Connect with us

China

ယူနန်ပြည်နယ် ဖူကျယ်ဟေးရှုခင်းသာနေရာတွင် တောတောင်ရေမြေပန်းချီရှုခင်းထဲက “နွေရာသီ စီးပွားရေး”

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူကျယ်ဟေးရှုခင်းသာဧရိယာ၏ ရှုခင်းအလှမြင်ကွင်းကို ဇူလိုင် ၁၅ ရက်က ဝေဟင်မှ တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)
နွေရာသီတွင် တရုတ်နိုင်ငံ ကူမင်းပြည်နယ် ဝန်ဆန်း (ကျွမ့်လူမျိုး၊ မြောင်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ၊ ချိုးပေခရိုင်၊ ဖူကျယ်ဟေးရှုခင်းသာဧရိယာအတွင်းတွင် ကြာပန်းများ တရုတ်မူ သောင်းနှင့်ချီ ဖြန့်ကြက်ပွင့်လန်းလျက်ရှိပြီး စိမ်းလန်းစိုပြည်သော ကြာရွက်များနှင့် တစ်မူထူးခြားသော Karst တောင်ထိပ်သစ်တောများ၊ ကြည်လင်သောရေကန်များသည် ထူးခြားသော တောတောင်ရေမြေရှုခင်းသာပန်းချီကားတစ်ချပ်ကို ဖန်တီးထားရာ နေရာအနှံ့အပြားမှ ခရီးသွားဧည့်သည်များကို ဆွဲဆောင်လျက်ရှိသည်။

အဆိုပါရှုခင်းသာဧရိယာအတွင်း၌ တစ်မူထူးခြားသော ယဉ်ကျေးမှုခရီးသွားလုပ်ငန်းအမျိုးမျိုးသည် ခရီးသွားဧည့်သည်များ၏ အလည်အပတ်အတွေ့အကြုံကို ကြွယ်ဝစေရုံသာမက ဒေသတွင်းနွေရာသီ ယဉ်ကျေးမှုခရီးသွားကဏ္ဍစားသုံးမှုကို နှိုးဆွပေးသည့် အဓိကမောင်းနှင်အားတစ်ခုလည်း ပို၍ ဖြစ်လာကာ အနီးအနားရှိကျေးရွာသားများ၏ ဝင်ငွေတိုးတက်မှုနှင့် ဒေသတွင်းခရီးသွားစီးပွားရေး မြှင့်တင်မှုကို အထောက်အကူပြုလျက်ရှိသည်။ (Xinhua)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူကျယ်ဟေးရှုခင်းသာဧရိယာအတွင်း ခရီးသွားဧည့်သည်များ လှေစီး၍ လှည့်လည်ကြည့်ရှုနေသည်ကို ဇူလိုင် ၁၅ ရက်က ဝေဟင်မှ တွေ့ရစဉ် (ဆင်ဟွာ)

…………………………………
(Chinese Version)
云南普者黑:山水画卷里升腾“夏日经济”
新华社照片,昆明,2025年7月16日
盛夏时节,云南省文山壮族苗族自治州丘北县普者黑景区内万亩荷花初绽,碧叶连天,与独特的喀斯特峰林、清澈湖泊绘就一幅独具特色的山水画卷,吸引八方游客纷至沓来。
景区内,各具特色的文旅业态不仅丰富了游客的游玩体验,更成为激活当地夏日文旅消费的关键引擎,有效带动了周边村民增收和区域旅游经济升温。
图说1:7月15日拍摄的普者黑景区风光(无人机照片)。新华社发(彭奕凯摄)
图说2:7月16日,游客在普者黑景区内乘船游览(无人机照片)。新华社发(彭奕凯摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.