China
ဝမ်ရိနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်၊ ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စတန်၊ ပါကစ္စတန်၊ အီရန် နိုင်ငံခြားရေးဝန်ကြီးများ သီးခြားစီ တွေ့ဆုံဆွေးနွေး
ထျန်းကျင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အထွေထွေအတွင်းရေးမှူးချုပ် Nurlan Yermekbayev၊ ဥဇဘက်ကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Bakhtiyor Saidov၊ တာဂျစ်ကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Sirojiddin Muhriddin၊ ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Ishaq Dar၊ အီရန် နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi တို့နှင့် ဇူလိုင်လ ၁၆ ရက်က ထျန်းကျင်းမြို့၌ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အထွေထွေအတွင်းရေးမှူးချုပ် Nurlan Yermekbayev နှင့် တွေ့ဆုံစဉ် ဝမ်ရိက တရုတ်နိုင်ငံအနေဖြင့် SCO အလှည့်ကျဥက္ကဋ္ဌနိုင်ငံ တာဝန်လက်ခံခဲ့သည့်အချိန်မှစ၍ အခမ်းအနားအစီအစဉ် ၉၀ ကျော် ကျင်းပခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုများစွာကို တွန်းအားပေးဆောင်ရွက်သည့် ရည်ရွယ်ချက်မှာ အဖွဲ့ဝင်နိုင်ငံများ၏ စုပေါင်းအင်အားကို စုစည်းရန်၊ SCO အဖွဲ့ခိုင်မာတောင့်တင်းစေရန် ဖြစ်ကြောင်း၊ SCO အထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် တရုတ်နိုင်ငံ၏ အလှည့်ကျဥက္ကဋ္ဌနိုင်ငံ လုပ်ငန်းများကို ဆက်လက် ထောက်ခံအားပေးကာ တရုတ်နိုင်ငံနှင့်အတူ ချစ်ကြည်ရင်းနှီးသော၊ စည်းလုံးညီညွတ်သော၊ ရလဒ်ကြွယ်ဝသော ထိပ်သီးအစည်းအဝေးကို ပူးပေါင်းကျင်းပသွားမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
Nurlan Yermekbayev က SCO နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး အောင်မြင်စွာ ကျင်းပခဲ့သည့်အပေါ် ဂုဏ်ပြုကြောင်း၊ သမ္မတ ရှီကျင့်ဖိန်အနေဖြင့် ဘက်ပေါင်းစုံ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး SCO ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ပြောကြားသည့် အမြော်အမြင်ကြီးမားမှုအပေါ် ၎င်းအနေဖြင့် အထူးလေးစား၍ အသိအမှတ်ပြု သဘောတူကြောင်း ပြောကြားခဲ့သည်။ SCO အတွင်းရေးမှူးရုံးအနေဖြင့် တရုတ်နိုင်ငံ၏ ဥက္ကဋ္ဌနိုင်ငံ လုပ်ငန်းများကို အစွမ်းကုန် ဆက်လက် ထောက်ခံအားပေးကာ ထျန်းကျင်း ထိပ်သီးအစည်းအဝေးကို အတူတကွ ကောင်းမွန်စွာ ပြင်ဆင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဥဇဘက်ကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Bakhtiyor Saidov နှင့် တွေ့ဆုံရာတွင် ဝမ်ရိက တရုတ်နိုင်ငံသည် ဥဇဘက်ကစ္စတန်နိုင်ငံနှင့်အတူ နိုင်ငံအကြီးအကဲများ၏ သဘောတူညီချက်အား ဘက်စုံ ကောင်းမွန်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားလိုကြောင်း၊ နောက်တစ်ဆင့် အဆင့်မြင့်အလွှာ ကူးလူးဖလှယ်ရေးကို ကောင်းမွန်စွာ ပြင်ဆင်ကာ နှစ်နိုင်ငံဆက်ဆံရေး ပို၍ အရည်အသွေးမြင့်၊ ပို၍ အဆင့်မြင့်မားစွာ တိုးတက်ရေးကို