Connect with us

Asia

Beidou ဂြိုဟ်တု လမ်းကြောင်းပြစနစ်က နီပေါနိုင်ငံ အထွေထွေ ခရီးသွားလာမှု အာမခံပေးရေး စီမံကိန်းကို အားဖြည့်ပေး

နီပေါနိုင်ငံ Lalitpur မြို့၌ နီပေါနိုင်ငံ အထွေထွေ ခရီးသွားလာမှု အာမခံပေးရေး စီမံကိန်း စတင်ခြင်းအခမ်းအနား၌ ဧည့်သည်တော်များ ဖဲကြိုးဖြတ်နေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)
တရုတ်နှင့် နီပေါ နှစ်နိုင်ငံသည် ဇူလိုင် ၁၅ ရက်တွင် နီပေါနိုင်ငံ ခတ္တမန္ဒူလျှိုမြောင်ဒေသ Lalitpur မြို့၌ နီပေါနိုင်ငံ အထွေထွေ ခရီးသွားလာမှု အာမခံပေးရေး စီမံကိန်းကို စတင်ခဲ့ရာ တရုတ်နိုင်ငံ Beidou ဂြိုဟ်တု လမ်းကြောင်းပြစနစ်သည် နီပေါနိုင်ငံ ခရီးသွားလုပ်ငန်း လုံခြုံတည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အားဖြည့်ပေးမည်ဖြစ်သည်။

နီပေါနိုင်ငံ အထွေထွေ ခရီးသွားလာမှု အာမခံပေးရေး စီမံကိန်းတွင် ခရီးသွားလာမှု အာမခံ၊ အရေးပေါ် ကူညီကယ်ဆယ်ရေး၊ အရေးပေါ် ကုသရေး၊ ဂြိုဟ်တုဆက်သွယ်ရေး ဝန်ဆောင်မှု၊ ဂြိုဟ်တုဆက်သွယ်ရေး စက်ပစ္စည်းနှင့် အထွေထွေခရီးသွားလာမှု အာမခံပလက်ဖောင်း စသည့် ဝန်ဆောင်မှုများ ပါဝင်သည်။ Beidou စနစ်၏ တည်နေရာပြ နည်းပညာနှင့် သီးသန့်ပိုင်ဆိုင်ထားသည့် စာတိုပို့ဆောင်မှု ဆက်သွယ်ရေးစွမ်းရည်သည် အရေးပေါ်ကယ်ဆယ်ရေးအတွက် စွမ်းရည်ဖြည့်တင်းပေးပေသည်။ ယင်းသည် Beidou စာတိုပို့ဆောင်မှု အစုလိုက် နိုင်ငံခြား၌ အသုံးပြုသည့် ပထမဆုံး စီးပွားဖြစ်အသုံးပြုမှုစီမံကိန်းဖြစ်ကြောင်း သိရသည်။

စီမံကိန်းတွင်ပါဝင်သည့် NORINCO Equipment ကုမ္ပဏီလီမိတက် ဒုတိယအထွေထွေမန်နေဂျာ ဝမ်ချန်က စီမံကိန်း စတင်ခြင်းအခမ်းအနား၌ အမှာစကားပြောကြားရာတွင် အဆိုပါစီမံကိန်းသည် ခေတ်မီသည့် တစ်ကမ္ဘာလုံး ဂြိုဟ်တုနေရာပြနည်းပညာ၊ စာတိုပေးပို့မှု ဆက်သွယ်ရေးနည်းပညာနှင့် နီပေါနိုင်ငံ ခရီးသွားလုပ်ငန်း လုံခြုံမှု လက်တွေ့လိုအပ်ချက်တို့အား ထဲထဲဝင်ဝင်ပေါင်းစပ်ထားကြောင်း၊ ယင်းသည် နီပေါနိုင်ငံ ခရီးသွားလုပ်ငန်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အားကောင်းသောစွမ်းအားများ ဖြည့်တင်းပေးမည်သာမက ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်း ဘေးကင်းလုံခြုံမှု အာမခံရေးအတွက် ဆန်းသစ်တီထွင်သော စံနမူနာ ပံ့ပိုးပေးခြင်း ပို၍ပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နီပေါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဆုန်းက အမှာစကားပြောကြားရာတွင် နီပေါနိုင်ငံ အထွေထွေ ခရီးသွားလာမှု အာမခံပေးရေး စီမံကိန်းသည် တရုတ်-နီပေါ နှစ်နိုင်ငံ၏ နည်းပညာလက်တွေ့ဖော်ဆောင်မှုနှင့် စီးပွားရေးအရ ဆန်းသစ်တီထွင်မှု၏ အရေးကြီးရလဒ်ဖြစ်ရုံသာမက နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၇၀ ပြည့် အခါသမယတွင် သဘောတူညီချက် ဖော်ဆောင်မှုအား အချိတ်အဆက်အဖြစ် ထားရှိထားသည့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု စံနမူနာလည်းဖြစ်ကြောင်း၊ “နည်းပညာအတူမျှဝေမှု – စံနှုန်းများ အတူတည်ဆောက်မှု – စွမ်းရည်အတူမြှင့်တင်မှု” ဟူသည့် ပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် တရုတ်-နီပေါ နှစ်ဖက်သည် ခေတ်မီသည့် စီမံခန့်ခွဲမှုအတွေးအခေါ်နှင့် နည်းပညာနည်းလမ်းတို့ကို နီပေါနိုင်ငံ ခရီးသွားလုပ်ငန်း၌ ထည့်သွင်းအသုံးပြုကာ နီပေါနိုင်ငံ ခရီးသွားလုပ်ငန်း ရေရှည်၊ ကောင်းမွန်စွာ၊ တည်ငြိမ်စွာနှင့် လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာသောအခြေခံ ချမှတ်ပေးလိုက်ကြောင်း ပြောကြားခဲ့သည်။

