Connect with us

China

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်ရှိ “နက္ခတ္တဗေဒ မြို့နယ်လေး” က လေ့လာသင်ယူရာ ရေပန်းစားနေရာ ဖြစ်လာ

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ဖိန်ထန်ခရိုင် ခဲ့သု "နက္ခတ္တဗေဒ မြို့နယ်လေး" ၏ တစ်နေရာအား ၂၀၂၅ ခုနှစ် ဇူလိုင် ၁၀ ရက်က ဝေဟင်ထက်မှ တွေ့ရစဉ် (ဆင်ဟွာ)

ကွေ့ယန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)
“တရုတ်နိုင်ငံ၏ ကောင်းကင်မျက်စိ” ဖြစ်သော FAST တယ်လီစကုပ် တည်ရှိရာနေရာနှင့် ၈ ကီလိုမီတာ ကွာဝေးသည့် ကွေ့ကျိုးပြည်နယ် ဖိန်ထန်ခရိုင် ခဲ့သုမြို့နယ်လေးသည် တစ်ချိန်က ဆင်းရဲနွမ်းပါး၍ လူသူအရောက်အပေါက်နည်းသည့် တောင်ပေါ်ကျေးရွာလေးဖြစ်ခဲ့သည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် FAST တယ်လီစကုပ်၏ တစ်မူထူးခြားသည့် အားသာချက်ဖြင့် ခဲ့သုမြို့နယ်လေးကို သိပ္ပံဗဟုသုတကဏ္ဍကို ခေါင်းစဉ်တင်၍ ထူးခြားချက်ရှိသည့် နက္ခတ္တဗေဒမြို့နယ်လေးအဖြစ် စတင်တည်ဆောက်ခဲ့သည်။

ခရီးသွားအဆောက်အဦများ တစ်စတစ်စ ကောင်းမွန်ပြည့်စုံလာခြင်းနှင့်အတူ “နက္ခတ္တဗေဒ မြို့နယ်လေး” သည် ပို၍ လူကြိုက်များ ရေပန်းစားလာခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသားများသည် အိမ်ရှေ့တံခါးဝတွင်ပင် လုပ်ငန်းခွင်ဝင်၊ လုပ်ငန်းတည်ထောင်ပြီး ဝင်ငွေတိုး၍ ချမ်းသာကြွယ်ဝလာခဲ့သည်။ ခဲ့သုမြို့နယ်လေး၏ အစားအသောက်၊ ဟိုတယ်၊ အားလပ်ရက်အပန်းဖြေမှု စသည့်ကဏ္ဍများ အရှိန်အဟုန်ဖြင့် တိုးတက်လာရာ ရွာသူ၊ ရွာသားများ ဝင်ငွေသည် များစွာ မြင့်တက်လာခဲ့သည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ FAST တယ်လီစကုပ် ရှုခင်းသာနေရာသည် လူဦးရေ အကြိမ်ရေအားဖြင့် ၃၈,၀၀၀ ခန့် ကြိုဆိုဧည့်လက်ခံခဲ့ရာ စုစုပေါင်းဝင်ငွေ ယွမ် ၂၄.၉၆ သန်းကျော် ရှိခဲ့သည်။
လွန်ခဲ့သည့် နှစ်သန်းပေါင်း ၂၀၀ က Karst မြေပြိုချိုင့်ဝှမ်း ဖြစ်ပေါ်သည့်အချိန်မှစ၍ အလင်းနှစ်ဘီလီယံနှင့်ချီအား စူးစမ်းလေ့လာသည့် FAST တယ်လီစကုပ်အထိ နက္ခတ္တဗေဒ မြို့နယ်လေးသည် “သိပ္ပံဗဟုသုတ+ ယဉ်ကျေးမှုခရီးသွားမှု” ဟူသော ဖွံ့ဖြိုးတိုးတက်မှုပုံစံဖြင့် မိမိကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍသစ်ကို ရေးခြယ်လျက်ရှိပေသည်။ (Xinhua)

———————
(Chinese Version)
宝藏之城|贵州克度:“天文小镇”成研学打卡热地
新华社照片,贵阳,2025年7月16日
距离“中国天眼”8公里的贵州省平塘县克度镇,曾是一个贫瘠且封闭的山乡。2015年9月,依托“中国天眼”的独特优势,克度镇动工建设以科普为主题的特色天文小镇。 随着旅游设施的逐渐完善,“天文小镇”的人气越来越旺,也带动村民家门口就业创业、增收致富。克度镇餐饮、酒店、休闲娱乐等方面都得到了快速发展,村民收入大幅提升。2025年1月至6月,“中国天眼”景区共接待约38万人次,总收入2496万余元。 从两亿年前形成的喀斯特天坑,到探索百亿光年的“中国天眼”,天文小镇以“科普+文旅”的发展模式,书写着属于自己的发展新篇。
1. 贵州省平塘县克度“天文小镇”一角(7月10日摄,无人机照片)。新华社记者 杨文斌 摄