ဖော်ဆောင်ရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း၊ နှစ်ဖက်အနေဖြင့် အဓိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရမည်ဖြစ်ရာ တရုတ်-တာဂျစ်ကစ္စတန်-ဥဇဘက်ကစ္စတန် ရထားလမ်း ဆောလျင်စွာ ပြေးဆွဲနိုင်ရေးကို တွန်းအားပေးဖော်ဆောင်ကာ ပို၍ များပြားသော ပူးပေါင်းဆောင်ရွက်မှု ရလဒ်သစ်များ တည်ဆောက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Bakhtiyor Saidov က သမ္မတ ရှီကျင့်ဖိန်၏ ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံ၏ တိုးတက်မှုသည် သမိုင်းဝင် အောင်မြင်မှု ရရှိခဲ့ကြောင်း၊ ထို့အပေါ် ဥဇဘက်ကစ္စတန်နိုင်ငံအနေဖြင့် အထူးလေးစားကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံအကြီးအကဲများက ဥဇဘက်ကစ္စတန်-တရုတ် ဆက်ဆံရေးကို ဦးဆောင်ပြီး ခေတ်သစ် အချိန်အခါမရွေး ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးသို့ အဆင့်မြှင့်တင်ခဲ့ရာ ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုရလဒ်များ ပေါကြွယ်ဝခဲ့ကြောင်း၊ တရုတ်နိုင်ငံက ထျန်းကျင်းထိပ်သီးအစည်းအဝေး ကောင်းမွန်စွာ ကျင်းပရာတွင် ဥဇဘက်ကစ္စတန်နိုင်ငံက အစဉ်အမြဲ အစွမ်းကုန် ထောက်ခံအားပေး ကူညီပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တာဂျစ်ကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Sirojiddin Muhriddin နှင့် တွေ့ဆုံရာတွင် ဝမ်ရိက တရုတ်နိုင်ငံသည် တာဂျစ်ကစ္စတန်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ အကြီးအကဲများ၏ သဘောတူညီချက်ကို ကောင်းမွန်စွာ အကောင်အထည်ဖော်ကာ နောက်တစ်ဆင့် အဆင့်မြင့်အလွှာ ကူးလူးဆက်ဆံရေးကို ကောင်းမွန်စွာ ပြင်ဆင်သွားလိုကြောင်း ပြောကြားခဲ့သည်။ နှစ်ဖက်အနေဖြင့် အစိုးရများကြား ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို ကောင်းမွန်စွာ ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ အပြန်အလှန် ချိတ်ဆက်မှုအဆင့်ကို မြှင့်တင်ကာ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ အကြမ်းဖက်တိုက်ဖျက်ရေးနှင့် လုံခြုံရေး စသည့် ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Sirojiddin Muhriddin က တာဂျစ်ကစ္စတန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံကို အစွမ်းကုန် အားပေးထောက်ခံ၍ တွဲဖက်လုပ်ဆောင်ကာ ထျန်းကျင်းထိပ်သီးအစည်းအဝေးအား သမိုင်းတွင်မည့်အခမ်းအနားပွဲကြီးဖြစ်အောင် အာမခံထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များ၏ လမ်းညွှန်မှုအောက်တွင် တာဂျစ်ကစ္စတန်-တရုတ် ဆက်ဆံရေး ကဏ္ဍသစ်ကို ဖွင့်လှစ်ခဲ့ကြောင်း၊ တာဂျစ်ကစ္စတန်အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ တာဂျစ်ကစ္စတန်-တရုတ် ခေတ်သစ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ပို၍ မြင့်မားသော အဆင့်သို့ တက်လှမ်းရန် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။
ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Ishaq Dar နှင့် တွေ့ဆုံရာတွင် ဝမ်ရိက တရုတ်-ပါကစ္စတန် ချစ်ကြည်ရေးသည့် ပြိုင်စံရှားဖြစ်ပြီး အချိန်ကာလကြာလာသည့်နှင့်အမျှ ပို၍ခိုင်မာမြဲမြံလျက်ရှိကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ပါကစ္စတန်နှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီး သဘောတူညီချက်များကို ကောင်းမွန်စွာ ဖော်ဆောင်ကာ တရုတ်-ပါကစ္စတန် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို ပို၍ နက်ရှိုင်းခိုင်မာစေရန် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း၊ အကြမ်းဖက်တိုက်ဖျက်ရေး လှုပ်ရှားမှုများကို အဆုံးထိဆောင်ရွက်သွားရန် ထောက်ခံအားပေးကြောင်း၊ ပါကစ္စတန်ရှိ တရုတ်နိုင်ငံသားများ၊ စီမံကိန်းနှင့် ဌာနအဖွဲ့အစည်းများ၏ လုံခြုံရေးအာမခံချက်ကို ပါကစ္စတန်နိုင်ငံက အစွမ်းကုန် ကောင်းမွန်စွာ ဆောင်ရွက်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Ishaq Dar က တရုတ်နိုင်ငံ၏ ဗဟိုအကျိုးစီးပွားနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ပါကစ္စတန်နိုင်ငံက တရုတ်နိုင်ငံအား ပြတ်ပြတ်သားသား ထောက်ခံကြောင်း၊ SCO ထျန်းကျင်း ထိပ်သီးအစည်းအဝေး ကျင်းပရန် တရုတ်နိုင်ငံ ပြင်ဆင်နေမှုများကို ပါကစ္စတန်က အပြည့်အဝ ထောက်ခံကြောင်း၊ နှစ်ဖက် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများအား တစ်ဆင့်တိုး နက်ရှိုင်းစေရန် မျှော်လင့်ကြောင်း၊ ပါကစ္စတန်ရှိ တရုတ်နိုင်ငံ၏ လူပုဂ္ဂိုလ်များနှင့် ဌာနအဖွဲ့အစည်း လုံခြုံရေးကို အထူးအလေးထားကာ အစွမ်းကုန် အာမခံထားဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အီရန် နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi နှင့် တွေ့ဆုံရာတွင် ဝမ်ရိက ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်အနေဖြင့် တရုတ်နိုင်ငံသည် အီရန်၏ နိုင်ငံအချုပ်အခြာအာဏာနှင့် အမျိုးသားဂုဏ်သိက္ခာ ကာကွယ်ထိန်းသိမ်းမှုအပေါ် ဆက်လက် ထောက်ခံသွားမည် ဖြစ်သလို အာဏာနိုင်ငံရေးနှင့် ဗိုလ်ကျစိုးမိုးသည့်လုပ်ရပ်များကို အီရန်က ကာကွယ်သည့်အပေါ် ထောက်ခံသွားမည် ဖြစ်ကြောင်း၊ အီရန်၏ နိုင်ငံရေးဆွေးနွေးမှုမှတစ်ဆင့် မိမိ၏ တရားဝင် အခွင့်အလမ်းနှင့် အကျိုးစီးပွားအား ကာကွယ်ခြင်းအပေါ် ထောက်ခံသွားမည် ဖြစ်သလို အီရန်က အိမ်နီးချင်း ချစ်ကြည်သင့်မြတ်ရေးမူဝါဒအား လက်ကိုင်ထားပြီး အနီးတစ်ဝိုက် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး ကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်သည့်အပေါ် ထောက်ခံသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Abbas Araghchi က တရုတ်နိုင်ငံနှင့်ဆက်ဆံရေး တိုးတက်လိုသည့် အီရန်နိုင်ငံ၏ သဘောထားမှာ ပို၍ ခိုင်မာမြဲမြံလျက်ရှိကြောင်း ပြောကြားခဲ့သည်။ အီရန်နိုင်ငံက တရုတ်နိုင်ငံ၏ SCO အလှည့်ကျဥက္ကဋ္ဌနိုင်ငံ လုပ်ငန်းများနှင့် ထျန်းကျင်းထိပ်သီးအစည်းအဝေး ကျင်းပရန်ပြင်ဆင်မှုများကို ထောက်ခံအားပေးကြောင်း၊ နှစ်နိုင်ငံ အဆင့်မြင့်အလွှာ ကူးလူးဖလှယ်ရေးကို