Connect with us

Social

မြန်မာနိုင်ငံက ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်ကို ဆက်လက်ကူညီဖော်ဆောင်ပေးသွားမည်ဟု တရုတ်နိုင်ငံကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ပြောကြား

တရုတ်နိုင်ငံ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (CFRD) မြန်မာနိုင်ငံရုံးခန်း ဖွင့်လှစ်ခြင်း ၇ နှစ်ပြည့် ခြုံငုံသုံးသပ်ကူးလူးဖလှယ်ပွဲအား အောက်တိုဘာ ၂၈ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်စဉ် (ဓာတ်ပုံ - Chinese Embassy in Myanmar )

ရန်ကုန် ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်ကို ဆက်လက်ကူညီဖော်ဆောင်ပေးသွားမည်ဟု တရုတ်နိုင်ငံ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (CFRD) ကိုယ်စားလှယ်က အောက်တိုဘာ ၂၈ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (CFRD) မြန်မာနိုင်ငံရုံးခန်း ဖွင့်လှစ်ခြင်း ၇ နှစ်ပြည့် ခြုံငုံသုံးသပ်ကူးလူးဖလှယ်ပွဲတွင် ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးထံမှ သိရသည်။မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး Ms. Cao Jing က တရုတ်နိုင်ငံ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (CFRD)သည် မြန်မာနိုင်ငံတွင် အရည်အသွေးမြင့် ပညာရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ရေအရင်းအမြစ်သန့်ရှင်းရေးစသည့် ပြည်သူ့အကျိုးပြု နယ်ပယ်တွင် စီမံကိန်းများစွာ ဖော်ဆောင်ခဲ့ခြင်းကို ချီးကျူးလိုက်ပြီး ဖောင်ဒေးရှင်းမှ လုပ်ဆောင်သည့်လုပ်ငန်းများသည် တရုတ်နိုင်ငံနယ်ပယ်အသီးသီးအနေဖြင့် မြန်မာနိုင်ငံ ပြည်သူများ လူနေမှုဘဝအကျိုးပြုမှုအား ဂရုပြုထောက်ခံအားပေးမှု၏ ပုံရိပ်ငယ်ဖြစ်ကြောင်း ၊ ကြာရှည်သည့်ကာလအတွင်း၌ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ ဆေးရုံ၊ စာသင်ကျောင်း၊ အားကစားရုံများကို ကူညီတည်ဆောက်ပေးခဲ့ပြီး တရုတ်-မြန်မာချစ်ကြည်ရေး ပညာသင်ထောက်ပံ့ဆုများချီးမြှင့်ကာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးစီမံကိန်းများဖော်ဆောင်ခဲ့ကြောင်း ၊ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံက မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ကူညီမှုများ တက်တက်ကြွကြွပေးခဲ့ပြီး မြန်မာပြည်သူများအတွက် အသက်ကျန်းမာရေး ကာကွယ်ရေးလိုင်း တည်ဆောက်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

မကြာသေးမီက အောင်မြင်စွာ ကျင်းပပြီးစီးသွားသည့် တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံတွင် အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က ပြည်သူကိုဗဟိုပြုသည့် ဖွံ့ဖြိုးတိုးတက်မှုအတွေးအခေါ်ကို စွဲမြဲစွာကိုင်စွဲ၍ ခေတ်မီတည်ဆောက်မှုရလဒ်ကို ပြည်သူတစ်ရပ်လုံးထံ ပိုမိုတရားမျှတစွာ အကျိုးပြုစေပြီး တစ်ချိန်တည်းတွင် နိုင်ငံအသီးသီးရှိ ပြည်သူများ၏ ယေဘုယျဂရုပြုမှုကိုလည်း တုံ့ပြန်ကာ လူသားတို့ရင်ဆိုင်ရမည့် ဘုံပြဿနာများဖြေရှင်းရေးအတွက် အကျိုးထမ်းဆောင်ပေးရမည်ဟု အကြိမ်များစွာ အလေးထားပြောကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ဆွေမျိုးပေါက်ဖော်ညီအစ်ကိုနှင့် ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက မြန်မာပြည်သူတစ်ရပ်လုံးအပေါ် ချစ်ကြည်ရင်းနှီးသည့် မူဝါဒကို အမြဲတစေကိုင်စွဲထားပြီး မြန်မာပြည်သူများနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ အတူမျှဝေကြောင်း၊ မိမိတို့သည် မြန်မာနိုင်ငံနှင့်အတူ သမ္မတကြီး ရှီကျင့်ဖိန်၏ မြန်မာနိုင်ငံခရီးစဉ်သဘောတူညီချက်များကို ဆက်လက်တက်တက်ကြွကြွ အကောင်အထည်ဖော်ကာ တရုတ်ပုံစံခေတ်မီမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအသစ်ဖြင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးအတွက် အခွင့်အလမ်းအသစ်များ ထောက်ပံ့ပေးကာ “Belt and Road” နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ အတူတည်ဆောက်မှုကို အဓိကထားခြင်းဖြင့် နယ်ပယ်အသီးသီးလက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကိုနက်ရှိုင်းစေကာ တရုတ်-မြန်မာချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုရလဒ်ကို နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်စွာ အကျိုးပြုစေမည်ဖြစ်ကြောင်း သံမှူးကြီး Ms. Cao Jing က ထည့်သွင်းပြောကြားခဲ့သည်။


မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၇၀ ကျော်အတွင်း၌ နှစ်နိုင်ငံသည် အပြန်အလှန်လေးစားကာ အပြန်အလှန် ထောက်ခံအားပေးပြီး ဆွေမျိုးပေါက်ဖော်သံယောဇဉ် နက်ရှိုင်းလှကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား ကူညီမှုအများအပြားပေးခဲ့ကြောင်း၊ CFRD ဖောင်ဒေးရှင်း၏ စီမံကိန်း ၁၄ ခုသည် မြန်မာပြည်သူပေါင်း ၄၉၀,၀၀၀ ကျော်ကို အကျိုးခံစားရစေကြောင်း၊ တရုတ်ပြည်သူများက မြန်မာပြည်သူများအပေါ်ထားရှိသည့် နက်ရှိုင်းသောသံယောဇဉ်ကို ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ ရင်းနှီးစွာပူးပေါင်းဆောင်ရွက်၍ မြန်မာပြည်သူများအတွက် ပိုမိုသာယာလှပသောအနာဂတ်များ ဖန်တီးပေးလိုကြောင်းပြောကြားခဲ့သည်။

ယင်းအခမ်းအနားတွင် ပွဲတက်လာသော ဧည့်သည်တော်များက မြန်မာကျောင်းသား/ကျောင်းသူများအတွက် Panda Pack များချီးမြှင့်ခဲ့ကြပြီး ကလေးများက သီချင်း၊ အကများဖြင့် တရုတ်စေတနာရှင်များအပေါ် ကျေးဇူးတင်ရှိမှုကို ဖော်ပြခဲ့ကြကြောင်း သိရသည်။ (Xinhua)