Connect with us

China

“ကျိန့်ဟော်” ပင်လယ်ရေကြောင်း-ကုန်းလမ်း-ရထားလမ်း နိုင်ငံတကာ ပုံစံမျိုးစုံ ပူးတွဲပို့ဆောင်ရေး ရထားတွဲ ကူမင်းမြို့မှ ပထမဆုံးအကြိမ် ထွက်ခွာ

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ ထိန်ကျွင့် နိုင်ငံတကာ ကုန်းတွင်းဆိပ်ကမ်း ကုန်းလမ်း-ရထားလမ်း ပူးတွဲပို့ဆောင်ရေးစင်တာ၌ စတင်ထွက်ခွာရန် စောင့်ဆိုင်းနေသော “ကျိန့်ဟော်” ပင်လယ်ရေကြောင်း-ကုန်းလမ်း-ရထားလမ်း နိုင်ငံတကာ ပုံစံမျိုးစုံ ပူးတွဲပို့ဆောင်ရေး ရထားတွဲအား ဇူလိုင် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)
“ကျိန့်ဟော်” ပင်လယ်ရေကြောင်း-ကုန်းလမ်း-ရထားလမ်း နိုင်ငံတကာ ပုံစံမျိုးစုံ ပူးတွဲပို့ဆောင်ရေး ပထမဆုံးရထားတွဲသည် ဇူလိုင် ၄ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ ထိန်ကျွင့် နိုင်ငံတကာ ကုန်းတွင်းဆိပ်ကမ်း ကုန်းလမ်း-ရထားလမ်း ပူးတွဲပို့ဆောင်ရေးစင်တာမှ စတင်ထွက်ခွာခဲ့သည်။ ကုန်ပစ္စည်းများသည် တရုတ်-လာအိုရထားလမ်းမှတစ်ဆင့် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ ရောက်ရှိပြီးနောက် လမ်းကြောင်းသုံးကြောင်းခွဲကာ ထိုင်း၊ စင်ကာပူနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ပို့ဆောင်ရောက်ရှိမည် ဖြစ်သဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့အထိ လမ်းကြောင်းအသစ်အား ဖွင့်လှစ်လိုက်မည်ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ ထိန်ကျွင့် နိုင်ငံတကာ ကုန်းတွင်းဆိပ်ကမ်း ကုန်းလမ်း-ရထားလမ်း ပူးတွဲပို့ဆောင်ရေးစင်တာ၌ စတင်ထွက်ခွာရန် စောင့်ဆိုင်းနေသော “ကျိန့်ဟော်” ပင်လယ်ရေကြောင်း-ကုန်းလမ်း-ရထားလမ်း နိုင်ငံတကာ ပုံစံမျိုးစုံ ပူးတွဲပို့ဆောင်ရေး ရထားတွဲအား ဇူလိုင် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ ထိန်ကျွင့် နိုင်ငံတကာ ကုန်းတွင်းဆိပ်ကမ်း ကုန်းလမ်း-ရထားလမ်း ပူးတွဲပို့ဆောင်ရေးစင်တာ၌ “ကျိန့်ဟော်” ပင်လယ်ရေကြောင်း-ကုန်းလမ်း-ရထားလမ်း နိုင်ငံတကာ ပုံစံမျိုးစုံ ပူးတွဲပို့ဆောင်ရေး ရထားတွဲ မထွက်ခွာခင် ဝန်ထမ်းများက စစ်ဆေးနေသည်ကို ဇူလိုင် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ ထိန်ကျွင့် နိုင်ငံတကာ ကုန်းတွင်းဆိပ်ကမ်း ကုန်းလမ်း-ရထားလမ်း ပူးတွဲပို့ဆောင်ရေးစင်တာမှ အဆင်ပြေစွာ ထွက်ခွာသွားသော “ကျိန့်ဟော်” ပင်လယ်ရေကြောင်း-ကုန်းလမ်း-ရထားလမ်း နိုင်ငံတကာ ပုံစံမျိုးစုံ ပူးတွဲပို့ဆောင်ရေး ရထားတွဲအား ဇူလိုင် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

————————–
(Chinese Version)
“郑和号”海公铁国际多式联运班列从昆明首发
新华社照片,昆明,2025年7月4日
当日下午,“郑和号”海公铁国际多式联运班列首发列车从云南省昆明市腾俊国际陆港公铁联运中心发车,货物经中老铁路抵达老挝万象后再分成三条线路,分别运至泰国、新加坡和孟加拉国,开辟了中国昆明至孟加拉国吉大港的全新路线。
1、2:7月4日,“郑和号”海公铁国际多式联运班列首发列车在昆明市腾俊国际陆港公铁联运中心等候发车。 新华社发(彭奕凯 摄)
3:7月4日,工人在发车前对“郑和号”海公铁国际多式联运班列首发列车进行检查。新华社发(彭奕凯 摄)
4:7月4日,“郑和号”海公铁国际多式联运班列首发列车从昆明市腾俊国际陆港公铁联运中心顺利发车(无人机照片)。新华社发(彭奕凯 摄)