Connect with us

International Organizations

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် လက်တွေ့ကျသော လုပ်ဆောင်မှုဖြင့် ပါလက်စတိုင်းအရေး ဖြေရှင်းရန် တွန်းအားပေးသင့်ကြောင်း တရုတ်တိုက်တွန်း

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းက သြဂုတ် ၂၅ ရက်တွင် ပြုလုပ်သော အရှေ့အလယ်ပိုင်း ပါလက်စတိုင်းအရေးဆိုင်ရာ လုံခြုံရေးကောင်စီ တံခါးဖွင့်ဆွေးနွေးပွဲအတွင်း ပါဝင်ပြောကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် လက်တွေ့ကျသော လုပ်ဆောင်ချက်များဖြင့် ပါလက်စတိုင်းအရေး ဖြေရှင်းရန်နှင့် မှန်ကန်သော လမ်းကြောင်းပေါ်သို့ အမြန်ဆုံးပြန်လည်ရောက်ရှိရန် တွန်းအားပေးသင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းက သြဂုတ် ၂၅ ရက်တွင် ပြုလုပ်သော အရှေ့အလယ်ပိုင်း ပါလက်စတိုင်းအရေးဆိုင်ရာ လုံခြုံရေးကောင်စီ တံခါးဖွင့်ဆွေးနွေးပွဲအတွင်း တိုက်တွန်းပြောကြားခဲ့သည်။

ပြီးခဲ့သည့်လအတွင်း သိမ်းပိုက်ခံထားရသည့် ပါလက်စတိုင်းနယ်မြေ မငြိမ်မသက်ဖြစ်ပွားမှု အခြေအနေကို ကမ္ဘာ့တစ်ဝန်းလုံးက အာရုံစိုက်နေကြောင်း ကျန်းကျွင်းက ဆိုသည်။ ဩဂုတ်လအစောပိုင်းတွင်ဖြစ်ပွားခဲ့သည့် ဂါဇာပဋိပက္ခအတွင်း အရပ်သားပေါင်း ရာနှင့်ချီသေဆုံး၍ ထိခိုက်ဒဏ်ရာရပြီး အခြေခံအဆောက်အအုံ အများအပြား ပျက်စီးခဲ့မှုသည် စစ်ပွဲဖြစ်လုနီးပါးအခြေအနေသို့ ထပ်မံတွန်းပို့ခဲ့ကြောင်း၊ ယခုအရေးတကြီး ဆောင်ရွက်သင့်သည်မှာ သက်ဆိုင်ရာအဖွဲ့များအား အပစ်အခတ်ရပ်စဲရေးကို လက်တွေ့ကျကျ လိုက်နာရန်၊ ထိန်းထိန်းသိမ်းသိမ်းဖြင့် ဂါဇာအခြေအနေကို အမြန်ဆုံးပြန်လည်တည်ငြိမ်စေရန် တွန်းအားပေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ကဏ္ဍအသီးသီးမှ သံတမန်ရေးရာ ကြိုးပမ်းမှုများကိုလည်း ဆက်လက်လုပ်ဆောင်သင့်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)
…………………………………………

(Chinese Version)
中国代表呼吁国际社会采取切实行动促进巴勒斯坦问题的解决
新华社联合国8月25日电中国常驻联合国代表张军25日在安理会中东巴勒斯坦问题公开会上发言,呼吁国际社会采取切实行动,推动巴勒斯坦问题的解决早日重回正确轨道。
张军说,近一个月来,巴勒斯坦被占领土动荡局势牵动着全世界的神经。8月初的加沙冲突造成数百名平民伤亡和大量基础设施破坏,再一次将局势推向战争边缘。当务之急是推动有关各方切实遵守停火,保持克制,使加沙局势尽早恢复全面平静。各个方向上的外交努力都应当持续下去。
图说 – 8月25日,在位于纽约的联合国总部,中国常驻联合国代表张军(中)在安理会中东巴勒斯坦问题公开会上发言。新华社记者谢锷摄