နီပေါနိုင်ငံ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့ အမှုဆောင်အရာရှိချုပ် Deepak Raj Joshi က ခရီးသွားလုပ်ငန်းသည် နီပေါနိုင်ငံ၏ စီးပွားရေးမဏ္ဍိုင်များအနက်တစ်ခုဖြစ်ကြောင်း၊ နီပေါနိုင်ငံအား “လုံခြုံသော၊ အားကိုးရသောနှင့် ထိပ်တန်းဖြစ်သော” အပန်းဖြေနေရာအဖြစ် ဖန်တီးတည်ဆောက်သည့်ဖြစ်စဉ်အတွင်း ခရီးသွားဧည့်သည်များ၏ ဘေးကင်းလုံခြုံမှုနှင့် အကျိုးစီးပွားအား ဦးစားပေး ထည့်သွင်းစဉ်းစားသည့် ဝန်ဆောင်မှုသည် အရေးကြီးသည့် အခန်းကဏ္ဍ၌ ပါဝင်နေကြောင်း ပြောကြားခဲ့သည်။ (Xinhua)

———————
(Chinese Version)
北斗卫星导航系统助力尼泊尔综合旅游保障项目
新华社加德满都7月15日电(记者易爱军)中国和尼泊尔两国15日在加德满都谷地勒利德布尔市启动尼泊尔综合旅游保障项目,中国北斗卫星导航系统将助力尼旅游业安全稳定发展。
尼泊尔综合旅游保障项目覆盖旅游保险、紧急救援、紧急救治、卫星通信服务、卫星通信设备和综合旅游保障平台等服务。北斗的定位技术和独有的短报文通信能力为紧急救援赋能。据介绍,这是北斗短报文批量走出海外的首个商业闭环项目。
项目参与方北方装备有限责任公司副总经理王强在启动仪式上致辞说,本项目将先进的全球卫星定位技术、短报文通信技术与尼泊尔旅游安全实际需求深度融合,不仅为尼旅游业高质量发展注入强劲动力,更为全球旅游安全保障提供创新范本。
中国驻尼泊尔大使陈松致辞时表示,尼泊尔综合旅游保障项目不仅是中尼两国科技实践与商业创新的重要成果,更是两国建交70周年之际以发展共识为纽带的务实合作典范。通过“技术共享—标准共建—能力共升”的合作模式,中尼双方共同将先进管理理念与科技手段引入尼泊尔旅游业,为尼旅游业长期、健康、稳定和安全发展打下坚实基础。
尼泊尔旅游委员会首席执行官迪帕克·拉杰·乔希说,旅游业是尼泊尔经济支柱之一,在将尼泊尔打造为“安全、可靠和一流的”度假胜地的过程中,优先考虑游客安全和福祉的服务发挥着关键作用。(完)
图说:7月15日,在尼泊尔勒利德布尔,嘉宾在尼泊尔综合旅游保障项目启动仪式上剪彩。新华社发(哈里·马哈尔詹摄)