အားဖြည့်ကာ အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်ရန်၊ ဆက်လက်၍ အပြန်အလှန် အခိုင်အမာ ထောက်ခံအားပေးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဥဇဘက်ကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Bakhtiyor Saidov တို့ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၆ ရက်က ထျန်းကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တာဂျစ်ကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Sirojiddin Muhriddin တို့ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၆ ရက်က ထျန်းကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Ishaq Dar တို့ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၆ ရက်က ထျန်းကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Ishaq Dar တို့ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၆ ရက်က ထျန်းကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အီရန် နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi တို့ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၆ ရက်က ထျန်းကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
王毅分别会见上合组织秘书长和乌兹别克斯坦、塔吉克斯坦、巴基斯坦、伊朗外长
新华社天津7月16日电 中共中央政治局委员、外交部长王毅16日在天津分别会见上海合作组织秘书长叶尔梅克巴耶夫、乌兹别克斯坦外长赛义多夫、塔吉克斯坦外长穆赫里丁、巴基斯坦副总理兼外长达尔、伊朗外长阿拉格齐。
会见叶尔梅克巴耶夫时,王毅表示,中方接任上合组织轮值主席国以来,已举办90多项活动,推动一系列合作,目的就是凝聚成员国合力,做实做强上合组织。希望秘书长继续支持中方主席国工作,配合中方举办一届友好、团结、成果丰硕的峰会。
叶尔梅克巴耶夫祝贺上合组织外长会成功举办,表示习近平主席接见各方代表并就上合组织发展发表的远见卓识,令他深感钦佩和认同。秘书处将继续全力支持中方主席国工作,共同筹备好天津峰会。
会见赛义多夫时,王毅表示,中方愿同乌方一道,全面落实好领导人共识,筹备好下阶段高层交往,推动两国关系实现更高质量、更高水平发展。双方要加快推进重点领域合作,推动中吉乌铁路早日实现通车,打造更多合作新成果。
赛义多夫表示,在习近平主席领导下,中国发展取得历史性成就,乌方对此深表钦佩。两国元首引领乌中关系提升为新时代全天候全面战略伙伴关系,各领域务实合作成果丰硕。乌方将一如既往全力支持协助中方办好天津峰会。
会见穆赫里丁时,王毅表示,中方愿同塔方一道,落实好两国元首共识,筹备好下阶段高层交往。双方要实施好政府间经贸合作规划,提升两国互联互通水平,加强投资、能源、反恐安全等各领域务实合作。
穆赫里丁表示,塔方将全力支持配合中方,确保天津峰会成为载入史册的盛会。在两国元首指引下,塔中关系开启了新篇章。塔方愿同中方推动塔中新时代全面战略合作伙伴关系迈上更高水平。
会见达尔时,王毅表示,中巴友谊独一无二、历久弥坚。中方愿同巴方落实好两国领导人重要共识,推动中巴命运共同体建设走深走实。支持巴方将反恐行动进行到底。相信巴方会继续全力做好在巴中方人员、项目和机构的安全保障。
达尔表示,巴方在涉及中方核心利益的问题上毫不犹豫支持中方。巴方全力支持中方筹办上合组织天津峰会,期待进一步深化双方全方位合作,高度重视并将全力保障中方在巴人员和机构安全。
会见阿拉格齐时,王毅表示,作为全面战略伙伴,中方将继续支持伊方捍卫国家主权和民族尊严,支持伊方抵御强权政治和霸凌行径,支持伊方通过政治谈判维护自身合法权益,支持伊方秉持睦邻友好原则,同周边邻国持续改善发展关系。
阿拉格齐表示伊方发展对华关系的意志更加坚定不移。伊方支持中方上合组织轮值主席国工作和筹办天津峰会,愿加强两国高层交往、深化互利合作,继续坚定相互支持。(完)
1. 7月16日,中共中央政治局委员、外交部长王毅在天津会见上海合作组织秘书长叶尔梅克巴耶夫。 新华社记者 赵子硕 摄
2. 7月16日,中共中央政治局委员、外交部长王毅在天津会见乌兹别克斯坦外长赛义多夫。 新华社记者 李然 摄
3. 7月16日,中共中央政治局委员、外交部长王毅在天津会见塔吉克斯坦外长穆赫里丁。 新华社记者 赵子硕 摄
4,5. 7月16日,中共中央政治局委员、外交部长王毅在天津会见巴基斯坦副总理兼外长达尔。 新华社记者 赵子硕 摄
6. 7月16日,中共中央政治局委员、外交部长王毅在天津会见伊朗外长阿拉格齐。 新华社发