Sino-Myanmar
“နှလုံးသားမှ ပိုးလမ်းမ” မြန်မာနိုင်ငံ ငလျင်အတွက် အထောက်အပံ့ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား မြန်မာနိုင်ငံ နေပြည်တော်တွင် ကျင်းပ

ရန်ကုန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ဇူလိုင် ၂၂ ရက်မှ ၂၃ ရက်အထိ တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (CFPD)၊ တရုတ်တစ်နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများအဖွဲ့ချုပ် (All-China Women’s Federation) နှင့် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးအသင်းတို့အတူ လက်တွဲ၍ မြန်မာနိုင်ငံ နေပြည်တော်တွင် “နှလုံးသားမှ ပိုးလမ်းမ” မြန်မာနိုင်ငံ ငလျင်အတွက် အထောက်အပံ့ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ကျင်းပခဲ့ပြီး ငလျင်ဘေးသင့် မြန်မာနိုင်ငံ အမျိုးသမီးများ၊ ကလေးငယ်များနှင့် လူငယ်များအတွက် လူသုံးကုန်ပစ္စည်းစုစုပေါင်း ၁,၇၅၀ စုံကို လှူဒါန်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်တို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံရှိ တရုတ်သံရုံးကိုယ်စားလှယ်၊ မြန်မာ-တရုတ် လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် အထောက်အပံ့ရရှိသည့် ကျောင်းသူများ၊ ရပ်ကွက်အမျိုးသမီးကိုယ်စားလှယ်များ စုစုပေါင်း လူဦးရေ ၃၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ (Xinhua)
…………………………
(Chinese Version)
“丝路心相通”缅甸地震援助物资交接仪式在内比都举行
7月22日至23日,中国和平发展基会、中华全国妇女联合会携手缅中交流合作协会在内比都举行“丝路心相通”缅甸地震援助物资交接仪式,向遭遇灾害影响的缅甸妇女儿童和青少年捐赠共计1750份生活物资和洗护用品。缅甸体育与青年事务部部长杰鹏瑙当、缅甸社会福利与救济安置部部长梭温博士、缅甸妇女事务联合会主席德德辛博士出席仪式并致辞。驻缅甸大使馆代表中缅社会组织负责人及受助学校女学生、社区妇女代表300余人参加活动。