Connect with us

Culture & Entertainment

တရုတ်နိုင်ငံ လုံမန်ကျောက်လိုဏ်ဂူရှိ ဗုဒ္ဓရုပ်ပွားတော်၏ နှစ်ပေါင်း တစ်ထောင်ကျော်က အသွင်အပြင်အား နောက်ဆုံး ရှေးဟောင်းသုတေသနတွင် တွေ့ရှိရ

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် လုံမန် ကျောက်လိုဏ်ဂူ ဖုန့်ရှန်းဘုရားကျောင်းရှိ Vairocanaရုပ်ပွားတော်ကြီး၏ မျက်နှာတော်ကို သုတေသီများက လေ့လာနေစဉ်(ဆင်ဟွာ)

ကျိန့်ကျိုး၊ ဇွန် ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ လုံမန်ကျောက်လိုဏ်ဂူ ဖုန့်ရှန်းဘုရားကျောင်း၏ နောက်ဆုံး ရှေးဟောင်းသုတေသနရလဒ်များတွင် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်က Vairocana ဗုဒ္ဓရုပ်ပွားတော်ကြီး တည်ထားကိုးကွယ်စဉ် ကြည်ညိုသပ္ပါယ်ဖွယ် အသွင်အပြင်ကို ကနဦး သိရှိရကြောင်း လုံမန်ကျောက်လိုဏ်ဂူ သုတေသနဌာနမှ သိရသည်။အဆင့်မြင့်သိပ္ပံနည်းပညာကို အသုံးပြုလေ့လာခဲ့ရာတွင် ရှေးဟောင်းသုတေသီများက ပထမဆုံအကြိမ်အဖြစ် Vairocanaဗုဒ္ဓရုပ်ပွားတော်ကြီး၏ မျက်နှာတော်တွင် ရွှေနှင့်ငွေသတ္တုပါဝင်နေသည်ကို တွေ့ရှိရကြောင်း သိရသည်။
“ဒါက ဘာကိုဆိုလိုလဲဆိုတော့ ဗုဒ္ဓရုပ်ပွားတော်ကြီးကို တည်ထားစဉ်က ရွှေသင်္ကန်းကပ်သည့် အနုလက်ရာကို သုံးခဲ့ဟန်ရှိတယ်”ဟု လုံမန်ကျောက်လိုဏ်ဂူ သုတေသနဌာန ဌာနမှူး စီကျားကျန်းက ဆိုသည်။

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် လုံမန် ကျောက်လိုဏ်ဂူ ဖုန့်ရှန်းဘုရားကျောင်းရှိ ဘုရားလောင်းရုပ်တုတော်၏ ဘယ်ဘက်မျက်ဆံတော်အား တွေ့ရစဉ်(ဆင်ဟွာ)

Vairocanaဗုဒ္ဓရုပ်ပွားတော်၏ ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရောင်၊ အနီရောင်နှင့်အနက်ရောင်စသည့် ရောင်စုံ ကြွင်းကျန်ရစ်မှုများကို ရှေးဟောင်းသုတေသီများက တွေ့ရှိရရာ ၎င်း၏လက်ရာမှာ ထန်မင်းဆက်ခေတ်တွင် သင်္ကန်းအဖြစ် ဆေးခြယ် တည်ထားကိုးကွယ်ခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် လုံမန် ကျောက်လိုဏ်ဂူ ဖုန့်ရှန်းဘုရားကျောင်းရှိ ဘုရားလောင်းရုပ်တုတော်၏ ညာဘက်မျက်စေ့ ၊ မျက်ခွံတော်ရှိ အဖြူရောင်အရာဝတ္တု ခဲဖြူများကို တွေ့ရစဉ်(ဆင်ဟွာ)

