Connect with us

China

လီချန်နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala တို့ ဒေသစံတော်ချိန် ဇူလိုင် ၇ ရက်တွင် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့၌ နှင့် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့၌ ဒေသစံတော်ချိန် ဇူလိုင် ၇ ရက်တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် လီချန်က လက်ရှိကမ္ဘာ့ကုန်သွယ်ရေးအခြေအနေသည် အလွန်ကြီးမားသော ပြောင်းလဲမှု ဖြစ်ပွားလျက်ရှိကြောင်း၊ တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒတို့ ပိုမိုဆိုးရွားလာလျက်ရှိပြီး နိုင်ငံတကာ ကုန်သွယ်စီးပွား စည်းစနစ်သည် ဆိုးရွားစွာ ထိုးနှက်မှုခံရကာ ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံအသီးသီးက အလွန်ကြီးမားသော စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရကြောင်း၊ ထိုကဲ့သို့သော နောက်ခံအခြေအနေတွင် နိုင်ငံတကာအသိုက်အဝန်းက နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို ကာကွယ်ထိန်းသိမ်းရန်အတွက် တိုက်တွန်းသံများ ပိုမိုပြင်းထန်လာပြီး WTO အနေဖြင့် ပိုမိုအပြုသဘောဆောင်သော အခန်းကဏ္ဍမှပါဝင်ရန် မျှော်လင့်ချက်များ တစ်နေ့တခြား မြင့်တက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။

စီးပွားရေး ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းခြင်းသည် နောက်ပြန်လှည့်၍မရသည့် သမိုင်းရေစီးကြောင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒ၊ လွတ်လပ်စွာ ကုန်သွယ်ရေးအား အစဉ်အမြဲ လက်တွေ့ဖော်ဆောင်ပြီး ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ ကြိုးပမ်း၍ ကမ္ဘာ့စီးပွားရေး မှန်ကန်သောလမ်းကြောင်းပေါ်သို့ ဆောလျင်စွာ ပြန်လည်ရောက်ရှိရန် တွန်းအားပေးသွားလိုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် WTO ပြုပြင်ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်တက်ကြွစွာ ပံ့ပိုးပေး၍ WTO ၏ ဩဇာအရှိန်အဝါ ပြန်လည်တိုးတက်စေရန်၊ ကုန်သွယ်ရေးစည်းမျဉ်း ပြည့်စုံကောင်းမွန်မှုအား လျင်မြန်စွာဖော်ဆောင်ရန်၊ WTO ၁၄ ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေး အောင်မြင်ကာ ပိုမိုများပြားသော လက်တွေ့ရလဒ်များ ရရှိစေရန် တွန်းအားပေးသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ပြင်ပမှ အကျိုးမရှိသော သက်ရောက်မှုများအား အတိုက်အခံပြုလုပ်ရန် ပြည့်ဝသော အရင်းအမြစ်နှင့် နည်းလမ်းများရှိသလို မိမိ၏စီးပွားရေး စဉ်ဆက်မပြတ် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာမှုကို တွန်းအားပေးရန်လည်း ယုံကြည်ချက်နှင့် စွမ်းရည်ရှိကြောင်း လီချန်က ထောက်ပြ ပြောကြားခဲ့သည်။

