Connect with us

China

စမတ်စက်ရုံပျိုးထောင်ခြင်းဖြင့် ထုတ်လုပ်မှုလုပ်ငန်းဒစ်ဂျစ်တယ်အသွင်ပြောင်းရေးကို မြှင့်တင်ပေး

တရုတ်နိုင်ငံ Lenovo ထျန်းကျင်း ကာဗွန်ကင်းစင်ရေး စမတ်စက်ရုံ စမ်းသပ်ဇုန်တွင် ဝန်ထမ်းများက အလိုအလျောက်စက်ပစ္စည်းများအား စစ်ဆေးကြည့်ရှုနေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)
ယခုနှစ်များတွင် တရုတ်နိုင်ငံ ထျန်းကျင်းမြို့သည် ဒစ်ဂျစ်တယ်အသွင်၊ စမတ်အသွင် စွမ်းရည်ပံ့ပိုးမှုကို အခိုင်အမာ ဆောင်ရွက်လျက်ရှိရာ စမတ်စက်ရုံအား လှေကားထစ်ပုံစံတစ်ဆင့်ချင်းပျိုးထောင်မှုမှတစ်ဆင့် ဒစ်ဂျစ်တယ် စီးပွားရေးနှင့် လက်တွေ့စီးပွားရေး နက်ရှိုင်းစွာ ပေါင်းစည်းမှုကို အရှိန်မြှင့်တင် လုပ်ဆောင်ခဲ့သည်။

လက်ရှိအချိန်အထိ ထျန်းကျင်းမြို့တွင် ပျိုးထောင်ထားသည့် စမတ်စက်ရုံနှင့် ဒစ်ဂျစ်တယ်အသွင် အလုပ်ရုံ စုစုပေါင်း ၄၀၀ ရှိရာ ၎င်းတို့အနက် ၉ ခုမှာ နိုင်ငံတော်မှ ပထမအသုတ်ခွင့်ပြုထားသည့် ထူးချွန်အဆင့် စမတ်စက်ရုံများ ဖြစ်ကြသည်။

ယခုနှစ်တွင် ထျန်းကျင်းမြို့သည် ရှေ့ပြေးအဆင့်နှင့်အထက်ရှိသော စမတ်စက်ရုံပေါင်း ၁၀၀ ထက်မနည်းကို ပျိုးထောင်ပေးမည် ဖြစ်ပြီး ထုတ်လုပ်မှုလုပ်ငန်း ဒစ်ဂျစ်တယ်အသွင်ပြောင်းရေးကို ဆက်လက်တွန်းအားပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ Lenovo ထျန်းကျင်း ကာဗွန်ကင်းစင်ရေး စမတ်စက်ရုံ လက်ပ်တော့စမ်းသပ်ဇုန်တစ်နေရာအား ၂၀၂၅ ခုနှစ် ဇူလိုင် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ Lenovo ထျန်းကျင်း ကာဗွန်ကင်းစင်ရေး စမတ်စက်ရုံ လက်ပ်တော့စမ်းသပ်ဇုန်တစ်နေရာအား ၂၀၂၅ ခုနှစ် ဇူလိုင် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————-
(Chinese Version)
培育智能工厂 促进制造业数字化转型
新华社照片,天津,2025年7月7日
近年来,天津坚持数字化智能化赋能,通过梯度培育智能工厂,加快促进数字经济与实体经济深度融合。截至目前,天津市累计培育智能工厂和数字化车间400个,其中9家入选国家首批卓越级智能工厂。今年,天津市还将新培育不少于100家先进级以上智能工厂,持续推动制造业数字化转型。
1.7月4日,工作人员在联想天津零碳智造工厂测试区检查自动化设备。新华社记者 赵子硕 摄
2. 这是7月4日拍摄的联想天津零碳智造工厂笔记本测试区一角。新华社记者 赵子硕 摄