ထို့အပြင် Vairocanaဗုဒ္ဓရုပ်ပွားတော်အား ဝန်းရံထားသော လက်ယာဘက်ရှိ ဘုရားလောင်းရုပ်တုတော်၏ မျက်လုံးတွင်လည်း ဆီလီကာနှင့်ခဲပါဝင်သော ရှေးဟောင်း ဖန်လုံးသဏ္ဍာန် စဉ့်သားဖြင့် ပြုလုပ်ထားသော မျက်ဆံတော်ကို တွေ့ရှိရပြီး မျဉ်းကွေးသဏ္ဍာန်ရှိသော မျက်ဆံတော်၏အထူသည် ၀.၅ စင်တီမီတာခန့် ရှိသည်။ ၎င်းအနက် ညာဖက် မျက်ဆံတော်သည် တစ်ခုလုံးအပြည့်ရှိသော်လည်း ဘယ်ဘက်မျက်ဆံတော်သည် စဉ့်အုတ်ချပ်နှစ်ချပ်ကိုဆက်ထားခြင်း ဖြစ်ပြီး လက်ရှိ အပြင်ဘက်တစ်ခြမ်းသာ ကျန်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

“သန့်စင်လိုက်တော့ မျက်ဆံတော်ရဲ့အရောင်က စိမ်းညိုရောင်၊ အရည်အသွေးတစ်ပြေးညီဖြစ်ပြီး အရောင်တောက်လာတာကို တွေ့ရတယ်”ဟု လုံမန် ကျောက်လိုဏ်ဂူ သုတေသနဌာန ကျောက်လိုဏ်ဂူထိန်းသိမ်းရေးသုတေသနစင်တာ ညွှန်ကြားရေးမှု မာကျောင်းလုံက ပြောသည်။ ဖုန့်ရှန်းဘုရားကျောင်းရုပ်တုတော်တွင် ထန်မင်းဆက်ခေတ် စဉ့်သားအရာဝတ္ထုကို တွေ့ရန်အလွန် ခဲယဉ်းကြောင်း ၎င်းက ဆိုသည်။

ယင်း ဘုရားလောင်းရုပ်တုတော်၏ မျက်လုံးတော် နှစ်ဖက်မှာ တူညီမှုမရှိသည်ကို ဂရုပြုဖွယ်ရာ ဖြစ်ကြောင်း၊ ကနဦး သုံးသပ်လေ့လာချက်များအရ ရုပ်တုထွင်းသူက ယင်းရုပ်တုကို Vairocanaဗုဒ္ဓရုပ်ပွားတော်အား ဝန်းရံဖူးမျှော်သည့်အနေအထား သရုပ်ဖော်လိုခြင်းကြောင့် ဖြစ်မည်ဟု ယူဆရကြောင်း ၊ ၎င်းမှာ ရှေးလူများ၏ ပန်းပုလက်ရာ မြင့်မားသည့်အဆင်အတန်းရှိကြောင်းကို ဖော်ပြနေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုပ်တုတွင်ပင် သုတေသီများက အထူအပါး မျှခြေရှိသော အဖြူရောင်အရာဝတ္တုများကို တွေ့ရှိခဲ့သည်။ လေ့လာတွေ့ရှိချက်များအရ ၎င်းမှာ ခဲဖြူ ဖြစ်ပြီး ရွှေဆိုင်းကပ်၊အရောင်ဆိုးရာ၌ အရောင်စွဲ ၊အရောင်တင် စေရန်၊ သဘာဝဥတုဒဏ်ကို ခံနိုင်ရန် အသုံးပြုခြင်း ဖြစ်သည်ကို တွေ့ရှိရသည်။

“ခဲဖြူတွေ အများကြီး တွေ့ရှိရတာက လုံမန်ကျောက်လိုဏ်ဂူရဲ့ ပန်းချီဆေးချယ် ၊ ရွှေသားချခြင်း ရိုးရာအနုပညာလက်ရာနဲ့ ပစ္စည်းများကို ကာကွယ်ထိန်းသိမ်းမှု သုတေသနပြုရာမှာ အရေးကြီးတဲ့ အချက်အလက်ဖြစ်တယ် ” မာကျောင်းလုံက ပြောကြားခဲ့သည်။