ယခုနှစ်တွင် မိမိတို့သည် ပိုမိုတက်ကြွ၍ အပြုသဘောဆောင်သည့် မက်ခရိုစီးပွားရေးမူဝါဒကို ကျင့်သုံးကာ ပြည်တွင်းဝယ်လိုအား တိုးချဲ့သည့် မဟာဗျူဟာအား တွန်းအားပေးဖော်ဆောင်ပြီး စားသုံးမှုမြှင့်တင်ရေး သီးသန့်လှုပ်ရှားမှုများ လုပ်ဆောင်သွားမည်ဖြစ်ရာ လူဦးရေ သန်း ၁,၄၀၀ ကျော်ရှိသည့် ပမာဏ အလွန်ကြီးမားသောဈေးကွက်သည် ဧရာမကြီးမားသောဝယ်လိုအားကို စဉ်ဆက်မပြတ် ထုတ်လွှတ်သွားမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပို၍ကိုယ်ပိုင်ရပ်တည်ကာ တံခါးဖွင့်လှစ်သော၊ တစ်ဖက်သတ် တံခါးဖွင့်လှစ်သော အစီအမံများစွာကို မိတ်ဆက်ပေးကာ WTO ၏ အခြေခံမူနှင့် ဈေးကွက်စည်းမျဉ်းများအား တင်းကျပ်စွာလိုက်နာပြီး နိုင်ငံအသီးသီးနှင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို ဆက်လက်မျှဝေခြင်းဖြင့် ကမ္ဘာ့ကြီးအတွက် အပြုသဘောအင်အားများ ဖြည့်တင်းပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Ngozi Okonjo-Iweala က လက်ရှိတွင် နိုင်ငံစုံကုန်သွယ်ရေးစနစ်သည် ထိုးနှက်မှုခံနေရပြီး ကမ္ဘာ့စီးပွားရေးနှင့် ကုန်သွယ်ရေးတိုးတက်မှုသည် ဆိုးရွားသောစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ WTO အဖွဲ့ဝင်နိုင်ငံများသည် တွေ့ဆုံဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ နိုင်ငံစုံ ကုန်သွယ်ရေးစနစ်အား ကာကွယ်ထိန်းသိမ်းခြင်းဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

WTO အနေဖြင့် တရုတ်နိုင်ငံက ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအပေါ် ကာလကြာရှည်စွာ ပံ့ပိုးမှုနှင့် ကူညီမှုအား များစွာ တန်ဖိုးထား၍ တရုတ်နိုင်ငံက နိုင်ငံစုံကုန်သွယ်ရေးစနစ်အတွင်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်မှုအား အပြုသဘောဆောင်စွာ ချီးကျူးကြောင်း၊ တရုတ်နိုင်ငံနှင့် အခြားအဖွဲ့ဝင်နိုင်ငံများအတူ WTO ၏ ပြုပြင်ပြောင်းလဲမှုအား တွန်းအားပေးကာ တံခါးဖွင့်၍ အားလုံးပါဝင်သော ကုန်သွယ်ရေးပတ်ဝန်းကျင်အား ဖန်တီးကာ ကမ္ဘာ့ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးပြန်လည်ဦးမော့လာမှုအတွက် အကျိုးရှိသော အခြေအနေ ဖန်တီးသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
李强会见世贸组织总干事伊维拉
新华社里约热内卢7月7日电(记者张天朗 吴昊)当地时间7月7日,国务院总理李强在里约热内卢会见世界贸易组织总干事伊维拉。
李强表示,当前世界贸易局势发生很大变化,单边主义、保护主义愈演愈烈,国际经贸秩序受到严重冲击,全球经济和各国发展面临巨大挑战。在这样的背景下,国际社会对维护多边贸易体制的呼声更加强烈,对世贸组织发挥更积极作用的期待日益上升。经济全球化是不可逆转的历史潮流。中方将一如既往践行和维护多边主义、自由贸易,愿同国际社会一道努力,推动世界经济早日重回正轨。中国将继续积极支持世贸组织改革发展,重振世贸组织权威,加快完善贸易规则,推动世贸组织第14届部长级会议取得成功,达成更多实际成果。
李强指出,中国有充足的资源和办法对冲外部不利影响,有信心有能力推动自身经济持续健康发展。今年我们实施更加积极有为的宏观政策,推进扩大内需战略,开展提振消费专项行动,14亿多人的超大规模市场将持续释放巨大需求。我们将推出更多自主开放和单边开放措施,严格遵守世贸组织原则和市场规则,继续与各国分享发展机遇,为世界注入正能量。
伊维拉表示,当前多边贸易体制受到冲击,全球经济和贸易增长面临严峻挑战。世贸组织成员应加强对话合作,维护多边贸易体制,促进可持续发展。世贸组织高度赞赏中国长期以来对最不发达国家提供的支持和帮助,积极评价中方在多边贸易体制中的重要作用,期待同中方及其他成员一道,推动世贸组织改革,营造开放包容贸易环境,为全球贸易发展和经济复苏创造有利条件。(完)
图说:当地时间7月7日,国务院总理李强在里约热内卢会见世界贸易组织总干事伊维拉。 新华社记者 王晔 摄