Connect with us

Sino-Myanmar

“နှလုံးသားမှပိုးလမ်းမ” Care for the Future လှူဒါန်းမှုအစီအစဉ် ရန်ကုန်တွင်ကျင်းပ

ရန်ကုန်မြို့၌ “နှလုံးသားမှပိုးလမ်းမ” Care for the Future လှူဒါန်းမှုအစီအစဉ် ကျင်းပသည့် မြင်ကွင်းများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

တရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ကြီးမှူး၍ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းမှ တာဝန်ခံကျင်းပသည့် “နှလုံးသားမှပိုးလမ်းမ” Care for the Future လှူဒါန်းမှုအစီအစဉ်ကို ဇန်နဝါရီလ ၁၆ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ဇန်နဝါရီ ၁၇ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်မြို့၌ “နှလုံးသားမှပိုးလမ်းမ” Care for the Future လှူဒါန်းမှုအစီအစဉ် ကျင်းပသည့် မြင်ကွင်းများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့၌ “နှလုံးသားမှပိုးလမ်းမ” Care for the Future လှူဒါန်းမှုအစီအစဉ် ကျင်းပသည့် မြင်ကွင်းများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့၌ “နှလုံးသားမှပိုးလမ်းမ” Care for the Future လှူဒါန်းမှုအစီအစဉ် ကျင်းပသည့် မြင်ကွင်းများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

“နှလုံးသားမှပိုးလမ်းမ” Care for the Future လှူဒါန်းမှုအစီအစဉ်ဖြင့် ရန်ကုန်မြို့ လေ့ကျင့်ရေးအလယ်တန်းကျောင်း (ရန်ကင်း) သို့ ဘောလုံး၊ ဘော်လီဘော၊ ကြက်တောင်၊ မှတ်စုစာအုပ်၊ LED မီး စသည့် အားကစားနှင့် စာရေးကိရိယာများ လှူဒါန်းခဲ့ကြောင်း သိရသည်။

တရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလတွင် စတင်တည်ထောင်လာကတည်းက မြန်မာနိုင်ငံတွင် မူလတန်းနှင့် အထက်တန်းကျောင်းပေါင်း ၁၉ ကျောင်းနှင့် ဆေးရုံ ၂ ရုံ စသည့် ပြည်သူ့လူနေမှုဘဝအကျိုးပြုစီမံကိန်းပေါင်း ၂၀ ကျော် ကူညီတည်ဆောက်ပေးခဲ့ပြီး မေတ္တာဖြင့်လှူဒါန်းမှုများကြောင့် လူပေါင်းသိန်းချီက အကျိုးခံစားခဲ့ရကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(Xinhua)