ရုပ်တု ထွင်းထုပုံအရ Vairocanaဗုဒ္ဓရုပ်ပွားတော်ကြီးကို တည်ထားစဉ်က ဘုရားလောင်းရုပ်တုတော်၏ မျက်စိတော်ပုံသဏ္ဍာန်နှင့်ဆင်တူ ထွင်းထုခဲ့ခြင်း ဖြစ်နိုင်ကြောင်း သုတေသီများက ခန့်မှန်းကြသည်။ လက်ရှိ Vairocanaဗုဒ္ဓရုပ်ပွားတော်ကြီးတွင် မျက်ဆံတော်မရှိခြင်းက နောက်ပိုင်းအတွင် အကြောင်းကြောင်းကြောင့် ဖြစ်နိုင်ကြောင်း ဆိုသည်။

“ရုပ်ပွားတော်၊ ရုပ်တုတော်တွေမှာ ရွှေ၊ငွေ သတ္တု တွေ့ရခြင်း၊ ပန်းချီဆေးခြယ်မှုနဲ့ စဉ့်သားဖြင့် ပြုလုပ်သော မျက်ဆံတော် တွေ့ရှိရခြင်းက လုံမန်ကျောက်လိုဏ်ဂူ ဖုန့်ရှန်းဘုရားကျောင်း ရုပ်တုတော်တွေရဲ့ အပြင်အဆင်ထူးခြားချက်၊ တည်ထားတဲ့ လက်ရာနဲ့ သမိုင်းကို ထိန်းသိမ်းရာမှာ အဓိပ္ပါယ်လေးနက်မှု ရှိတယ်”ဟု စီကျားကျန်းက ပြောသည်။ (Xinhua)

——————————
(Chinese Version)

龙门石窟最新考古发现,揭开卢舍那大佛千年前“风华”
2022-05-29 16:34:57 分类: 社会
图片轮播
金箔贴面、琉璃作眼、身覆彩绘……记者从龙门石窟研究院获悉,龙门石窟奉先寺最新考古成果,让一千多年前卢舍那大佛建成时的华丽样貌初露端倪。
借助高科技手段,考古人员首次在卢舍那大佛面部检测到金、银元素存在。“这表明在建造卢舍那大佛时,很可能使用了‘贴金’工艺。” 龙门石窟研究院院长史家珍说。
考古人员在对龙门石窟奉先寺卢舍那大佛面部进行检测。
在卢舍那大佛身体表面,考古人员还发现了绿色、红色、黑色等彩绘颜料残留,表明这一造像在唐代时很可能身披彩色“衣服”。
此外,考古人员还在卢舍那大佛右侧胁侍普贤菩萨造像的眼睛处,发现了成分为二氧化硅和铅的古代琉璃眼珠,呈弧形片状,厚度约0.5厘米。其中,右眼眼珠为一整块琉璃,左眼眼珠则是由两块琉璃拼合而成,目前只残留外侧一半。
“清理后可以看出,琉璃颜色呈暗绿色,质地均匀,熠熠闪光。”据龙门石窟研究院石窟保护研究中心主任马朝龙介绍,奉先寺造像保存大块片状唐代琉璃实物,实属罕见。
这是龙门石窟奉先寺普贤菩萨造像左眼眼珠断面。
值得一提的是,普贤菩萨造像双眼并不对称,初步分析,应是开凿者考虑到透视效果,为体现普贤菩萨胁侍卢舍那大佛、身形略微向左转动而有意为之,反映出古人高超的雕塑水平。
在普贤菩萨造像表面,考古人员还发现了厚度均匀的白色物质,经分析,其成分主要为铅白,不仅有助于颜料附着、金箔黏结,也在抵御自然风化方面发挥了一定作用。
“铅白的大量发现,为龙门石窟彩绘镀金传统工艺的研究、保护材料的研发,提供了重要资料。”马朝龙说。
这是龙门石窟奉先寺普贤菩萨造像右眼现状,眼皮上残留的白色物质为铅白。
而通过观察造像开凿方式,考古人员推断卢舍那大佛在建造时具有与普贤菩萨造像相似的眼睛结构。目前卢舍那大佛双眼内无眼珠,很可能是后期缺失所致。
“金、银元素,彩绘颜料及琉璃眼珠的发现,对于研究龙门石窟奉先寺造像的装饰特点、制作工艺及保护历史都具有重要意义。”史家珍说。
记者:桂娟、袁月明
编辑:初杭、栾若卉
图片由龙门石窟研究院提供