သည့် လေကြောင်းပို့ဆောင်ရေး ယာဉ်တစ်မျိုးဖြစ်သည်။ ပြေးလမ်းမလိုအပ်သည့်အပြင် ကာဗွန်စွန့်ထုတ်မှု လျော့နည်းခြင်း၊ ဆူညံသံနည်းခြင်း စသည့် ထူးခြားချက်များရှိသည်။ အနာဂတ်တွင် အဆိုပါ “ဝေဟင်အငှားယာဉ်” များသည် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသများ ဝေဟင်နိမ့်ခရီးသွားလာမှု၊ လေကြောင်းဖြင့်သွားလာခြင်း စသည့် အမျိုးစုံလင်သည့် နေရာများတွင် စီးပွားဖြစ်အသုံးပြုမှုအား အကောင်အထည်ဖော်နိုင်မည်ကို ယခုအကြိမ် ဝယ်ယူမှုက ဖော်ပြခြင်းဖြစ်သည်။
E20 သည် TCab နည်းပညာ ကုမ္ပဏီက ကိုယ်ပိုင်သုတေသနပြု ထုတ်လုပ်ထားသည့် အထင်ကရမော်ဒယ်အမှတ်ဖြစ်သည်။ တောင်ပံအရှည် ၁၂ မီတာရှိကာ စောင်းလှည့်နိုင်သည့်ဒလက် ဖွဲ့စည်းပုံကို အသုံးပြုထားသည်။ သတ်မှတ်ထားသော ပျံသန်းနိုင်သည့် အကွာအဝေးမှာ ၂၀၀ ကီလိုမီတာဖြစ်ပြီး အမြန်ဆုံး တစ်နာရီလျှင် ၃၂၀ ကီလိုမီတာ အမြန်နှုန်းဖြင့် ပျံသန်းနိုင်သည်။ မောင်းနှင်သူ ၁ ဦးနှင့် ခရီးသည် ၄ ဦး သယ်ဆောင်နိုင်ကာ မြို့ပြများအကြားနှင့် မြို့တွင်း ခရီးသွားလာမှု၊ နေ့စဉ်သွားလာမှု၊ ကင်းလှည့်သွားလာမှု စသည်တို့တွင် အသုံးပြုရန် ရည်ရွယ်ထားသည်။

ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ Autocraft ကုမ္ပဏီက မိမိ၏မူဝါဒအရင်းအမြစ်၊ ပထဝီတည်နေရာ ပတ်ဝန်းကျင်၊ လုပ်ငန်းလည်ပတ် လက်တွေ့အသုံးချမှုနှင့် ဒေသတွင်းဈေးကွက်၏ အထွေထွေ အားသာချက်များကို အသုံးပြုပြီး TCab နည်းပညာကုမ္ပဏီ၏ eVTOL ထုတ်ကုန်များ သုတေသနပြုမှု၊ ထုတ်လုပ်မှုနှင့် စနစ်များစုစည်းမှု ကဏ္ဍတွင် နည်းပညာပေါင်းစည်းမှုများနှင့် ပေါင်းစပ်ကာ သက်ဆိုင်ရာ စမ်းသပ်သည့်နေရာများ၌ ဖြန့်ကြက်နေရာချထားမှုနှင့် စီးပွားဖြစ်အသုံးပြုမှု အကောင်အထည်ဖော်ခြင်းအား အတူတကွ တွန်းအားပေး ဖော်ဆောင်သွားမည်ဖြစ်သည်။

လက်မှတ်ရေးထိုးသည့်နေ့တွင် TCab နည်းပညာကုမ္ပဏီ၏ နည်းပညာအဖွဲ့နှင့် ယူအေအီး လေကြောင်းပို့ဆောင်ရေးဦးစီးဌာန၏ ကိုယ်စားလှယ်တို့သည် E20 eVTOL ၏ ပျံသန်းရန်သင့်လျော်မှု စစ်ဆေးအတည်ပြုမှု လမ်းကြောင်း၊ လည်ပတ် စီမံခန့်ခွဲမှု စည်းမျဉ်းစည်းကမ်းနှင့် စောင့်ကြည့်စီမံချိတ်ဆက်မှု ယန္တရား တို့နှင့်စပ်လျဉ်း၍ နည်းပညာဖလှယ်မှုများ ထဲထဲဝင်ဝင်လုပ်ဆောင်ခဲ့ပြီး အဆိုပါယာဉ်မော်ဒယ်အား ယူအေအီးဈေးကွက်တွင် စီးပွားဖြစ်အသုံးပြုမှုအတွက် ခိုင်မာသော အခြေခံချမှတ်ပေးခဲ့သည်။

TCab နည်းပညာကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဟွမ်ရုံးဝေးက ကန်ဒေါ်လာ ၁ ဘီလီယံ အမှာစာသည် ကုမ္ပဏီက နိုင်ငံခြား၌ချဲ့ထွင်မှုအတွက် အရေးကြီးထိုးဖောက်မှုဖြစ်ကြောင်း၊ ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်နှင့်လက်တွဲကာ တရုတ်နိုင်ငံ၏ ဝေဟင်နိမ့်နည်းပညာကို ပိုမိုများပြားသည့် ဒေသများ၌ “ပျံသန်းနိုင်စေ” ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

———————
(Chinese Version)
单笔最大 阿联酋企业10亿美元采购中国“空中出租车”
新华社上海7月16日电(记者姚玉洁、龚雯)阿联酋企业Autocraft与中国企业时的科技16日在上海签署采购协议,订单金额10亿美元,用于采购350架E20 eVTOL(电动垂直起降飞行器)。这是截至目前中国最大的单笔eVTOL意向采购订单,计划第一批订单将在取得中国民用航空局的适航证之后交付。
eVTOL是一种可以像直升机一样垂直起降的空中交通工具,除了不需要跑道,还具有减少碳排放、低噪音等特点。此次采购意味着,未来这些“空中出租车”有望在中东及北非地区低空旅游、空中出行等多元场景实现商业化落地。
记者从现场获悉,E20是时的科技自主研发的旗舰型号,翼展12米,采用倾转旋翼构型,设计航程为200公里,最高时速320公里,可搭载1名飞行员和4名乘客,面向城市间与城市内部旅游、通勤、巡航等。
根据合作计划,Autocraft将发挥自身在政策资源、地理环境、运营实践与本地市场的综合优势,结合时的科技在eVTOL产品研发、制造与系统集成方面的技术积累,共同推进相关试点部署与商业化落地。
签约当天,时的科技技术团队与阿联酋民航总局的代表围绕E20 eVTOL的适航审定路径、运行管理规则及监管对接机制进行了深入的技术交流,为该机型在阿联酋市场的商业化应用奠定坚实基础。
时的科技创始人兼首席执行官黄雍威称,10亿美元订单是公司海外拓展的关键突破,接下来将携手合作伙伴,让中国低空科技在更多地方“飞起来”。(完)
图说:Representatives of Autocraft from the United Arab Emirates (UAE) and the Chinese electric vertical takeoff and landing (eVTOL) maker TCab Tech sign a memorandum of understanding in Shanghai, east China, July 16, 2025. (Xinhua/Gong Wen)